Spots news

ယူနိုက်တက်နည်းပြအဖြစ် ရေပန်းစားနေသူများထဲမှာ ပါဝင်လာတဲ့ ရွန်းနီ

Unicode Version

ယူနိုက်တက်အသင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယန်းဘွိုင်းအသင်းကို ရှုံးနိမ့်ခဲ့သလို ထူးခြားပြောင်မြောက်တဲ့ အသင်းလိုက် ကစားဟန်လဲ မတွေ့ရတဲ့ အပြင် ယမန်နေ့ကလဲ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားကနေလဲ ထွက်ခဲ့ရတဲ့အတွက် နည်းပြ ဖြစ်သူဆိုလ်းရှား ရဲ့ နည်းပြ ထိုင်ခုံကလည်း တဖြည်ဖြည်း လှုပ်လာခဲ့ပါတယ်။

ဆိုလ်းရှားကိုင်တွယ်ပြီးကတည်းက ယူနိုက်တက်ဟု ဆုဖလားအောင်မြင်မှု လုံးဝမရှိသေးတဲ့ အတွက် ယခုနှစ်သာ အောင်မြင်မှု မရခဲ့ပါက နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖွယ်ရှိပြီး ဆိုးလ်ရှားသာ ထွက်ခွာခဲ့ပါက ယူနိုက်တက် နည်းပြ သစ်ဖြစ်လာဘို့ ရေပန်းအစားဆုံး နည်းပြတွေ ကို ဖေါ် ပြ ပေးလိုက်ပါတယ်။

တစ်- ကွန်တီ

လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသူ ကွန်တီဟာ အင်တာမီလန်အသင်းကို ဆုဖလားရယူပေးခဲ့ပြီး အသင်းနဲ့ လမ်းခွဲထားတာ ဖြစ်ပါတယ်။ နည်းပြ အရည်အသွေးပြည့်၀တဲ့သူဖြစ်ပြီး ရေရှည် စီမံကိန်း ကောင်းမွန်တဲ့ ယူနိုက်တက် လို အသင်းမျိုး ရဲ့ ကမ်းလှမ်းမှု ကိုစောင့်နေတယ်လို့

သတင်းများလည်း ထွက် ပေါ် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်တီဟာ နောက်ထပ် ဖြစ်လာမယ့် ယူနိုက်တက် နည်းပြ စာရင်းမှာ ထိပ်ဆုံးနေရာ မှာ ရပ်တည်နေပါတယ်။

နှစ်- ဝိန်းရွန်းနီ

လက်ရှိဒါဘီကောင်တီ အသင်း ရဲ့နည်းပြ ဖြစ်သူ ဝိန်းရွန်းနီ ဟာ ဒါဘီကောင်တီ အသင်းရဲ့ ခက်ခဲကျပ်တည်းမှုအခြေအနေတွေကြားမှာတောင်အကောင်းဆုံးစွမ်းဆောင်ထားနိုင်သူတစ်ဦးပါ။ အဓိက ကစားသမား ၁၁ ဦးမပြည့်တဲ့ အသင်းမှာတောင် ပြင်းပြတဲ့စိတ်ဓါတ်နဲ့ကစားဟန် ကို

ဖေါ်ဆောင်ကာ အကောင်းဆုံးစွမ်းဆောင်ပေးနေနိုင်သူရွန်းနီ ဟာ ယူနိုက်တက် နည်းပြ သစ် ဖြစ်လာနိုင်သူ စာရင်းမှာ နံပါတ် နှစ် နေရာမှာ ရပ်တည် တာ ဖြစ်ပါတယ်။

သုံး- ဇီဒန်း

ရော်နယ်ဒိုကိုအကောင်းဆုံး အသုံးချနိုင် သူ ဟာ ဇီဒန်းဆို မမှားလောက်ပါဖူး။ ဇီဒန်းနဲ့ ရော်နယ်ဒိုပေါင်းရင်ချန်ပီယံ လိဂ် တစ်လုံးလို့တောင် ပြောလို့ ရတဲ့ အထိ စွမိးဆောင်နိုင်သူပါ။ နည်းပြသက်တမ်း မရင့်သေးပေမယ့် ချန်ပီယံ

လိဂ်သုံးကြိမ် ယူထားပြနိုင်သူ ဖြစ်ပြီး ယခုလက်ရှိလူစာရင်း သာဆို ဇီဒန်းအတွက် လွယ်ကူတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ ဒါကြောင့်ဇီဒန်းကလည်း ယူနိုက်တက် နည်းပြ သစ်ဖြစ်လာနိုင် သူ စာရင်းထဲမှာအဆင့် သုံးနေရာ မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Zawgyi Version



တစ်- ကွန်တီ



နှစ်- ဝိန်းရွန်းနီ



သုံး- ဇီဒန်း

