Unicode Version
ပီအက်စ်ဂျီ အသင်းနောက်ခံလူ ဟာကီမီဟာ မက်ဇ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးပြီး ၃ မှတ်ရယူပေးခဲ့ပါတယ်။ ၁-၂ နဲ့ အဝေးကွင်းမှာ
ပီအက်စ်ဂျီက အနိုင်ရရှိခဲ့ရာမှာ ဟာကီမီတစ်ဦးတည်းက နှစ်ဂိုးအထိသွင်းယူပေးခဲ့တာဖြစ်ပြီး လီဂူး ၇ ပွဲကစားအပြီးမှာ သူ့ရဲ့သွင်းဂိုးက ၃ ဂိုးအထိ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ညာခံစစ်နေရာကနေ တိုက်စစ်ကို လိုက်ပါကစားလေ့ရှိတဲ့ ဟာကီမီဟာ ဂိုးမြူးလေ့ရှိတဲ့ ကစားသမားတစ်ဦးလို့လည်း ဆိုရမှာပါ။ ဒေါ့မွန်မှာကစားခဲ့စဉ်ကလည်း ၂ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုးအထိရရှိခဲ့သလို
ရီးရဲလ်မက်ဒရစ်မှာ တစ်ရာသီကစားခဲ့စဉ်ကလည်း ၁၇ ပွဲမှာ ၂ဂိုး ရရှိခဲ့ပါတယ်။ ဒ့ါအပြင် အင်တာမီလန်အတွက် ပြီးခဲ့တဲ့ရာသီကစားခဲ့စဉ်ကလည်း ၄၅ ပွဲမှာ ၇ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။
Fullback တစ်ဦးဖြစ်လို့ ဖန်တီးပေးနိုင်မှုတွေ မကြာခဏပြုလုပ်ပေးနိုင်တာက မထူးဆန်းတော့ပေမယ့် မော်ရိုကိုကစားသမားရဲ့ ဂိုးသွင်းနိုင်အားကတေ့ာ တကယ်ကိုချိးကျူးဖွယ်ရာကောင်းနေခဲ့ပါတယ်။
ဒါဟာ အသင်းကို သူနဲ့အတူတူရောက်ရှိလာခဲ့တဲ့ မက်ဆီထက်တောင်မှ ဂိုးပိုသွင်းထားနိုင်တာဖြစ်ပြီး မက်ဆီကတော့ အခုချိန်ထိ သွင်းဂိုးနဲ့ဖန်တီးမှုလုံးဝမပြုလုပ်နိုင်သေးဘဲ ရုန်းကန်နေရတာဖြစ်ပါတယ်။
ဟာကီမီခြေစွမ်းပြပြီးတဲ့နောက်မှာတော့ တွစ်တာပေါ်မှာ ပရိသတ်တချို့က ပီအက်စ်ဂျီအနေနဲ့ တိုက်စစ်ပိုင်းအတွက် လူမှားပြီး ဝယ်ယူခဲ့တာလားလို့တောင်မှ ဟာသလုပ်ပြောဆိုနေခဲ့ကြပါတယ်။
မက်ဆီအပေါ် မျှော်လင့်တကြီးနဲ့ အားကိုးအားထားပြုဖို့ရာ အားလုံးကဆန္ဒရှိနေခဲ့ပေမယ့် ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ချိန်မှာ နောက်ခံလူတစ်ဦးက ပိုမိုခြေစွမ်းပြနေပြီး ဂိုးတွေပါ ရယူထားနိုင်ခဲ့လို့ ဖြစ်ပါတယ်။
Zawgyi Version
ပီအက္စ္ဂ်ီ အသင္းေနာက္ခံလူ ဟာကီမီဟာ မက္ဇ္ကိုအနိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ေနာက္က်အနိုင္ဂိုးကို သြင္းယူေပးၿပီး ၃ မွတ္ရယူေပးခဲ့ပါတယ္။ ၁-၂ နဲ႕ အေဝးကြင္းမွာ
ပီအက္စ္ဂ်ီက အနိုင္ရရွိခဲ့ရာမွာ ဟာကီမီတစ္ဦးတည္းက ႏွစ္ဂိုးအထိသြင္းယူေပးခဲ့တာျဖစ္ၿပီး လီဂူး ၇ ပြဲကစားအၿပီးမွာ သူ႕ရဲ႕သြင္းဂိုးက ၃ ဂိုးအထိ ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
ညာခံစစ္ေနရာကေန တိုက္စစ္ကို လိုက္ပါကစားေလ့ရွိတဲ့ ဟာကီမီဟာ ဂိုးျမဴးေလ့ရွိတဲ့ ကစားသမားတစ္ဦးလို႔လည္း ဆိုရမွာပါ။ ေဒါ့မြန္မွာကစားခဲ့စဥ္ကလည္း ၂ရာသီအတြင္း ၿပိဳင္ပြဲစုံသြင္းဂိုး ၉ ဂိုးအထိရရွိခဲ့သလို
ရီးရဲလ္မက္ဒရစ္မွာ တစ္ရာသီကစားခဲ့စဥ္ကလည္း ၁၇ ပြဲမွာ ၂ဂိုး ရရွိခဲ့ပါတယ္။ ဒ့ါအျပင္ အင္တာမီလန္အတြက္ ၿပီးခဲ့တဲ့ရာသီကစားခဲ့စဥ္ကလည္း ၄၅ ပြဲမွာ ၇ ဂိုးအထိ ရရွိခဲ့တာျဖစ္ပါတယ္။
Fullback တစ္ဦးျဖစ္လို႔ ဖန္တီးေပးနိုင္မႈေတြ မၾကာခဏျပဳလုပ္ေပးနိုင္တာက မထူးဆန္းေတာ့ေပမယ့္ ေမာ္ရိုကိုကစားသမားရဲ႕ ဂိုးသြင္းနိုင္အားကေတ့ာ တကယ္ကိုခ်ိးက်ဴးဖြယ္ရာေကာင္းေနခဲ့ပါတယ္။
ဒါဟာ အသင္းကို သူနဲ႕အတူတူေရာက္ရွိလာခဲ့တဲ့ မက္ဆီထက္ေတာင္မွ ဂိုးပိုသြင္းထားနိုင္တာျဖစ္ၿပီး မက္ဆီကေတာ့ အခုခ်ိန္ထိ သြင္းဂိုးနဲ႕ဖန္တီးမႈလုံးဝမျပဳလုပ္နိုင္ေသးဘဲ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။
ဟာကီမီေျခစြမ္းျပၿပီးတဲ့ေနာက္မွာေတာ့ တြစ္တာေပၚမွာ ပရိသတ္တခ်ိဳ႕က ပီအက္စ္ဂ်ီအေနနဲ႕ တိုက္စစ္ပိုင္းအတြက္ လူမွားၿပီး ဝယ္ယူခဲ့တာလားလို႔ေတာင္မွ ဟာသလုပ္ေျပာဆိုေနခဲ့ၾကပါတယ္။
မက္ဆီအေပၚ ေမွ်ာ္လင့္တႀကီးနဲ႕ အားကိုးအားထားျပဳဖို႔ရာ အားလုံးကဆႏၵရွိေနခဲ့ေပမယ့္ ထင္မွတ္သေလာက္ ေျခစြမ္းမျပနိုင္ခ်ိန္မွာ ေနာက္ခံလူတစ္ဦးက ပိုမိုေျခစြမ္းျပေနၿပီး ဂိုးေတြပါ ရယူထားနိုင္ခဲ့လို႔ ျဖစ္ပါတယ္။