Spots news

သီယာဂိုရဲ့ နေရာမှာအစားထိုးဖို့ ဒီလစ်ကို မြင့်မားတဲ့ ဈေးနဲ့ ခေါ်ယူဖို့ ပြင်ထားတဲ့ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ခံစစ်မှူးတဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂျူဗင်တပ်အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ နယ်သာလန် နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူပါ။

ဒီလစ်ဟာ လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ ရုန်းကန်နေရတဲ့ အခြေအနေတွေကြောင့် အသင်းကို စွန့်ခွာဖို့ စဉ်းစားနေတာ ဖြစ်ကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ဒီလစ် တယောက် တူရင်မြေမှာ ဆက်ရှိနေဖို့ မသေချာကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အတည်ပြုထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း ခံစစ်မှူးတဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ ဒီလစ်ကို သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၁၀သန်း ဝန်းကျင် အထိ သုံးစွဲဖို့ အသင့်ရှိနေကြောင်းနဲ့ ရိုင်းအိုလာဆီ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်း ကတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဒီလစ်ကို ခေါ်ယူစဉ်က သူတို့အသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေး တရပ်ကို ရပါက ဒီလစ်ကို ရောင်းချဖို့ စဉ်းစားနိုင်ကြောင်း ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေကလည်း ဆိုထားကြပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ ဝါရင့္ ခံစစ္မႉး သီယာဂို ေဆးလ္ဗားရဲ႕ေနရာကို အစားဝင္နိုင္မယ့္ ထိပ္တန္း ခံစစ္မႉးတဦးကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဂ်ဴဗင္တပ္အသင္းနဲ႕ အနာဂတ္ မေရမရာ ျဖစ္ေနတဲ့ နယ္သာလန္ ေနာက္ခံလူ ဒီလစ္ကို ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း နာမည္ႀကီး ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

နယ္သာလန္ လက္ေ႐ြးစင္ ခံစစ္မႉး ဒီလစ္ဟာ လက္ရွိ ဥေရာပရဲ႕ အေကာင္းဆုံး ဗဟိုခံစစ္မႉးေတြထဲက တဦး ျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၃ႏွစ္ အထိ က်န္ရွိေနေသးေပမယ့္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနသူပါ။

ဒီလစ္ဟာ လက္ရွိ ဂ်ဴဗင္တပ္အသင္းရဲ႕ ႐ုန္းကန္ေနရတဲ့ အေျခအေနေတြေၾကာင့္ အသင္းကို စြန႔္ခြာဖို႔ စဥ္းစားေနတာ ျဖစ္ကာ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာကလည္း ဒီလစ္ တေယာက္ တူရင္ေျမမွာ ဆက္ရွိေနဖို႔ မေသခ်ာေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အတည္ျပဳထားပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ထိပ္တန္း ခံစစ္မႉးတဦးကို ေခၚယူဖို႔ စီစဥ္ထားရာ ဒီလစ္ကို သူတို႔အသင္းရဲ႕ နံပါတ္တစ္ပစ္မွတ္ အျဖစ္ သတ္မွတ္ထားၿပီး ဒီလစ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၁၀သန္း ဝန္းက်င္ အထိ သုံးစြဲဖို႔ အသင့္ရွိေနေၾကာင္းနဲ႕ ရိုင္းအိုလာဆီ ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

ဂ်ဴဗင္တပ္အသင္း ကေတာ့ ဘ႑ာေရး အၾကပ္အတည္းေတြနဲ႕ ႀကဳံေတြ႕ေနရတာေၾကာင့္ ဒီလစ္ကို ေခၚယူစဥ္က သူတို႔အသင္း ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၅သန္းထက္ ပိုမိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး တရပ္ကို ရပါက ဒီလစ္ကို ေရာင္းခ်ဖိဳ႕ စဥ္းစားနိုင္ေၾကာင္း ဂ်ဴဗင္တပ္အသင္းနဲ႕ နီးစပ္သူေတြကလည္း ဆိုထားၾကပါတယ္။