Spots news

စာချုပ်ပြည့်ရင် လမ်းခွဲတော့မယ့် ကာဗာနီကို ခေါ်ယူဖို့ပြင်ဆင်ထားတဲ့ ဘိုကာဂျူနီယာ

Unicode Version

အာဂျင်တီးနားကလပ် အသင်းတစ်သင်း ဖြစ်တဲ့ ဘိုကာဂျူနီယာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ထိပ်သီးခြေစွမ်းကို ပြသနေဆဲ ဖြစ်တဲ့ ဥရုဂွေးဝါရင့် တိုက်စစ်မှူးကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ကာဗာနီရဲ့ စာချုပ်သက်တမ်းကုန်ချိန်ဖြစ်တဲ့ အခုရာသီကုန်ကျရင် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဆုံးသတ်သေချာပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ကာဗာနီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံကာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ပရီးမီးယားလိဂ်ဆီသို့ ပြောင်းရွေ့လာခဲ့သူ ဖြစ်ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်မှာ ချက်ခြင်း အသားကျခဲ့ပြီး ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့သလို အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ၃၉ ပွဲကစားကာ ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက ကာဗာနီကို နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်မှာ ကာဗာနီရဲ့ဖခင်ဖြစ်သူ လူးဝစ်ဟာ ကာဗာနီဟာ တောင်အမေရိကကို ပြန်ဖို့ဆန္ဒရှိနေပြီး ဘိုကာဂျူနီယာ အသင်းဆီပြောင်းဖို့ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် ကာဗာနီဟာ ကို‌ဗစ်ကာလ ကွင်းပိတ်ကစားခဲ့ရတဲ့အတွက် ရာသီသစ်မှာ ယူနိုက်တက် ပရိတ်သတ်များနဲ့ ကြုံဆုံချင်သေးတာ‌ကြောင့် တစ်ရာသီ သက်တမ်းတိုးခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲမှာ ဖြစ်ပါတယ်။

ယခုရာသီသစ်မှာတော့ ယူနိုက်တက်အသင်းဆီသို့ တိုက်စစ်မှူးဟောင်း ပေါ်တူဂီလက်ရွေးစင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ကာဗာနီဟာ လူကြီးလူကောင်းပီသစွာ ကျောနံပါတ် ‌‌၇ ကို ပြန်လည်ဝတ်ဆင်လို့တဲ့ မူလပိုင်ရှင် ရော်နယ်ဒိုရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့သူလဲ ဖြစ်ပါတယ်။

ထို့ကြောင့် ကာဗာနီဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်နဲ့ လမ်းခွဲဖို့ သေချာသလောက်ရှိသွားပြီ ဖြစ်ပြီး ဘိုကာဂျူနီယာအသင်းတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဟော်ဟဲဘာမြူဒက်ဇ်ကလဲ ကာဗာနီကို ယူနိုက်တက် အသင်းထံမှနေ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ခေါ်ယူဖို့ ကြိုးစားမည်ဖြစ်ကြောင်း အတည်ပြု ပြောပြားထားပါတယ်

“ကာဗာနီကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းက ကျွန်တော်တို့စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားမှုပေးရမှာပါ။ ဒါပေမဲ့ ကာဗာနီကိုခေါ်ယူဖို့အတွက် ကျွန်တော်တို့မျှော်လင့်ထားဆဲဖြစ်ပြီး တစ်နေ့နေ့မှာတော့ အဲဒီမျှော်လင့်ချက်အကောင်အထည်ပေါ်လာမယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

Zawgyi Version

အာဂ်င္တီးနားကလပ္ အသင္းတစ္သင္း ျဖစ္တဲ့ ဘိုကာဂ်ဴနီယာ အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ထိပ္သီးေျခစြမ္းကို ျပသေနဆဲ ျဖစ္တဲ့ ဥ႐ုေဂြးဝါရင့္ တိုက္စစ္မႉးကာဗာနီကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲ ျဖစ္ၿပီး ကာဗာနီရဲ႕ စာခ်ဳပ္သက္တမ္းကုန္ခ်ိန္ျဖစ္တဲ့ အခုရာသီကုန္က်ရင္ ေခၚယူနိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အဆုံးသတ္ေသခ်ာၿပီး ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြထဲမွာ တစ္ဦး အပါအဝင္ျဖစ္တဲ့ ကာဗာနီဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္ကုန္ဆုံးခဲ့ၿပီး ယူနိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံကာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ပရီးမီးယားလိဂ္ဆီသို႔ ေျပာင္းေ႐ြ႕လာခဲ့သူ ျဖစ္ပါတယ္။

ကာဗာနီဟာ ယူနိုက္တက္မွာ ခ်က္ျခင္း အသားက်ခဲ့ၿပီး ယူနိုက္တက္တိုက္စစ္ကို ဦးေဆာင္နိုင္ခဲ့သလို အသင္းအတြက္ ပြဲဦးထြက္ရာသီမွာ ၃၉ ပြဲကစားကာ ၁၇ ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ခဲ့ၿပီးေတာ့ ေျခစြမ္းျပကစားနိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္အသင္းက ကာဗာနီကို ေနာက္ထပ္ တစ္ရာသီ သက္တမ္းတိုးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီကုန္မွာ ကာဗာနီရဲ႕ဖခင္ျဖစ္သူ လူးဝစ္ဟာ ကာဗာနီဟာ ေတာင္အေမရိကကို ျပန္ဖို႔ဆႏၵရွိေနၿပီး ဘိုကာဂ်ဴနီယာ အသင္းဆီေျပာင္းဖို႔ရွိတယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ကာဗာနီဟာ ကို‌ဗစ္ကာလ ကြင္းပိတ္ကစားခဲ့ရတဲ့အတြက္ ရာသီသစ္မွာ ယူနိုက္တက္ ပရိတ္သတ္မ်ားနဲ႕ ႀကဳံဆုံခ်င္ေသးတာ‌ေၾကာင့္ တစ္ရာသီ သက္တမ္းတိုးခဲ့တာျဖစ္ၿပီး ရာသီကုန္မွာ အသင္းနဲ႕လမ္းခြဲမွာ ျဖစ္ပါတယ္။

ယခုရာသီသစ္မွာေတာ့ ယူနိုက္တက္အသင္းဆီသို႔ တိုက္စစ္မႉးေဟာင္း ေပၚတူဂီလက္ေ႐ြးစင္ ကစားသမား ခရစၥတီယာနို ေရာ္နယ္ဒို ျပန္လည္ေရာက္ရွိလာခဲ့ၿပီ ျဖစ္ၿပီး ကာဗာနီဟာ လူႀကီးလူေကာင္းပီသစြာ ေက်ာနံပါတ္ ‌‌၇ ကို ျပန္လည္ဝတ္ဆင္လို႔တဲ့ မူလပိုင္ရွင္ ေရာ္နယ္ဒိုရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့သူလဲ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ကာဗာနီဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ယူနိုက္တက္နဲ႕ လမ္းခြဲဖို႔ ေသခ်ာသေလာက္ရွိသြားၿပီ ျဖစ္ၿပီး ဘိုကာဂ်ဴနီယာအသင္းတာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ေဟာ္ဟဲဘာျမဴဒက္ဇ္ကလဲ ကာဗာနီကို ယူနိုက္တက္ အသင္းထံမွေန စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ေခၚယူဖို႔ ႀကိဳးစားမည္ျဖစ္ေၾကာင္း အတည္ျပဳ ေျပာျပားထားပါတယ္

“ကာဗာနီကို ေခၚယူနိုင္ဖို႔ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ကြၽန္ေတာ္တို႔စိတ္ဝင္စားခဲ့တာျဖစ္ေပမယ့္ သူ႕ရဲ႕ဆုံးျဖတ္ခ်က္ကို ေလးစားမႈေပးရမွာပါ။ ဒါေပမဲ့ ကာဗာနီကိုေခၚယူဖို႔အတြက္ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားဆဲျဖစ္ၿပီး တစ္ေန႕ေန႕မွာေတာ့ အဲဒီေမွ်ာ္လင့္ခ်က္အေကာင္အထည္ေပၚလာမယ္လို႔ ထင္ပါတယ္”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။