Unicode Version
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ရူဒီဂါဟာ ယခုနှစ် ဘောလုံးရာသီအကုန်မှာ စတန်းဖို့ဘရစ်ချ်မှ ထွက်ခွာဖြစ်ခဲ့ပါက သူ့ကိုခေါ်ယူမယ့် အသင်းများကို တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၄ သိန်းခန့် တောင်းဆိုဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားပါတယ်
ဂျာမနီလက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ချဲလ်ဆီးသို့ နည်းပြသစ် တူချယ် ရောက်ရှိလာပြီးနောက် အသင်းမှာ ခြေစွမ်းကောင်းများ ပိုမိုပြသခဲ့ပြီး အဓိကနောက်ခံကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးပါက လစာ ပေါင် ၂ သိန်းခန့်ရယူလိုနေပြီး နည်းပြတူချယ်ကလဲ အသင်းမှာ ဆက်ထိန်းထားရန် ဆန္ဒရှိနေပါတယ်။
စာချုပ်သက်တမ်း ကုန်ဆုံးပါက ရူဒီဂါကိုခေါ်ယူဖို့ ဘိုင်ယန်၊ ပီအက်စ်ဂျီနှင့် ရီးရဲမက်ဒရစ် အသင်းတို့က စိတ်ဝင်စားနေပြီး တစ်ပတ်လျှင် ပေါင် ၁၃၀၀၀၀ လစာရနေတဲ့ ရူဒီဂါအနေနဲ့ အဆိုပါအသင်းကြီးများသို့ ပြောင်းရွှေ့ပြီး ပေါင် ၄ သိန်းခန့် ရရှိပါက ကမ္ဘာ့လစာအများဆုံး နောက်ခံလူ ဖြစ်လာဖွယ် ရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ယခုနှစ်နွေရာသီမှာ လစာငွေ ထိပ်တန်းရရှိနေသော မက်ဆီနှင့် ရာမို့စ်ကဲ့သို့ ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီး ရူဒီဂါရဲ့ အေးဂျင့်များကလဲ လာမည့်ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ရေး စတင်လှုပ်ရှား လာနိုင်ကြောင်းလည်း သတင်း ထွက်ပေါ်နေပါတယ်။
မန်ယူနိုက်တက် နှင့် အင်္ဂလန် နောက်ခံလူဟောင်း ဖာဒီနန်က ရူဒီဂါဟာ လက်ရှိပရီးမီးယားလိဂ်မှာ ဒီးယက်စ်၊ ဗန်ဒိုက်တို့ထက် ပိုကောင်းသည့် ခံစစ်မှူးဖြစ်ကြောင်း ချီးကျူးထားပါတယ်။ ရူဒီဂါဟာ လက်ရှိမန်နေဂျာ တူချယ်ရဲ့ လက်ထက်မှာအကောင်းဆုံး ခြေစွမ်းပြနိုင်သောကြောင့် ရူဒီဂါကို စာချုပ်သက်တမ်းတိုးရန် ချဲလ်ဆီးက အသည်းအသန် ကြိုးစားနေခြင်းဖြစ်ပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူ ႐ူဒီဂါဟာ ယခုႏွစ္ ေဘာလုံးရာသီအကုန္မွာ စတန္းဖို႔ဘရစ္ခ်္မွ ထြက္ခြာျဖစ္ခဲ့ပါက သူ႕ကိုေခၚယူမယ့္ အသင္းမ်ားကို တစ္ပတ္လွ်င္ လုပ္ခလစာ ေပါင္ ၄ သိန္းခန႔္ ေတာင္းဆိုဖြယ္ရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္
ဂ်ာမနီလက္ေ႐ြးစင္ ေနာက္ခံလူ ႐ူဒီဂါဟာ ခ်ဲလ္ဆီးသို႔ နည္းျပသစ္ တူခ်ယ္ ေရာက္ရွိလာၿပီးေနာက္ အသင္းမွာ ေျခစြမ္းေကာင္းမ်ား ပိုမိုျပသခဲ့ၿပီး အဓိကေနာက္ခံကစားသမား တစ္ဦး ျဖစ္လာခဲ့ပါတယ္။ ႐ူဒီဂါဟာ ခ်ဲလ္ဆီးနဲ႕ စာခ်ဳပ္သက္တမ္းတိုးပါက လစာ ေပါင္ ၂ သိန္းခန႔္ရယူလိုေနၿပီး နည္းျပတူခ်ယ္ကလဲ အသင္းမွာ ဆက္ထိန္းထားရန္ ဆႏၵရွိေနပါတယ္။
စာခ်ဳပ္သက္တမ္း ကုန္ဆုံးပါက ႐ူဒီဂါကိုေခၚယူဖို႔ ဘိုင္ယန္၊ ပီအက္စ္ဂ်ီႏွင့္ ရီးရဲမက္ဒရစ္ အသင္းတို႔က စိတ္ဝင္စားေနၿပီး တစ္ပတ္လွ်င္ ေပါင္ ၁၃၀၀၀၀ လစာရေနတဲ့ ႐ူဒီဂါအေနနဲ႕ အဆိုပါအသင္းႀကီးမ်ားသို႔ ေျပာင္းေ႐ႊ႕ၿပီး ေပါင္ ၄ သိန္းခန႔္ ရရွိပါက ကမာၻ႔လစာအမ်ားဆုံး ေနာက္ခံလူ ျဖစ္လာဖြယ္ ရွိေနပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ေႏြရာသီမွာ လစာေငြ ထိပ္တန္းရရွိေနေသာ မက္ဆီႏွင့္ ရာမို႔စ္ကဲ့သို႔ ကစားသမားမ်ားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူထားၿပီး ႐ူဒီဂါရဲ႕ ေအးဂ်င့္မ်ားကလဲ လာမည့္ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ေရး စတင္လႈပ္ရွား လာနိုင္ေၾကာင္းလည္း သတင္း ထြက္ေပၚေနပါတယ္။
မန္ယူနိုက္တက္ ႏွင့္ အဂၤလန္ ေနာက္ခံလူေဟာင္း ဖာဒီနန္က ႐ူဒီဂါဟာ လက္ရွိပရီးမီးယားလိဂ္မွာ ဒီးယက္စ္၊ ဗန္ဒိုက္တို႔ထက္ ပိုေကာင္းသည့္ ခံစစ္မႉးျဖစ္ေၾကာင္း ခ်ီးက်ဴးထားပါတယ္။ ႐ူဒီဂါဟာ လက္ရွိမန္ေနဂ်ာ တူခ်ယ္ရဲ႕ လက္ထက္မွာအေကာင္းဆုံး ေျခစြမ္းျပနိုင္ေသာေၾကာင့္ ႐ူဒီဂါကို စာခ်ဳပ္သက္တမ္းတိုးရန္ ခ်ဲလ္ဆီးက အသည္းအသန္ ႀကိဳးစားေနျခင္းျဖစ္ပါတယ္။