Spots news

ရော်နယ်ဒို ၊ဗာရန်းတို့ အားကိုးနဲ့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ကြုံးဝါးလိုက်တဲ့ ဒီဂီယာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာက ရော်နယ်ဒို ၊ဗာရန်းနဲ့ ဆန်ချိုတို့ကဲ့သို့ ကစားသမားကောင်းများ ယူနိုက်တက် ခေါ်ယူနိုင်ခဲ့တာဟာ အသင်းကို ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး ယခုနှစ်ဘောလုံးရာသီမှာ အဓိကဆုဖလားကြီးတွေကို စိန်ခေါ်နိုင်တော့မယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲကစားကာ သွင်းဂိုး ၄ ဂိုး အထိသွင်းယူပေးထားသလို ဗာရန်းကလဲ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီး ယူနိုက်တက် ခံစစ်မှာ ချက်ချင်း အထိုင်ကျကာ တည်ငြိမ်မှုများ ပြသနေတာပါ။

ဒီဂီယာက “ပြီးခဲ့တဲ့နွေမှာ ကစားသမားကောင်းတွေကို ကျနော်တို့ ခေါ်ယူနိုင်ခဲ့တယ်။ နောက်ပြီး အသင်းရဲ့ လူစာရင်းကလည်း ကောင်းနေပါပြီ။ ပွဲတိုင်းကို ရင်ဆိုင်တိုက်ခိုက်ရင်းနဲ့ လိဂ်ရဲ့ထိပ်ပိုင်းမှာ ကျနော်တို့ရှိနေတယ်။ ခက်ခဲတယ်ဆိုတာအမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်နေလို့ပါပဲ”

“ပွဲတိုင်း ကစားရခက်ပါတယ်။ ဆုဖလားကြီးတွေအတွက် ကျနော်တို့ တိုက်ပွဲဝင်ချင်တယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ဖလားတွေအတွက် ကြိုးစားပြီး တိုက်ပွဲဝင်ချင်တယ်။ ကျနော်တို့မှာ ကစားသမားကောင်းတွေ ရှိတယ်၊ ပရိသတ်တွေလည်း ကျနော်တို့ဘက်မှာ ရှိတယ်။ အံ့ဩဖို့ကောင်းပါတယ်။ အသင်းက အခြေအ​နေကောင်းတစ်ရပ်မှာ ရှိတယ်လို့ ကျနော်ထင်တယ်”

“ပရီးမီးယားလိဂ်မှာ ဆုဖလားအတွက် တိုက်ပွဲဝင်နေကြတဲ့ ထိပ်တန်းအသင်းကြီးတွေ အမြဲရှိပါတယ်။ ဒီတော့ ဘာဖြစ်မလဲကြည့်ရအောင်။ ပြင်ဆင်စရာရှိတာကို ပုံမှန်ပြင်ဆင်၊ ရှေ့လာမယ့်ပွဲတွေကို အာရုံစိုက်ပြီး ထရိန်နင်နဲ့ တကယ့်ကွင်းထဲ ရောက်တဲ့အခါမှာ ရာနှုန်းပြည့် ပေးဆပ်ကစားဖို့ပဲ လိုတာပါ” ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ဂိုးသမား ေဒးဗစ္ဒီဂီယာက ေရာ္နယ္ဒို ၊ဗာရန္းနဲ႕ ဆန္ခ်ိဳတို႔ကဲ့သို႔ ကစားသမားေကာင္းမ်ား ယူနိုက္တက္ ေခၚယူနိုင္ခဲ့တာဟာ အသင္းကို ထူးျခားတဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစၿပီး ယခုႏွစ္ေဘာလုံးရာသီမွာ အဓိကဆုဖလားႀကီးေတြကို စိန္ေခၚနိုင္ေတာ့မယ္လို႔ ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကေန ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃ ပြဲကစားကာ သြင္းဂိုး ၄ ဂိုး အထိသြင္းယူေပးထားသလို ဗာရန္းကလဲ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ တြဲဖက္ၿပီး ယူနိုက္တက္ ခံစစ္မွာ ခ်က္ခ်င္း အထိုင္က်ကာ တည္ၿငိမ္မႈမ်ား ျပသေနတာပါ။

ဒီဂီယာက “ၿပီးခဲ့တဲ့ေႏြမွာ ကစားသမားေကာင္းေတြကို က်ေနာ္တို႔ ေခၚယူနိုင္ခဲ့တယ္။ ေနာက္ၿပီး အသင္းရဲ႕ လူစာရင္းကလည္း ေကာင္းေနပါၿပီ။ ပြဲတိုင္းကို ရင္ဆိုင္တိုက္ခိုက္ရင္းနဲ႕ လိဂ္ရဲ႕ထိပ္ပိုင္းမွာ က်ေနာ္တို႔ရွိေနတယ္။ ခက္ခဲတယ္ဆိုတာအမွန္ပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻ႔အေကာင္းဆုံးလိဂ္ ျဖစ္ေနလို႔ပါပဲ”

“ပြဲတိုင္း ကစားရခက္ပါတယ္။ ဆုဖလားႀကီးေတြအတြက္ က်ေနာ္တို႔ တိုက္ပြဲဝင္ခ်င္တယ္။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ ဖလားေတြအတြက္ ႀကိဳးစားၿပီး တိုက္ပြဲဝင္ခ်င္တယ္။ က်ေနာ္တို႔မွာ ကစားသမားေကာင္းေတြ ရွိတယ္၊ ပရိသတ္ေတြလည္း က်ေနာ္တို႔ဘက္မွာ ရွိတယ္။ အံ့ဩဖို႔ေကာင္းပါတယ္။ အသင္းက အေျခအ​ေနေကာင္းတစ္ရပ္မွာ ရွိတယ္လို႔ က်ေနာ္ထင္တယ္”

“ပရီးမီးယားလိဂ္မွာ ဆုဖလားအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ ထိပ္တန္းအသင္းႀကီးေတြ အၿမဲရွိပါတယ္။ ဒီေတာ့ ဘာျဖစ္မလဲၾကည့္ရေအာင္။ ျပင္ဆင္စရာရွိတာကို ပုံမွန္ျပင္ဆင္၊ ေရွ႕လာမယ့္ပြဲေတြကို အာ႐ုံစိုက္ၿပီး ထရိန္နင္နဲ႕ တကယ့္ကြင္းထဲ ေရာက္တဲ့အခါမွာ ရာႏႈန္းျပည့္ ေပးဆပ္ကစားဖို႔ပဲ လိုတာပါ” ဟု ေျပာၾကားခဲ့ပါတယ္။