Unicode Version
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘန်ဒီဘိခ် ကို ယခု ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ နယ်သာလန် ကစားသမားဟောင်း ဒီဘိုးဝါးက တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဘန်ဒီဘိခ် အနေနဲ့ လာမည့် ယူရိုပြိုင်ပွဲ တွင် ပါဝင် ကစားဖို့ ရည်မှန်းချက် ရှိပါက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်နေလျှင် နယ်သာလန် လူစာရင်းတွင် ပါဝင်ရန် သေချာမှု မရှိကြောင်း ဒီဘိုးဝါးက သတိပေး လိုက်ပါတယ်။
ဘန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလ မှ အေဂျက် အသင်းမှ ယူနိုက်တက်သို့ ပြောင်းရွေ့ လာခဲ့တာ ဖြစ်ပြီး ပုံမှန် နေရာရ ရှိဖို့ ရုန်းကန် နေခဲ့ ရပါတယ်။ ကစားခွင့် ရတဲ့ အချိန်တိုင်း ဟာ လူစားဝင် ကစားသမား အဖြစ် ကစားခဲ့ ရတာ ဖြစ်ပြီး ခရစ်စမတ် ကာလမှာ ကတည်းက နည်းပြ ဆိုးလ်ရှားရဲ့ ရွေးချယ်မှုမှာ ပါဝင်ခွင့် မရရှိ တော့တာပါ။
ဒီဘိုးဝါးက “ မကြာခင်မှာ ယူရို ပြိုင်ပွဲတွေ စတင်ပါ တော့မယ်။ သူ့ရဲ့ ခြေစွမ်းကို ပြသခွင့် မရတဲ့ အသင်းမှာ ရှိနေသေး သ၍ သူ့ရဲ့ နိုင်ငံလက်ရွေးစင် နေရာက သေချာမှု မရှိသေး ပါဘူး။ အခု အချိန်မှာ ဘယ်အသင်းက သူ့အတွက် နေရာ ရနိုင်မလဲ ဆိုတာကို စဉ်းစားနေရမှာ ဖြစ်ပြီး အပြီးသတ် ပြောင်းရွေ့ခွင့် မရရင် အငှား နဲ့ ဖြစ်ဖြစ် ထွက် ကစား သင့်ပါတယ် ”
နယ်သာလန် အသင်းဟာ ယူကရိန်း ၊ ဩစတေးလျ ၊ မက်ဆီဒိုနီးယား တို့ နဲ့ အတူ တစ်အုပ်စုတည်း ကျရောက် နေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘန္ဒီဘိခ္ ကို ယခု ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ကေန ထြက္ခြာဖို႔ နယ္သာလန္ ကစားသမားေဟာင္း ဒီဘိုးဝါးက တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။
ဘန္ဒီဘိခ္ အေနနဲ႕ လာမည့္ ယူရိုၿပိဳင္ပြဲ တြင္ ပါဝင္ကစားဖို႔ ရည္မွန္းခ်က္ ရွိပါက မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ဆက္ေနလွ်င္ နယ္သာလန္ လူစာရင္းတြင္ ပါဝင္ရန္ ေသခ်ာမႈ မရွိေၾကာင္း ဒီဘိုးဝါးက သတိေပးလိုက္ပါတယ္။
ဘန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလ မွ ေအဂ်က္ အသင္းမွ ယူနိုက္တက္သို႔ ေျပာင္းေ႐ြ႕လာခဲ့တာ ျဖစ္ၿပီး ပုံမွန္ ေနရာရွိဖို႔ ႐ုန္းကန္ေနခဲ့ ရပါတယ္။ ကစားခြင့္ ရတဲ့ အခ်ိန္တိုင္းဟာ လူစားဝင္ကစားသမား အျဖစ္ ကစားခဲ့ ရတာ ျဖစ္ၿပီး ခရစ္စမတ္ ကာလမွာကတည္းက နည္းျပဆိုးလ္ရွားရဲ႕ ေ႐ြးခ်ယ္မႈမွာ ပါဝင္ခြင့္ မရရွိေတာ့တာပါ။
ဒီဘိုးဝါးက “ မၾကာခင္မွာ ယူရို ၿပိဳင္ပြဲေတြ စတင္ပါေတာ့မယ္။ သူ႕ရဲ႕ ေျခစြမ္းကို ျပသခြင့္ မရတဲ့ အသင္းမွာရွိေနေသး သ၍ သူ႕ရဲ႕ နိုင္ငံလက္ေ႐ြးစင္ ေနရာက ေသခ်ာမႈ မရွိေသးပါဘူး။ အခုအခ်ိန္မွာ ဘယ္အသင္းက သူ႕အတြက္ ေနရာရနိုင္မလဲ ဆိုတာကို စဥ္းစားေနရမွာ ျဖစ္ၿပီး အၿပီးသတ္ ေျပာင္းေ႐ြ႕ခြင့္ မရရင္ အငွား နဲ႕ ျဖစ္ျဖစ္ ထြက္ကစားသင့္ပါတယ္ ”
နယ္သာလန္ အသင္းဟာ ယူကရိန္း ၊ ဩစေတးလ် ၊ မက္ဆီဒိုနီးယား တို႔ နဲ႕ အတူ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။