Spots news

ဆိုးလ်းရှားနဲ့ ယူနိုက်တက်ကို ချစ်လို့ ဝေဖန်ပေးနေရတာဖြစ်ကြောင်း ဖာဒီနန်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ရီယိုဖာဒီနန်က သူဟာ ယူနိုက်တက်ရဲ့ လုပ်ဆောင်ချက်များကို ပြတ်ပြတ်သားသား ဝေဖန်မှုများကြောင့် နည်းပြဖြစ်သူ ဆိုးလ်ရှားအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာများ ဖြစ်ခဲ့ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်မုန်းတီးကာ ဝေဖန်တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန် သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက် ‌နောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ၀ါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်၊ အသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့နှင့်ပတ်သက်ပြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ရာ သူ၏ဝေဖန်မှုများကို မကျေနပ်သည့် ဆိုးလ်ရှားက တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

ထို့ကြောင့် ဗြိတိန်မီဒီယာများက အသင်းဖော်ဟောင်း ၂ ဦးဖြစ်တဲ့ ဖာဒီနန်နှင့်ဆိုးလ်ရှားတို့အကြား မုန်းတီးမှုများနှင့် တင်းမာမှုများရှိနေကြောင်း ဝေဖန်ရေးသားခဲ့ကြတဲ့ အတွက် ဖာဒီနန်က အသင်းအပေါ် မိမိကဝေဖန်မှုများပြုလုပ်ပြီး ယူနိုက်တက် နည်းပြဆိုးလ်ရှားက မည်ကဲ့သို့တုံ့ပြန်မှုများ ပြုလုပ်သည်ဖြစ်စေ မိမိတို့ ချစ်ခင်ရင်းနှီးလျက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

”သတင်းစာတွေမှာ ဒီသတင်းတွေပါပြီးနောက်တစ်နေ့မှာ အိုလေ ကျွန်တော့်ဆီကို လာခဲ့ပါတယ်။ သူလာတာ ကျွန်တော် ယုံတောင်မယုံနိုင်ပါဘူး။ သူ့ကို ကျွန်တော်တွေ့တော့ သူ့ဆီပြေးပြီး ကျွန်တော် ပွေ့ဖက်လိုက်ပါတယ်။ အဲဒီနောက် သူ့ ကိုလက်ဆွဲနှုတ်ဆက်ပြီး ဒါက ချစ်ခြင်းတရားပဲ ငါ့လူ။ ငါ မင်းကို အမြဲချစ်ခင်လျက်ပါလို့ ပြောခဲ့ပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ဦးပါ” ဟု ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္သူ ရီယိုဖာဒီနန္က သူဟာ ယူနိုက္တက္ရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ျပတ္ျပတ္သားသား ေဝဖန္မႈမ်ားေၾကာင့္ နည္းျပျဖစ္သူ ဆိုးလ္ရွားအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာမ်ား ျဖစ္ခဲ့ၿပီး တစ္ဦးနဲ႕ တစ္ဦး အျပန္အလွန္မုန္းတီးကာ ေဝဖန္တိုက္ခိုက္ေနျခင္း မဟုတ္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

ေဘာလုံးေဝဖန္ သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ယူနိုက္တက္ ‌ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ဟာ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရတဲ့ ၀ါရင့္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္၊ အသင္းသို႔ တစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုတို႔ႏွင့္ပတ္သက္ၿပီး ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ရာ သူ၏ေဝဖန္မႈမ်ားကို မေက်နပ္သည့္ ဆိုးလ္ရွားက တုံ႕ျပန္ေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

ထို႔ေၾကာင့္ ၿဗိတိန္မီဒီယာမ်ားက အသင္းေဖာ္ေဟာင္း ၂ ဦးျဖစ္တဲ့ ဖာဒီနန္ႏွင့္ဆိုးလ္ရွားတို႔အၾကား မုန္းတီးမႈမ်ားႏွင့္ တင္းမာမႈမ်ားရွိေနေၾကာင္း ေဝဖန္ေရးသားခဲ့ၾကတဲ့ အတြက္ ဖာဒီနန္က အသင္းအေပၚ မိမိကေဝဖန္မႈမ်ားျပဳလုပ္ၿပီး ယူနိုက္တက္ နည္းျပဆိုးလ္ရွားက မည္ကဲ့သို႔တုံ႕ျပန္မႈမ်ား ျပဳလုပ္သည္ျဖစ္ေစ မိမိတို႔ ခ်စ္ခင္ရင္းႏွီးလ်က္ရွိေနဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

”သတင္းစာေတြမွာ ဒီသတင္းေတြပါၿပီးေနာက္တစ္ေန႕မွာ အိုေလ ကြၽန္ေတာ့္ဆီကို လာခဲ့ပါတယ္။ သူလာတာ ကြၽန္ေတာ္ ယုံေတာင္မယုံနိုင္ပါဘူး။ သူ႕ကို ကြၽန္ေတာ္ေတြ႕ေတာ့ သူ႕ဆီေျပးၿပီး ကြၽန္ေတာ္ ေပြ႕ဖက္လိုက္ပါတယ္။ အဲဒီေနာက္ သူ႕ ကိုလက္ဆြဲႏႈတ္ဆက္ၿပီး ဒါက ခ်စ္ျခင္းတရားပဲ ငါ့လူ။ ငါ မင္းကို အၿမဲခ်စ္ခင္လ်က္ပါလို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ဟာ သူ႕ရဲ႕အမာခံပရိသတ္တစ္ဦးပါ” ဟု ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။