Spots news

ဟာလန်းကိုခေါ်ယူမယ့် ပြိုင်ပွဲအတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ လီဗူပူး

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ အခြားဥရောပအသင်းကြီးတွေနဲ့အပြိုင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ နော်ဝေ လူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းပြခဲ့သလို အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ၂၀၁၉ တုန်းက ဆဲလ်ဘတ်ဂျ်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အသင်းကြီးတော်တော်များများက စိတ်ဝင်စားခဲ့ကြပေမယ့် ဒေါ့မွန်အသင်းကတော့ အခုနွေရာသီမှာ ဟာလန်းကို ဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက လာမယ့်ဇွန်လမှာ ပေါင် ၇၇ သန်းအထိ လျော့ကျမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတဲ့ ဥရောပကလပ်အသင်း များစွာရှိနေပါတယ်။ ဒီရာသီ ဘွန်ဒက်လီဂါမှာ ၅ ပွဲကစားအပြီး ၇ ဂိုးအထိ ရရှိထားသလို ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၁ ဂိုးအထိ ဟာလန်းက သွင်းယူထားပြီး ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နော်ဝေကြယ်ပွင့် ဟာလန်းဟာ အသင်းဟောင်း ဆဲလ်ဘတ်ဂျ်အတွက် ၂၇ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဒေါ့မွန်ကို ပြောင်းရွှေ့အပြီးမှာလည်း ပြိုင်ပွဲစုံ ၆၇ ပွဲမှာ ၆၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ကစားသမားဆုကိုလဲ ထိုက်ထိုက်တန်တန် ရယူခဲ့ပါသေးတယ်။

သူ့အသက်အရွယ် တန်းမှာတော့ ဟာလန်းက ခြေစွမ်းအကောင်းဆုံး ကစားသမားအဖြစ်ရှိနေပြီး ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်တွေကို လိုက်မီမယ့် ကစားသမားလို့လည်း ထင်ကြေးပေးခံနေရပြီဖြစ်ပါတယ်။ ဂိုးဧရိယာအတွင်းမှာ ကြုံသလိုသွင်းယူနိုင်တဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားသလို ဘောလုံးနဲ့အတူ ဆွဲပြေးကာ အားပြင်းတဲ့ကန်ချက်တွေနဲ့လည်း ဟာလန်းက သွင်းယူနိုင်စွမ်းရှိပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္အသင္းျဖစ္တဲ့ လီဗာပူးအသင္းဟာ အျခားဥေရာပအသင္းႀကီးေတြနဲ႕အၿပိဳင္ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ ျပင္ဆင္လာတယ္လို႔ သိရပါတယ္။ ေနာ္ေဝ လူငယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ေျခစြမ္းျပခဲ့သလို အခုရာသီမွာလည္း ၿပိဳင္ပြဲစုံ ၇ ပြဲမွာ ၁၁ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ပါတယ္။

ဟာလန္းဟာ ၂၀၁၉ တုန္းက ဆဲလ္ဘတ္ဂ်္အသင္းနဲ႕အတူ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပနိုင္ခဲ့ၿပီးေနာက္ ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္လာခဲ့ပါတယ္။ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားခဲ့ၾကေပမယ့္ ေဒါ့မြန္အသင္းကေတာ့ အခုေႏြရာသီမွာ ဟာလန္းကို ဆက္ထိန္းနိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက လာမယ့္ဇြန္လမွာ ေပါင္ ၇၇ သန္းအထိ ေလ်ာ့က်မွာျဖစ္ၿပီး သူ႕ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတဲ့ ဥေရာပကလပ္အသင္း မ်ားစြာရွိေနပါတယ္။ ဒီရာသီ ဘြန္ဒက္လီဂါမွာ ၅ ပြဲကစားအၿပီး ၇ ဂိုးအထိ ရရွိထားသလို ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁၁ ဂိုးအထိ ဟာလန္းက သြင္းယူထားၿပီး ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝၾကယ္ပြင့္ ဟာလန္းဟာ အသင္းေဟာင္း ဆဲလ္ဘတ္ဂ်္အတြက္ ၂၇ ပြဲမွာ ၂၉ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ပါတယ္။ အဲ့ေနာက္ ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕အၿပီးမွာလည္း ၿပိဳင္ပြဲစုံ ၆၇ ပြဲမွာ ၆၈ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဩဂုတ္လမွာ ဘြန္ဒက္လီဂါရဲ႕ အေကာင္းဆုံး ကစားသမားဆုကိုလဲ ထိုက္ထိုက္တန္တန္ ရယူခဲ့ပါေသးတယ္။

သူ႕အသက္အ႐ြယ္ တန္းမွာေတာ့ ဟာလန္းက ေျခစြမ္းအေကာင္းဆုံး ကစားသမားအျဖစ္ရွိေနၿပီး ေရာ္နယ္ဒို၊ မက္ဆီတို႔ရဲ႕ သြင္းဂိုးစံခ်ိန္ေတြကို လိုက္မီမယ့္ ကစားသမားလို႔လည္း ထင္ေၾကးေပးခံေနရၿပီျဖစ္ပါတယ္။ ဂိုးဧရိယာအတြင္းမွာ ႀကဳံသလိုသြင္းယူနိုင္တဲ့ စြမ္းရည္ကိုပိုင္ဆိုင္ထားသလို ေဘာလုံးနဲ႕အတူ ဆြဲေျပးကာ အားျပင္းတဲ့ကန္ခ်က္ေတြနဲ႕လည္း ဟာလန္းက သြင္းယူနိုင္စြမ္းရွိပါတယ္။