Spots news

အင်တာမီလန်က ထွက်ခွာတော့မယ့် ဆန်းချက်ဇ်ကို ခေါ်ယူမယ့် အသင်းအများအပြားရှိ

Unicode Version

အင်တာမီလန်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ရတော့မယ်လို့ သိရပြီး ကြယ်ပွင့်ကစားသမားဟောင်း သူ့ကို ခေါ်ယူချင်တဲ့ကလပ်အသင်းအများအပြား ပေါ်ထွက်လာကြောင်း သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရကာ ၂၀၂၀ မှာ အင်တာကို အမြဲတမ်းစာချုပ်နဲ့ ရောက်လာချိန်မှာ ခြေစွမ်းကောင်းတချို့ ပြသနိုင်ခဲ့ပေမယ့် အခုတော့ အသင်းမှာ သူ့ရဲ့အနာဂတ် ပျောက်ဆုံးတော့မယ့် အနေအထားဖြစ်နေပါတယ်။

ယခုအခါ အင်တာမီလန်က လာမယ့်ဆောင်းဈေးကွက်မှာ ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုတော့မယ်လို့ သိရပြီး အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ကျန်နေသေးပေမယ့် အသင်းဘက်က ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။ ဆီဗီးလ်မြို့အခြေစိုက်အသင်းတွေဖြစ်တဲ့ ဆီဗီလာနဲ့ ဘက်တစ်တို့က ဆန်းချက်ဇ်ကို ခေါ်ယူဖို့ အပြိုင်ဆက်သွယ်နေပါတယ်။

ဆန်းချက်ဇ်ရဲ့ မြင့်မားတဲ့လစာက အပြောင်းအရွှေ့ အတွက် အနည်းငယ် အတားအဆီးဖြစ်လာနိုင်ပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ မကြာခင်အချိန်အတွင်းမှာ ဆန်းချက်ဇ်အနေနဲ့ ဆယ်စုနှစ်နီးပါးအကြာ ဝေးကွာခဲ့တဲ့ လာလီဂါကို ပြန်ရောက်လာမှာဖြစ်ပါတယ်။

Zawgyi Version

အင္တာမီလန္တိုက္စစ္မႉး ဆန္းခ်က္ဇ္ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းကေန ထြက္ခြာခြင့္ရေတာ့မယ္လို႔ သိရၿပီး ၾကယ္ပြင့္ကစားသမားေဟာင္း သူ႕ကို ေခၚယူခ်င္တဲ့ကလပ္အသင္းအမ်ားအျပား ေပၚထြက္လာေၾကာင္း သတင္းေတြအရ သိရပါတယ္။

အာဆင္နယ္နဲ႕ ဘာစီလိုနာ ၾကယ္ပြင့္ေဟာင္း ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္နဝါရီမွာ မန္ခ်က္စတာ ယူနိုက္တက္ကို ေရာက္လာၿပီး ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရကာ ၂၀၂၀ မွာ အင္တာကို အၿမဲတမ္းစာခ်ဳပ္နဲ႕ ေရာက္လာခ်ိန္မွာ ေျခစြမ္းေကာင္းတခ်ိဳ႕ ျပသနိုင္ခဲ့ေပမယ့္ အခုေတာ့ အသင္းမွာ သူ႕ရဲ႕အနာဂတ္ ေပ်ာက္ဆုံးေတာ့မယ့္ အေနအထားျဖစ္ေနပါတယ္။

ယခုအခါ အင္တာမီလန္က လာမယ့္ေဆာင္းေဈးကြက္မွာ ဆန္းခ်က္ဇ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ျပဳေတာ့မယ္လို႔ သိရၿပီး အသင္းနဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၂ႏွစ္က်န္ေနေသးေပမယ့္ အသင္းဘက္က ထြက္ခြာခြင့္ေပးဖြယ္ရွိေနပါတယ္။ ဆီဗီးလ္ၿမိဳ႕အေျခစိုက္အသင္းေတြျဖစ္တဲ့ ဆီဗီလာနဲ႕ ဘက္တစ္တို႔က ဆန္းခ်က္ဇ္ကို ေခၚယူဖို႔ အၿပိဳင္ဆက္သြယ္ေနပါတယ္။

ဆန္းခ်က္ဇ္ရဲ႕ ျမင့္မားတဲ့လစာက အေျပာင္းအေ႐ႊ႕ အတြက္ အနည္းငယ္ အတားအဆီးျဖစ္လာနိုင္ေပမယ့္ ထြက္ေပၚလာတဲ့ သတင္းေတြအရ မၾကာခင္အခ်ိန္အတြင္းမွာ ဆန္းခ်က္ဇ္အေနနဲ႕ ဆယ္စုႏွစ္နီးပါးအၾကာ ေဝးကြာခဲ့တဲ့ လာလီဂါကို ျပန္ေရာက္လာမွာျဖစ္ပါတယ္။