Spots news

ဆာလတ်ကို အသုံးချပြီး ဘာပေကို အချီကြီး ကြံတော့မယ့် လီဗာပူး

Unicode Version

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး ဟာ အသင်းနဲ့ အဆင်မပြေ မှုများ ဖြစ်ပေါ်နေပြီး ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့နှင့် သတင်းများ ထွက်ပေါ်နေတဲ့ ဆာလတ်ကို အသုံးချကာ အမ်ဘာပေ ကို ခေါ်ယူဖို့ အင်းတိုက် အားတိုက် လုပ်ဆောင်လာကြောင်း သတင်းများ ထွက်ပေါ် လာပါတယ်။

ဆာလတ် ဟာ လီဗာပူးအသင်း နဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ် ဖလား တို့ကို ရရှိထားသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ အသင်းဖော် တိုက်စစ်မှူး မာနေးနဲ့ ဆက်ဆံရေး အရ အဆင်မပြေ ဖြစ်ခဲ့သလို

လက်ရှိ ဘောလုံးရာသီ မှာလည်း ချန်ပီယံလိဂ်ပွဲ တစ်ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ် မပေးတာနဲ့ ပတ်သတ်ပြီး နည်းပြဖြစ်သူ ကလော့ပ် ၊ နောက်ခံလူ အာနိုးတို့ နဲ့ အနည်းငယ် ဆက်ဆံရေး တင်းမာခဲ့သူ လည်း ဖြစ်ပါတယ်။

မကြာသေးခင် ကလဲ လီဗာပူးလ်အသင်း ရဲ့ အီဂျစ် တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ မိုဟာမက် ဆာလက် တစ်ယောက် လီဗာပူးလ် အသင်းမှာ မပျော်မရွှင် ဖြစ်နေသလို လီဗာပူးလ် အသင်းကလည်း သူတို့ရဲ့ ကစားသမား ကို ရောင်းချဖို့အတွက် စီစဉ်နေတယ် လို့ ဆာလက်ရဲ့ နိုင်ငံအသင်းဖော် ဖြစ်သူက ဖွင့်ဟ ထားခဲ့ ပါသေးတယ်။

လီဗာပူး အသင်းဟာ ခံစစ်ပိုင်း ဒဏ်ရာ ပြဿနာတွေ နဲ့ ရင်ဆိုင် နေရပြီး တိုက်စစ်ပိုင်းမှာ လဲ ဆာလတ် ၊ ဖာမီနို ၊ မာနေး တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ မရှိတော့ တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၃ပွဲမှာ ရမှတ် ၇ မှတ် အထိ ဆုံးရှုံး ခဲ့ပါတယ်။

ဆာလက် ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန် အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်း နဲ့ ရီးရဲလ် မက်ဒရစ်အသင်း တို့ထဲက တစ်သင်းထံ ပြောင်းရွှေ့ဖို့ ကြံရွယ် နေပြီး လီဗာပူး အသင်းဘက် ကလည်း ဂျိုတာ ၊ မာနေးနဲ့ ဖာမီနိုတို့ အဆင်သင့် ရှိနေတဲ့ အနေအထားကြောင့် ခွင့်ပြုဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေကတော့ အသင်းနဲ့ စာချုပ် သက်တမ်း  နှစ်နှစ်သာ ကျန်ရှိ တော့တာ ဖြစ်ပြီး အသင်းသို့ လီယွန်နယ် မက်ဆီ နှင့် နည်းပြ ပိုချက်တီနို ရဲ့ တပည့်ဟောင်း ဒယ်လီ အလီ တို့ ရောက်ရှိ လာနိုင်တာကြောင့် လူငယ် ကစားသမား အနေ နဲ့ စာချုပ်သစ် သက်တမ်း တိုးဖို့ ထက် အသင်းသစ် သို့ပြောင်း ရွေ့ပြီး စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင် ဖို့ အဆင်သင့် ရှိ နေပါတယ်။

လီဗာပူး အသင်းဟာ မကြာမီကမှ Nike ကုမ္ပဏီနဲ့ စာချုပ် ချုပ် ထားတာ ဖြစ်ပြီး ပို တိုးလာတဲ့ ဝင်ငွေ အရ အမ်ဘာပေကို လက်ရှိ ပီအက်စ်ဂျီ အသင်းမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခ ယူရို ၂၀ သန်း ရဲ့ နှစ်ဆနီးပါး အထိ လုပ်ခလစာ ဖြင့် ကမ်းလှမ်း မှာဖြစ်ပြီး ဆာလက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀ သန်း ခန့်နဲ့ ရောင်းချပြီး အမ်ဘာပေကို ယူရို ၂၀၀ သန်း နဲ့ ကမ်းလှမ်းဖို့ အထိတောင် အစီအစဉ် ချမှတ် ထားကြောင်း ဖော်ပြထား ပါတယ်။

လီဗာပူး ကစားသမား‌ဟောင်းများကတော့ အသင်းမှာ လိုအပ်နေတာ ဘာပေ မဟုတ်ပဲ နောက်ခံလူ တစ်ဦးကိုသာ အရှိန်မြှင့် ရှာဖွေဖို့ ပြောဆို ထားကြပါတယ်။