Spots news

အမ်ဘာပေကိုခေါ်ယူဖို့ ကြိုက်သလောက်ငွေသုံးခွင့်ပြုလိုက်တဲ့ မန်စီးတီးပိုင်ရှင်

Unicode Version

ဓနအင်အား တောင့်တင်းတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပိုင်ရှင် ရှိတ်မန်ဆော်က‌တော့ နည်းပြဂွာဒီယိုလာရဲ့ တိုက်စစ်မှူး မရှိလို့ဆိုတဲ့ ညီးညူသံတွေကြောင့် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်

တိုက်စစ်မှူး အမ်ဘာ‌ပေကို ဘယ်လောက်ပေးရပေးရ ခေါ်ယူဖို့အတွက် အမိန့်ပေးလိုက်ပြီး ဇန်နဝါရီ စျေးကွက်မှာ အမ်ဘာပေကို စတင် ခေါ်ယူဖို့အတွက်ထိ ငွေသုံးခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာ‌ပေကို ရီးရဲလ် မက်ဒရစ်ကလည်း ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့ စျေးကွက်အတွင်း ရီးရဲလ်က ပေါင် ၁၄၅သန်းနဲ့ တစ်ကြိမ်၊ ပေါင် ၁၆၆သန်းနဲ့

တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ဘာပေနဲ့ ပီအက်စ်ဂျီတို့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အချိန်ကို ရီးရဲလ်ကစောင့်ဆိုင်း ခေါ်ယူဖို့စီစဉ်ထားခဲ့တာပါ။

မန်စီးတီးဟာ အထောင် တိုက်စစ်မှူးတစ်ဦး လိုအပ်နေပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုလဲ မြင့်မားတဲ့ ပြောင်းရွေ့ကြေးတွေ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် မဖြစ်မြောက် ခဲ့ပါဘူး။ ဒါကြောင့် အသင်းမှာ

အထောင်တိုက်စစ်မှူး လိုအပ်ချက်ကို နည်းပြ ဂွာဒီယိုလာက မကြာခန ညီးတွားနေပြီး ဇန်နဝါရီမှာ မဖြစ်မနေ တိုက်စစ်မှူး ခေါ်ယူမယ့်အချိန်မှာ အသင်းပိုင်ရှင်က ဘာပေအတွက် ကြိုက်သလောက်သုံးဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေပြီး စာချုပ်သစ်မချုပ်နိုင်ပါက ဇန်နဝါရီမှာ နှစ်သက်ရာအသင်းတွေနဲ့ ဆွေးနွေးခွင့်ရမှာဖြစ်သလို ကြိုတင် သဘောတူညီမှု ရယူနိုင်မှာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း သူတို့တိုက်စစ်မှူးကို စာချုပ်သစ်အတွက်ကြိုးပမ်းနေမှု မအောင်မြင်ပါက အလွတ်ပြောင်းရွှေ့ခွင့်မပေးရအောင် ဇန်နဝါရီမှာ ရောင်းချသွားရဖို့သာ ဆုံးဖြတ်ရတော့မှာပါ။

Zawgyi Version

ဓနအင္အား ေတာင့္တင္းတဲ့ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ ပိုင္ရွင္ ရွိတ္မန္ေဆာ္က‌ေတာ့ နည္းျပဂြာဒီယိုလာရဲ႕ တိုက္စစ္မႉး မရွိလို႔ဆိုတဲ့ ညီးၫူသံေတြေၾကာင့္ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္

တိုက္စစ္မႉး အမ္ဘာ‌ေပကို ဘယ္ေလာက္ေပးရေပးရ ေခၚယူဖို႔အတြက္ အမိန႔္ေပးလိုက္ၿပီး ဇန္နဝါရီ ေစ်းကြက္မွာ အမ္ဘာေပကို စတင္ ေခၚယူဖို႔အတြက္ထိ ေငြသုံးခြင့္ ေပးလိုက္ၿပီလို႔ သိရပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာ‌ေပကို ရီးရဲလ္ မက္ဒရစ္ကလည္း ေခၚယူခ်င္ေနၿပီး ၿပီးခဲ့တဲ့ ေစ်းကြက္အတြင္း ရီးရဲလ္က ေပါင္ ၁၄၅သန္းနဲ႕ တစ္ႀကိမ္၊ ေပါင္ ၁၆၆သန္းနဲ႕

တစ္ႀကိမ္ ကမ္းလွမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ထို႔ေၾကာင့္ ဘာေပနဲ႕ ပီအက္စ္ဂ်ီတို႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အခ်ိန္ကို ရီးရဲလ္ကေစာင့္ဆိုင္း ေခၚယူဖို႔စီစဥ္ထားခဲ့တာပါ။

မန္စီးတီးဟာ အေထာင္ တိုက္စစ္မႉးတစ္ဦး လိုအပ္ေနၿပီး စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကိုလဲ ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးေတြ ေပးကာ ကမ္းလွမ္းခဲ့ေပမယ့္ မျဖစ္ေျမာက္ ခဲ့ပါဘူး။ ဒါေၾကာင့္ အသင္းမွာ

အေထာင္တိုက္စစ္မႉး လိုအပ္ခ်က္ကို နည္းျပ ဂြာဒီယိုလာက မၾကာခန ညီးတြားေနၿပီး ဇန္နဝါရီမွာ မျဖစ္မေန တိုက္စစ္မႉး ေခၚယူမယ့္အခ်ိန္မွာ အသင္းပိုင္ရွင္က ဘာေပအတြက္ ႀကိဳက္သေလာက္သုံးဖို႔ ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ လက္ရွိအခ်ိန္ထိ ပီအက္စ္ဂ်ီနဲ႕စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပျဖစ္ေနၿပီး စာခ်ဳပ္သစ္မခ်ဳပ္နိုင္ပါက ဇန္နဝါရီမွာ ႏွစ္သက္ရာအသင္းေတြနဲ႕ ေဆြးေႏြးခြင့္ရမွာျဖစ္သလို ႀကိဳတင္ သေဘာတူညီမႈ ရယူနိုင္မွာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကလည္း သူတို႔တိုက္စစ္မႉးကို စာခ်ဳပ္သစ္အတြက္ႀကိဳးပမ္းေနမႈ မေအာင္ျမင္ပါက အလြတ္ေျပာင္းေ႐ႊ႕ခြင့္မေပးရေအာင္ ဇန္နဝါရီမွာ ေရာင္းခ်သြားရဖို႔သာ ဆုံးျဖတ္ရေတာ့မွာပါ။