Unicode Version
ဆိုးလ်ရှားရဲ့ ယူနိုက်တက်တော့ အိမ်ကွင်းမှာ ဗီလာလိုအသင်းကို ကစားခဲ့ရပေမယ့်လည်း တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဂရင်းဝုဒ်တစ်ကိုယ်ကောင်းဆန်မှု၊ အချိတ်အဆက်တွေ မှားယွင်းမှုကြောင့် နစ်နာခဲ့ရပြီး ဗီလာရဲ့ တိုက်စစ်ကိုလည်း မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က ကသောင်းကနင်းနဲ့ ခုခံခဲ့ရပါတယ်။
ဗီလာက ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့်လည်း ယူနိုက်တက်ရဲ့ ခြေစွမ်းကိုက အားရစရာမရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှား ဘာတွေမှားနေလဲဆိုတာကို ထပ်တလဲလဲအဖြေရှာရတော့မယ့် အချိန်ဖြစ်နေပြီး ပြိုင်ဘက်အသင်းနဲ့ ကစားသမားအင်အားကွာဟချက်ကြီးမားတာတောင်မှ သူတို့ဘက်က အသာစီးနဲ့ ကစားနိုင်မှုမရှိခဲ့တာက တော်တော်လေးတော့ အံ့သြစရာကောင်းခဲ့ပါတယ်။
ရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ဗာရန်း၊ မက်ဂွိုင်းယားတို့ ကြားရက်မှာ အနားရထားပေမယ့် ပုံစံကောင်းမပြသနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဖာနန်ဒက်စ်က ပေးပို့မှုတွေလွဲမှားတုန်းဖြစ်ပြီး အခွင့်အရေးတချို့လည်း လွဲချော်ခဲ့ပါတယ်။ လုခ်ရှောဒဏ်ရာကြောင့် ပွဲချိန်အစောကြီး လူစားလဲခဲ့သလို မက်ဂွိုင်းယားကိုလည်း ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှာ ဆိုးလ်ရှားလူစားလဲလှယ်ခဲ့ရပါတယ်။
ရော်နယ်ဒို၊ ဗာရန်း၊ ဆန်ချိုတို့လို ကစားသမားတွေကို ခေါ်ယူထားပေမယ့် အသင်းကို အကောင်းဆုံးဖြစ်အောင် မတည်ဆောက်နိုင်သေးတဲ့ ဆိုးလ်ရှားအတွက်တေ့ာ ဝေဖန်ခံရဖို့သာရှိနေပါတယ်။ ဗီလာက ခပ်မာမာကစားခဲ့ပြီး လိုအပ်ချိန်တိုင်းမှာ ပြစ်ဒဏ်ကျူးလွန်ဖို့လည်း ဝန်မလေးခဲ့တာကို တွေ့ခဲ့ရပြီး ယူနိုက်တက်ကစားကွက်ကို ကောင်းကောင်းတည်မရအောင် ဖျက်ဆီးပြနိုင်ခဲ့ပါတယ်။
ဝတ်ကင်ရဲ့ အပိုင်ဂိုးတွေကိုသာ ဒီဂီယာမကာကွယ်နိုင်ခဲ့ရင် ယူနိုက်တက်တို့ အရေးတောင်နိမ့်သွားနိုင်မယ့် အနေအထားမှာရှိခဲ့ပါတယ်။ အပိုင်နှစ်လုံးအထိ ဝက်ကင်ရရှိခဲ့တာဖြစ်ပြီး ဒီဂီယာအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ကာဗာနီကို လူစားလဲထည့်သွင်းခဲ့ပေမယ့်လည်း ယူနိုက်တက်တို့
ဘာမှလုပ်မရခဲ့ဘဲ ပွဲချိန် ၈၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အနိုင်ဂိုးကို ခွင့်ပြုခဲ့ပြီး အိမ်ကွင်းမှာပဲ ၀-၁ နဲ့ ယူနိုက်တက်တို့အရေးနိမ့်သွားခဲ့ရပါတယ်။ ဗီလာအနိုင်ဂိုးရအပြီးမှာ ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပေမယ့်လည်း ဘရူနိုကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ချေပဂိုးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့ရတာပါ။
Zawgyi Version
ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ေတာ့ အိမ္ကြင္းမွာ ဗီလာလိုအသင္းကို ကစားခဲ့ရေပမယ့္လည္း ေတာ္ေတာ္ေလးကို ႐ုန္းကန္ခဲ့ရပါတယ္။ ဂိုးကန္သြင္းခြင့္ေတြရခဲ့ေပမယ့္ ဂရင္းဝုဒ္တစ္ကိုယ္ေကာင္းဆန္မႈ၊ အခ်ိတ္အဆက္ေတြ မွားယြင္းမႈေၾကာင့္ နစ္နာခဲ့ရၿပီး ဗီလာရဲ႕ တိုက္စစ္ကိုလည္း မက္ဂြိုင္းယားဦးေဆာင္တဲ့ ခံစစ္က ကေသာင္းကနင္းနဲ႕ ခုခံခဲ့ရပါတယ္။
ဗီလာက ေျခစြမ္းအေကာင္းႀကီးမဟုတ္ေပမယ့္လည္း ယူနိုက္တက္ရဲ႕ ေျခစြမ္းကိုက အားရစရာမရွိခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွား ဘာေတြမွားေနလဲဆိုတာကို ထပ္တလဲလဲအေျဖရွာရေတာ့မယ့္ အခ်ိန္ျဖစ္ေနၿပီး ၿပိဳင္ဘက္အသင္းနဲ႕ ကစားသမားအင္အားကြာဟခ်က္ႀကီးမားတာေတာင္မွ သူတို႔ဘက္က အသာစီးနဲ႕ ကစားနိုင္မႈမရွိခဲ့တာက ေတာ္ေတာ္ေလးေတာ့ အံ့ၾသစရာေကာင္းခဲ့ပါတယ္။
ေရာ္နယ္ဒို၊ ေပါ့ဂ္ဘာ၊ ဗာရန္း၊ မက္ဂြိုင္းယားတို႔ ၾကားရက္မွာ အနားရထားေပမယ့္ ပုံစံေကာင္းမျပသနိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဖာနန္ဒက္စ္က ေပးပို႔မႈေတြလြဲမွားတုန္းျဖစ္ၿပီး အခြင့္အေရးတခ်ိဳ႕လည္း လြဲေခ်ာ္ခဲ့ပါတယ္။ လုခ္ေရွာဒဏ္ရာေၾကာင့္ ပြဲခ်ိန္အေစာႀကီး လူစားလဲခဲ့သလို မက္ဂြိုင္းယားကိုလည္း ဒုတိယပိုင္းမိနစ္ ၆၀ ေက်ာ္မွာ ဆိုးလ္ရွားလူစားလဲလွယ္ခဲ့ရပါတယ္။
ေရာ္နယ္ဒို၊ ဗာရန္း၊ ဆန္ခ်ိဳတို႔လို ကစားသမားေတြကို ေခၚယူထားေပမယ့္ အသင္းကို အေကာင္းဆုံးျဖစ္ေအာင္ မတည္ေဆာက္နိုင္ေသးတဲ့ ဆိုးလ္ရွားအတြက္ေတ့ာ ေဝဖန္ခံရဖို႔သာရွိေနပါတယ္။ ဗီလာက ခပ္မာမာကစားခဲ့ၿပီး လိုအပ္ခ်ိန္တိုင္းမွာ ျပစ္ဒဏ္က်ဴးလြန္ဖို႔လည္း ဝန္မေလးခဲ့တာကို ေတြ႕ခဲ့ရၿပီး ယူနိုက္တက္ကစားကြက္ကို ေကာင္းေကာင္းတည္မရေအာင္ ဖ်က္ဆီးျပနိုင္ခဲ့ပါတယ္။
ဝတ္ကင္ရဲ႕ အပိုင္ဂိုးေတြကိုသာ ဒီဂီယာမကာကြယ္နိုင္ခဲ့ရင္ ယူနိုက္တက္တို႔ အေရးေတာင္နိမ့္သြားနိုင္မယ့္ အေနအထားမွာရွိခဲ့ပါတယ္။ အပိုင္ႏွစ္လုံးအထိ ဝက္ကင္ရရွိခဲ့တာျဖစ္ၿပီး ဒီဂီယာအေကာင္းဆုံးကာကြယ္နိုင္ခဲ့ပါတယ္။ ကာဗာနီကို လူစားလဲထည့္သြင္းခဲ့ေပမယ့္လည္း ယူနိုက္တက္တို႔
ဘာမွလုပ္မရခဲ့ဘဲ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အနိုင္ဂိုးကို ခြင့္ျပဳခဲ့ၿပီး အိမ္ကြင္းမွာပဲ ၀-၁ နဲ႕ ယူနိုက္တက္တို႔အေရးနိမ့္သြားခဲ့ရပါတယ္။ ဗီလာအနိုင္ဂိုးရအၿပီးမွာ ယူနိုက္တက္တို႔ ပင္နယ္တီရခဲ့ေပမယ့္လည္း ဘ႐ူနိုကန္သြင္းရာမွာ လြဲေခ်ာ္ခဲ့လို႔ ေခ်ပဂိုးေတာင္မရခဲ့ဘဲ အေရးနိမ့္ခဲ့ရတာပါ။