Spots news

ဇန်နဝါရီမှာ ယူနိုက်တက်ကနေ အငှားဖြင့် ထွက်ခွာမယ့် ဂိုးသမား ဟန်ဒါဆန်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲဲ့ လူငယ်ကြယ်ပွင့် အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ လာမည့် ဆောင်းရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းသင်းသို့ အငှားသွားရောက်ကစားရန် စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားပါတယ်။

ဟန်ဒါဆန်ဟာ ရာသီကြို ကာလမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လအနည်းငယ်အထိ အနားယူနေခဲ့ရပါတယ်။ ဟ်နဒါဆန် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတဲ့အချိန်မှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ပင်တိုင် ဂိုးသမားအဖြစ်

ဒီဂီယာကိုသာ ဆက်တိုက် အသုံးပြုလာခဲ့သလို ဒီဂီယာ ကိုယ်တိုင်ကလည်း အသင်းအတွက် လက်စွမ်းပြနေတာဖြစ်လို့ နေရာပျောက်ဖွယ်ရှိနေတဲ့ ဒင်းဟန်ဒါဆန်အနေနဲ့ လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းမှ ထွက်ခွာ၍ အငှားသွားကစားဖို့ ပြင်ဆင်လာတာပါ။

အသက် ၂‌၄ နှစ်အရွယ်သာရှိသေးတဲ့ ယူနိုက်တက် ငယ်မွှေးခြံပေါက် ဂိုးသမား ဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်မှာ ၂ ရာသီကြာ အငှားသွားရောက် ကစားကာ လက်စွမ်းပြခဲ့သူ ဖြစ်ပြီး ဒီဂီယာခေတ်လွန် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးခံထားရသူလဲ ဖြစ်ပါတယ်။

သို့ပေမယ့် ကိုဗစ်ရောဂါကူးစက်မှုခံခဲ့ရပြီး လက်ရှိတွင် အသင်း၌ ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ယူနိုက်တက် အသင်းဘက်ကလည်း အသစ်ခေါ်ယူထားတဲ့ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကိုလဲ နေရာပေးဖွယ် ရှိနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်သာ လိုချင်တဲ့ ဟန်ဒါဆန်က လာမယ့် ဆောင်းစျေးကွက်ထဲမှာ အသင်းကနေ အငှားဖြင့် ထွက်ခွာသွားဖွယ် ရှိနေရပါတယ်။

Zawgyi Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့် အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ လာမည့် ဆောင်းရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းသင်းသို့ အငှားသွားရောက်ကစားရန် စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားပါတယ်။


ဒီဂီယာကိုသာ ဆက်တိုက် အသုံးပြုလာခဲ့သလို ဒီဂီယာ ကိုယ်တိုင်ကလည်း အသင်းအတွက် လက်စွမ်းပြနေတာဖြစ်လို့ နေရာပျောက်ဖွယ်ရှိနေတဲ့ ဒင်းဟန်ဒါဆန်အနေနဲ့ လာမယ့်ဆောင်းဈေးကွက်မှာပဲ အသင်းမှ ထွက်ခွာ၍ အငှားသွားကစားဖို့ ပြင်ဆင်လာတာပါ။


သို့ပေမယ့် ကိုဗစ်ရောဂါကူးစက်မှုခံခဲ့ရပြီး လက်ရှိတွင် အသင်း၌ ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ယူနိုက်တက် အသင်းဘက်ကလည်း အသစ်ခေါ်ယူထားတဲ့ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကိုလဲ နေရာပေးဖွယ် ရှိနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်သာ လိုချင်တဲ့ ဟန်ဒါဆန်က လာမယ့် ဆောင်းဈေးကွက်ထဲမှာ အသင်းကနေ အငှားဖြင့် ထွက်ခွာသွားဖွယ် ရှိနေရပါတယ်။