Spots news

တိုက်စစ်အင်အားဖြည့်ဖို့ ဇန်နဝါရီမှာ မာရှယ်ကို အံ့ဩဖွယ် ခေါ်ယူမယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ အသင်းမှာ အနာဂတ်မသေချာတော့တဲ့ လာကာဇက်ရဲ့ နေရာကို အစားထိုးဖို့ အတွက် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ကို လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ကာလအတွင်း အံ့ဩသင့်ဖွယ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လာကာဇက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ယခုရာသီကုန်တွင် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရခြင်း မရှိသေးပဲ လာကာဇက်ကလည်း အသင်းနှင့် စာချုပ်သက်တမ်း တိုးလိုခြင်းမရှိတော့ကြောင်း သိရပါတယ်။ ထို့ကြောင့် အာဆင်နယ်အသင်းဟာ ယူနိုက်တက်မှ ထွက်ခွာလိုနေတဲ့ မာရှယ်ကို အစားထိုးဖို့ ပြင်ဆင်လာတာ ဖြစ်ကြောင်းသိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာလဲ အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်မှူး မာရှယ်ကိုကို ရောင်းချရန် စီစဉ်နေပြီး မာရှယ်ကလဲ ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းသို့ ပြောင်းရွှေ့လိုနေပါတယ်။ မာရှယ်ဟာ ရော်နယ်ဒို ရောက်ရှိလာပြီးနောက် အသင်းမှာ ပါဝင်ခွင့် ပိုမို နည်းပါးသွားသူပါ။

အသင်းရဲ့ တိုက်စစ်မြားဦးနေရာမှာ ကစားခွင့်ရရှိရန်အတွက် မာရှယ်အနေနဲ့ ရော်နယ်ဒို၊ ဂရင်းဝုဒ်၊ ကာဗာနီတို့နှင့်အပြိုင် ကြိုးစားရန် ရှိပါတယ်။ ယခုနှစ်‌ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲသာ မာရှယ်အနေနဲ့ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ထိုပွဲမှာ ဆောက်သမ်တန်နှင့် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ယူနိုက်တက်က မာရှယ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ခန့်ဖြင့် ကမ်းလှမ်းပါက ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ထုတ်ရောင်းသွားဖွယ်ရှိကြောင်း ဥရောပအားကစား မီဒီယာတစ်ခုက ဖော်ပြထားပြီး မာရှယ်ရဲ့ အေးဂျင့်များက တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းကို စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ အသင္းမွာ အနာဂတ္မေသခ်ာေတာ့တဲ့ လာကာဇက္ရဲ႕ ေနရာကို အစားထိုးဖို႔ အတြက္ ၿပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး မာရွယ္ကို လာမည့္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ကာလအတြင္း အံ့ဩသင့္ဖြယ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

လာကာဇက္နဲ႕ အာဆင္နယ္အသင္းတို႔ရဲ႕ စာခ်ဳပ္ဟာ ယခုရာသီကုန္တြင္ သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ေဆြးေႏြးမႈမ်ား ျပဳလုပ္ရျခင္း မရွိေသးပဲ လာကာဇက္ကလည္း အသင္းႏွင့္ စာခ်ဳပ္သက္တမ္း တိုးလိုျခင္းမရွိေတာ့ေၾကာင္း သိရပါတယ္။ ထို႔ေၾကာင့္ အာဆင္နယ္အသင္းဟာ ယူနိုက္တက္မွ ထြက္ခြာလိုေနတဲ့ မာရွယ္ကို အစားထိုးဖို႔ ျပင္ဆင္လာတာ ျဖစ္ေၾကာင္းသိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာလဲ အသင္းမွာ ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ ျပင္သစ္တိုက္စစ္မႉး မာရွယ္ကိုကို ေရာင္းခ်ရန္ စီစဥ္ေနၿပီး မာရွယ္ကလဲ ပုံမွန္ပြဲထြက္ခြင့္အတြက္ အသင္းသို႔ ေျပာင္းေ႐ႊ႕လိုေနပါတယ္။ မာရွယ္ဟာ ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ အသင္းမွာ ပါဝင္ခြင့္ ပိုမို နည္းပါးသြားသူပါ။

အသင္းရဲ႕ တိုက္စစ္ျမားဦးေနရာမွာ ကစားခြင့္ရရွိရန္အတြက္ မာရွယ္အေနနဲ႕ ေရာ္နယ္ဒို၊ ဂရင္းဝုဒ္၊ ကာဗာနီတို႔ႏွင့္အၿပိဳင္ ႀကိဳးစားရန္ ရွိပါတယ္။ ယခုႏွစ္‌ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္တစ္ပြဲသာ မာရွယ္အေနနဲ႕ ပြဲထြက္ခြင့္ရရွိခဲ့ၿပီး ထိုပြဲမွာ ေဆာက္သမ္တန္ႏွင့္ ၁ ဂိုးစီ သေရက်ခဲ့ပါတယ္။

ယူနိုက္တက္က မာရွယ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ ခန႔္ျဖင့္ ကမ္းလွမ္းပါက ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမွာ ထုတ္ေရာင္းသြားဖြယ္ရွိေၾကာင္း ဥေရာပအားကစား မီဒီယာတစ္ခုက ေဖာ္ျပထားၿပီး မာရွယ္ရဲ႕ ေအးဂ်င့္မ်ားက တိုက္စစ္မႉးဟာ အာဆင္နယ္အသင္းကို စိတ္ဝင္စားေၾကာင္း ေျပာဆိုခဲ့ပါတယ္။