Spots news

အဆန်စီယိုကို ယူရိုသန်း ၃၀ ခေါ်ယူဖို့ပြင်ဆင်နေတဲ့ မော်ရင်ဟိုရဲ့ ရိုးမား

Unicode Version

ရိုးမားအသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အဆန်စီယိုကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူရို သန်း၃၀နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ကတ္တလန်သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားဟာ အဆန်စီယိုကို ခေါ်ယူဖို့ စဉ်းစားနေကာ

ပြောင်းရွှေ့ကြေးအဖြစ် ကနဦး ယူရို သန်း၃၀၊ အပိုဆုကြေး ယူရို ၁၀ သန်း ပေးချေလိုကြောင်း ဆိုပါတယ်။အဆန်စီယိုဟာ ၂၀၁၄ခုနှစ်က ရီးရဲလ်ကို ရောက်လာခဲ့ပြီး ကစားသမားဘ၀ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာခဲ့ကာ ၂၅နှစ်သားပဲ ရှိသေးပေမဲ့

အဓိက ကစားသမားအဖြစ် ပွဲစဉ်အချို့မှာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ ခြေစွမ်းတည်ငြိမ်မှု မရှိသလို၊ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် အဆန်စီယိုတစ်ယောက် ရီးရဲလ်မှာ နေရာသိပ်မရတော့ပဲ ကစားနေရပေမဲ့ ယခုနှစ်မှာတော့ ဟက်ထရစ်အပါအဝင် ၆ပွဲမှာ ၃ဂိုး သွင်းထားခဲ့ပါတယ်။

ယခုအချိန်မှာတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ဇန်နဝါရီမှာ စပိန်သားကို ခေါ်ယူဖို့ ကြိုးစားနေပြီး ကနဦး ယူရိုသန်း၃၀နဲ့ ကမ်းလှမ်းလိုနေတယ်လို့ ဆိုပါတယ်။ ရိုးမားတိုက်စစ်မှာ ဇာနီအိုလို၊ အယ်ရှာရာဝီ၊ ကာလက်စ် ပီရက်ဇ်တို့ ရှိနေပေမဲ့ ပီရက်ဇ်ဟာ

အသင်းအဓိကနေရာမှာ ပါဝင်နေခဲ့ပြီး ဇန်နဝါရမှာ အသင်းက ထွက်ခွာဖို့ များနေပါတယ်။အဆန်စီယိုကတော့ ဟက်ထရစ်သွင်းခဲ့ပြီးနောက် ရီးရဲလ်မှာ အလှည့်အပြောင်း ဖြစ်လာဖို့ မျှော်လင့်နေတာကြောင့် ရိုးမားအနေနဲ့ ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi Version

ရိုးမားအသင္းဟာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္ကစားသမား အဆန္စီယိုကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ယူရို သန္း၃၀နဲ႕ ေခၚယူဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။ ကတၱလန္သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရိုးမားဟာ အဆန္စီယိုကို ေခၚယူဖို႔ စဥ္းစားေနကာ

ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ကနဦး ယူရို သန္း၃၀၊ အပိုဆုေၾကး ယူရို ၁၀ သန္း ေပးေခ်လိဳေၾကာင္း ဆိုပါတယ္။အဆန္စီယိုဟာ ၂၀၁၄ခုႏွစ္က ရီးရဲလ္ကို ေရာက္လာခဲ့ၿပီး ကစားသမားဘ၀ ႀကီးမားတဲ့ တိုးတက္မႈေတြ ရွိလာခဲ့ကာ ၂၅ႏွစ္သားပဲ ရွိေသးေပမဲ့

အဓိက ကစားသမားအျဖစ္ ပြဲစဥ္အခ်ိဳ႕မွာ ပါဝင္ခဲ့ရပါတယ္။ ဒါေပမဲ့ ေျခစြမ္းတည္ၿငိမ္မႈ မရွိသလို၊ ဒူးဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ အဆန္စီယိုတစ္ေယာက္ ရီးရဲလ္မွာ ေနရာသိပ္မရေတာ့ပဲ ကစားေနရေပမဲ့ ယခုႏွစ္မွာေတာ့ ဟက္ထရစ္အပါအဝင္ ၆ပြဲမွာ ၃ဂိုး သြင္းထားခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ ေမာ္ရင္ဟိုရဲ႕ ရိုးမားအသင္းက ဇန္နဝါရီမွာ စပိန္သားကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ကနဦး ယူရိုသန္း၃၀နဲ႕ ကမ္းလွမ္းလိုေနတယ္လို႔ ဆိုပါတယ္။ ရိုးမားတိုက္စစ္မွာ ဇာနီအိုလို၊ အယ္ရွာရာဝီ၊ ကာလက္စ္ ပီရက္ဇ္တို႔ ရွိေနေပမဲ့ ပီရက္ဇ္ဟာ

အသင္းအဓိကေနရာမွာ ပါဝင္ေနခဲ့ၿပီး ဇန္နဝါရမွာ အသင္းက ထြက္ခြာဖို႔ မ်ားေနပါတယ္။အဆန္စီယိုကေတာ့ ဟက္ထရစ္သြင္းခဲ့ၿပီးေနာက္ ရီးရဲလ္မွာ အလွည့္အေျပာင္း ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ ရိုးမားအေနနဲ႕ ေခၚယူနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။