Spots news

ပင်နယ်တီမ‌ပေးတဲ့ ဒိုင်တွေကိုပဲ အပြစ်မြင်တဲ့ ကြည့်ကျက်ကန် ကစားကွက်ပိုင်ရှင် ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ပွဲစဥ် အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကို ဧည့်ခံကစားခဲ့ရပြီး တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ကာ စောစောစီးစီး ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပါတယ်။

ဝက်စ်ဟမ်းဘက်က လန်ဇီနီရဲ့ အစောပိုင်း သွင်းဂိုးနဲ့အတူ အိုးလ်ထရပ်ဖိုဒ့်မှာ ယူနိုက်တက်ကို စတင် ဦးဆောင်ခဲ့တယ်။ မန်နေဂျာဆိုးလ်ရှားက ဒုတိယပိုင်းမှာ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ်တို့ကိုပါ ထည့်သွင်းခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၃ ကြိမ်ထိ ရှိခဲ့ပေမယ့် သွင်းဂိုး ပြန်မရခဲ့တာဖြစ်ပါတယ်။

အခုတော့ ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့တဲ့နောက် ဆုဖလားတွေဆွတ်ခူးပြဖို့ ရုန်းကန် နေခဲ့ရတဲ့ ဆိုးလ်ရှားက အဆုံးသတ် ညံ့ဖျင်းခဲ့တဲ့ အသင်းသားတွေကို အပြစ်တင်ခြင်း မပြုလုပ်ခဲ့ပဲ  ယူနိုက်တက် ကစားသမားတွေ ကြိုးစားခဲ့ကြကြောင်း ဆင်ခြေတွေ ပေးခဲ့ပြီး ပေးသင့်တဲ့ ပင်နယ်တီတွေကို မရရှိခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

” ကျွန်တော်တို့ဟာ ပြိုင်ဖက်အသင်းကို ဖိအားတွေ ခံစားသွားရအောင် လုပ်နိုင်ခဲ့ကြပါတယ် ။ မေဆွန် ဂရင်းဝုဒ် ဝင််လာပြီး မကြာခင်မှာပဲ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးပေါက်် ကန်သွင်းမှု တစ်ကြိမ် လုပ်ပြခဲ့ပါသေးတယ် ။ ဒါပေမဲ့ တစ်ခါတလေမှာ ဖိအားတွေဆိုတာ တစ်စုံ တစ်ယောက်မှာပဲ ရှိနေတတ်တာ မဟုတ်ပါဘူး ”

” ပွဲချိန် နောက်ဆုံး ၇ မိနစ်လောက်မှာ ကျွန်တော်တို့ ပိုမို စိတ်အား ထက်သန်ခဲ့ကြပြီး သူတို့ နှစ်ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာလည်း ဂျက်စီကြောင့် ပင်နယ်တီ ရရှိခဲ့သင့်ပါတယ်။  ဒါနဲ့ ပတ်သက်ပြီး အများကြီး မပြောချင်ပါဘူး ကျွန်တော်တို့ ဒါတွေကို ကျော်ဖြတ်သွားရပါ့မယ် ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ မေန႕ညက ကာရာေဘာင္ ဖလား ၿပိဳင္ပြဲရဲ႕ပြဲစဥ္ အျဖစ္ အိုးလ္ထရပ္ဖို႔ဒ္ ကြင္းထဲမွာ ဝက္စ္ဟမ္း ယူနိုက္တက္ အသင္းကို ဧည့္ခံကစားခဲ့ရၿပီး တစ္ဂိုး ဂိုးမရွိ ဆိုတဲ့ ရလဒ္နဲ႕ ရႈံးနိမ့္ခဲ့ကာ ေစာေစာစီးစီး ၿပိဳင္ပြဲမွ ထြက္ခြာသြားခဲ့ရပါတယ္ ။

ဝက္စ္ဟမ္းဘက္က လန္ဇီနီရဲ႕ အေစာပိုင္း သြင္းဂိုးနဲ႕အတူ အိုးလ္ထရပ္ဖိုဒ့္မွာ ယူနိုက္တက္ကို စတင္ ဦးေဆာင္ခဲ့တယ္။ မန္ေနဂ်ာဆိုးလ္ရွားက ဒုတိယပိုင္းမွာ ဂရင္းဝုဒ္၊ ဖာနန္ဒက္စ္တို႔ကိုပါ ထည့္သြင္းခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၂၃ ႀကိမ္ထိ ရွိခဲ့ေပမယ့္ သြင္းဂိုး ျပန္မရခဲ့တာျဖစ္ပါတယ္။

အခုေတာ့ ယူနိုက္တက္ နည္းျပ ျဖစ္လာခဲ့တဲ့ေနာက္ ဆုဖလားေတြဆြတ္ခူးျပဖို႔ ႐ုန္းကန္ ေနခဲ့ရတဲ့ ဆိုးလ္ရွားက အဆုံးသတ္ ညံ့ဖ်င္းခဲ့တဲ့ အသင္းသားေတြကို အျပစ္တင္ျခင္း မျပဳလုပ္ခဲ့ပဲ  ယူနိုက္တက္ ကစားသမားေတြ ႀကိဳးစားခဲ့ၾကေၾကာင္း ဆင္ေျခေတြ ေပးခဲ့ၿပီး ေပးသင့္တဲ့ ပင္နယ္တီေတြကို မရရွိခဲ့ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

” ကြၽန္ေတာ္တို႔ဟာ ၿပိဳင္ဖက္အသင္းကို ဖိအားေတြ ခံစားသြားရေအာင္ လုပ္နိုင္ခဲ့ၾကပါတယ္ ။ ေမဆြန္ ဂရင္းဝုဒ္ ဝင္္လာၿပီး မၾကာခင္မွာပဲ တကယ့္ကို ေကာင္းမြန္တဲ့ ဂိုးေပါက္္ ကန္သြင္းမႈ တစ္ႀကိမ္ လုပ္ျပခဲ့ပါေသးတယ္ ။ ဒါေပမဲ့ တစ္ခါတေလမွာ ဖိအားေတြဆိုတာ တစ္စုံ တစ္ေယာက္မွာပဲ ရွိေနတတ္တာ မဟုတ္ပါဘူး ”

” ပြဲခ်ိန္ ေနာက္ဆုံး ၇ မိနစ္ေလာက္မွာ ကြၽန္ေတာ္တို႔ ပိုမို စိတ္အား ထက္သန္ခဲ့ၾကၿပီး သူတို႔ ႏွစ္ဂိုးေလာက္ သြင္းနိုင္ခဲ့သင့္ပါတယ္။ ဒါေပမဲ့ ဒီေန႕ပြဲမွာလည္း ဂ်က္စီေၾကာင့္ ပင္နယ္တီ ရရွိခဲ့သင့္ပါတယ္။  ဒါနဲ႕ ပတ္သက္ၿပီး အမ်ားႀကီး မေျပာခ်င္ပါဘူး ကြၽန္ေတာ္တို႔ ဒါေတြကို ေက်ာ္ျဖတ္သြားရပါ့မယ္ ။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ပြဲတစ္ပြဲ ပိုင္ဆိုင္နိုင္ခဲ့ပါတယ္ ” လို႔ ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။