Spots news

ဘိုဝမ်အတွက် ဇန်နဝါရီမှာ ဒုတိယအကြိမ်ကမ်းလှမ်းမှု ပြုလုပ်မယ့် လီဗာပူး

Unicode Version

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းတောင်ပံကစားသမား ဂျာရတ် ဘိုဝမ်အတွက် ပထမအကြိမ် ပေါင်သန်း၂၀ဖြင့် ကမ်းလှမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရသည်။

ပြီးခဲ့တဲ့ ၄ရက်အတွင်း ယူနိုက်တက်နဲ့တွေ့ဆုံရာမှာ မျက်စိကျလောက်စရာ ခြေစွမ်းရခဲ့တဲ့ ဟူးလ်စီးတီး ကစားသမားဟောင်း ဘိုဝမ်အား လီဗာပူးနည်းပြ ကလော့ပ်က အထူးနှစ်သက် သဘောကျလျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူနိုက်တက်နဲ့တွေ့ဆုံမှုတွင် ဘိုဝမ်ဟာ ဘန်ရတ်မာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ကြားရက် ကာရာဘောင်အဖြစ် အိမ်ကွင်းမှာ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာလည်း အသင်းအတွက် ခြေစွမ်းပြပေးခဲ့သည်။

Liverpool Echoရဲ့ ဖော်ပြချက်အရ ကလောပ့်ရဲ့ နှစ်သက်မှုကြောင့် လီဗာပူးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှာ စွယ်စုံရ ကစားနိုင်တဲ့ ဘိုဝမ်အား ဒုတိယအကြိမ် ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့သိရသည်။

ဒါပေမဲ့လည်း ဘိုဝမ်ဟာ လီဗာပူးအသင်းမှာ ဆာလက်၊ ဖာမီနို၊ မာနေး၊ ဂျိုတာတို့ရဲ့ နေရာကို တိုက်ရိုက်အစားဝင်သွားဖွယ် မရှိဘဲ နေရာတစ်နေရာအတွက် ကြိုးကြာနီတွေရဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီလက ဟူးလ်စီးတီးကနေ ၅နှစ်ခွဲ စာချုပ်ဖြင့် ဝက်စ်ဟမ်းအသင်းထံ ရောက်လာပြီးနောက် ဘိုဝမ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်မှာတင် ၈ဂိုးသွင်း ၅ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

ဝက်စ်ဟမ်းဘက်ကလည်း  ဟူးလ်စီးတီးထံ ပေးချေရတဲ့ ပေါင်၂၂သန်းဈေးအတိုင်း အနည်းဆုံး ဘိုဝမ်အတွက် ရမှသာ ရောင်းချသွားဖွယ် ရှိနေတယ်လို့သတင်းများက ဆိုသည်။

Zawgyi Version

လီဗာပူးအသင္းဟာ ဝက္စ္ဟမ္းေတာင္ပံကစားသမား ဂ်ာရတ္ ဘိုဝမ္အတြက္ ပထမအႀကိမ္ ေပါင္သန္း၂၀ျဖင့္ ကမ္းလွမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ဒုတိယအႀကိမ္ ထပ္မံကမ္းလွမ္းဖို႔ျပင္ဆင္ေနတယ္လို႔သိရသည္။

ၿပီးခဲ့တဲ့ ၄ရက္အတြင္း ယူနိုက္တက္နဲ႕ေတြ႕ဆုံရာမွာ မ်က္စိက်ေလာက္စရာ ေျခစြမ္းရခဲ့တဲ့ ဟူးလ္စီးတီး ကစားသမားေဟာင္း ဘိုဝမ္အား လီဗာပူးနည္းျပ ကေလာ့ပ္က အထူးႏွစ္သက္ သေဘာက်လ်က္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က ယူနိုက္တက္နဲ႕ေတြ႕ဆုံမႈတြင္ ဘိုဝမ္ဟာ ဘန္ရတ္မာရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးနိုင္ခဲ့သလို ၾကားရက္ ကာရာေဘာင္အျဖစ္ အိမ္ကြင္းမွာ ယူနိုက္တက္ကို ရင္ဆိုင္ရာမွာလည္း အသင္းအတြက္ ေျခစြမ္းျပေပးခဲ့သည္။

Liverpool Echoရဲ႕ ေဖာ္ျပခ်က္အရ ကေလာပ့္ရဲ႕ ႏွစ္သက္မႈေၾကာင့္ လီဗာပူးအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ တိုက္စစ္မွာ စြယ္စုံရ ကစားနိုင္တဲ့ ဘိုဝမ္အား ဒုတိယအႀကိမ္ ကမ္းလွမ္းဖို႔ျပင္ဆင္ေနတယ္လို႔သိရသည္။

ဒါေပမဲ့လည္း ဘိုဝမ္ဟာ လီဗာပူးအသင္းမွာ ဆာလက္၊ ဖာမီနို၊ မာေနး၊ ဂ်ိဳတာတို႔ရဲ႕ ေနရာကို တိုက္ရိုက္အစားဝင္သြားဖြယ္ မရွိဘဲ ေနရာတစ္ေနရာအတြက္ ႀကိဳးၾကာနီေတြရဲ႕ ၾကယ္ပြင့္ကစားသမားေတြနဲ႕ၿပိဳင္ဆိုင္ရမွာ ျဖစ္ပါတယ္။

၂၀၂၀ ဇန္နဝါရီလက ဟူးလ္စီးတီးကေန ၅ႏွစ္ခြဲ စာခ်ဳပ္ျဖင့္ ဝက္စ္ဟမ္းအသင္းထံ ေရာက္လာၿပီးေနာက္ ဘိုဝမ္ဟာ ဝက္စ္ဟမ္းအသင္းအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ ပြဲထြက္မွာတင္ ၈ဂိုးသြင္း ၅ဂိုး ဖန္တီးေပးထားနိုင္ပါတယ္။

ဝက္စ္ဟမ္းဘက္ကလည္း  ဟူးလ္စီးတီးထံ ေပးေခ်ရတဲ့ ေပါင္၂၂သန္းေဈးအတိုင္း အနည္းဆုံး ဘိုဝမ္အတြက္ ရမွသာ ေရာင္းခ်သြားဖြယ္ ရွိေနတယ္လို႔သတင္းမ်ားက ဆိုသည္။