Spots news

လာကာဇက်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူရန်ကြိုးစားမယ့် အက်သလက်တီကို

Unicode Version

စပိန်လာလီဂါရဲ့ အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို လာမယ့် နွေရာသီ အပြောင်းအရွေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းနှင့် လာကာဇက်တို့ ချုပ်ဆိုထားတဲ့

စာချုပ်သက်တမ်းဟာ ယခုရာသီကုန်တွင် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ယခုအချိန်အထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရခြင်း မရှိသေးကြောင်း သိရပါတယ်။ ထို့ပြင် အာဆင်နယ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ လာကာဇက်ကလည်း အသင်းနှင့် စာချုပ်သက်တမ်း တိုးလိုခြင်းမရှိတော့ကြောင်း သိရပါတယ်။

အက်သလက်တီကိုအသင်းဟာ လာကာဇက်ကို အာဆင်နယ်အသင်းသို့ မရောက်မီကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ယခုအခါ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည့် အခြေအနေ၌ ထပ်မံကြိုး ပမ်းရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ လာကာဇက်ဟာ ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲသာ

ကစားထားရသော်လည်း ၂ ဂိုး သွင်းယူပေးထားသည်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ စပိန်လာလီဂါထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းအပြင် စီးရီးအေထိပ်သီး ဂျူဗင်တပ် အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Zawgyi Version

စပိန္လာလီဂါရဲ႕ အင္အားႀကီး ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းဟာ အာဆင္နယ္အသင္းမွ ျပင္သစ္တိုက္စစ္မႉး လာကာဇက္ကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။ အာဆင္နယ္အသင္းႏွင့္ လာကာဇက္တို႔ ခ်ဳပ္ဆိုထားတဲ့

စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္တြင္ သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ယခုအခ်ိန္အထိ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရျခင္း မရွိေသးေၾကာင္း သိရပါတယ္။ ထို႔ျပင္ အာဆင္နယ္အသင္းမွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနတဲ့ လာကာဇက္ကလည္း အသင္းႏွင့္ စာခ်ဳပ္သက္တမ္း တိုးလိုျခင္းမရွိေတာ့ေၾကာင္း သိရပါတယ္။

အက္သလက္တီကိုအသင္းဟာ လာကာဇက္ကို အာဆင္နယ္အသင္းသို႔ မေရာက္မီကတည္းက ေခၚယူရန္ ႀကိဳးပမ္းခဲ့ဖူးၿပီး ယခုအခါ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ရရွိနိုင္မည့္ အေျခအေန၌ ထပ္မံႀကိဳး ပမ္းရန္ ျပင္ဆင္ေနျခင္း ျဖစ္ပါတယ္။ လာကာဇက္ဟာ ယခုရာသီတြင္ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃ ပြဲသာ

ကစားထားရေသာ္လည္း ၂ ဂိုး သြင္းယူေပးထားသည္။ အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္တိုက္စစ္မႉး လာကာဇက္ကို ေခၚယူဖို႔ စပိန္လာလီဂါထိပ္သီး အက္သလက္တီကို မက္ဒရစ္ အသင္းအျပင္ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ အသင္းကပါ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။