Spots news

ဘရူနိုကြောင့် ဗီလာ ဂိုးသမားစော်ကားတာ ခံလိုက်ရတဲ့ ယူနိုက်တက်ပရိတ်သတ်များ

Unicode Version

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဗီလာကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက

ဖြုန်းတီးလွန်းခဲ့တာကြောင့် အခုလိုမျိုး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပင်နယ်တီတွေကို ပင်တိုင်ကန်သွင်းနေကျ ရော်နယ်ဒို ကွင်းထဲမှာပဲရှိနေပေမယ့် ဘရူနိုဖာနန်ဒက်စ်က အခုလို ပင်နယ်တီကန်ခဲ့တာဖြစ်ပြီး လွဲချော်ခဲ့ရပါတယ်။

ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီမကန်ခင်မှာ ပြိုင်ဘက် ဗီလာကစားသမားတွေက ဘရူနိုဖာနန်ဒက်စ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဝိုင်းလုပ်ခဲ့ကြတာကြောင့် ဘရူနိုဖာနန်ဒက်စ်က အခုလိုမျိုး ပင်နယ်တီကို ဒေါသတကြီးကန်သွင်းခဲ့တယ်လို့လည်း တချို့က ယူဆနေပါတယ်။

ဒါ့အပြင် ကွင်းအတွင်းကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေ၊ အထူးသဖြင့် ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီကန်ချိန် ဗီလာဂိုးသမားနောက်က ယူနိုက်တက်ပရိသတ်တွေကတော့ ကိုယ့်အသင်းက ကစားသမား ပင်နယ်တီမဝင်တဲ့အပြင်

ပြိုင်ဘက် ဂိုးသမားရဲ့ ကပြလှောင်ပြောင်ခြင်းကိုပါ ခံလိုက်ရတာပါ။ ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲချော်သွားပြီးချိန်မှာ မာတီနက်ဇ်က သူ့နောက်မှာရှိတဲ့ ယူနိုက်တက်ပရိသတ်တွေဘက်ကို လှည့်ပြီး မထီမဲ့မြင်ပုံစံမျိုးနဲ့ ခါးကော့ကပြခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ဟာ နွေရာသီမှာကျင်းပခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်ရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာလည်း ကိုလံဘီယာနောက်ခံလူ ယယ်ရီမီနာကို သူပင်နယ်တီမကန်ခင်မှာ စိတ်အနှောင့်အယှက်ဖြစ်အောင်

ပြောဆိုခဲ့ဖူးတဲ့ ကစားသမားပါ။ ပြိုင်ဘက် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ အပြုအမူနဲ့ပတ်သက်လို့လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောကြားသွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

Zawgyi Version

ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္ဟာ ဗီလာကို အိမ္ကြင္းမွာ ၀-၁ ဂိုးနဲ႕ ရႈံးနိမ့္ခဲ့တဲ့ပြဲရဲ႕ ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို မိုးေပၚေထာင္ကန္ခဲ့ပါတယ္။ ယူနိုက္တက္ဟာ ဒီပြဲမွာ ဂိုးသြင္းခြင့္ေတြရရွိခဲ့ေပမယ့္ တိုက္စစ္ပိုင္းက

ျဖဳန္းတီးလြန္းခဲ့တာေၾကာင့္ အခုလိုမ်ိဳး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ ရႈံးပြဲနဲ႕ ရင္ဆိုင္ခဲ့ရတာပါ။ ပင္နယ္တီေတြကို ပင္တိုင္ကန္သြင္းေနက် ေရာ္နယ္ဒို ကြင္းထဲမွာပဲရွိေနေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္က အခုလို ပင္နယ္တီကန္ခဲ့တာျဖစ္ၿပီး လြဲေခ်ာ္ခဲ့ရပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ပင္နယ္တီမကန္ခင္မွာ ၿပိဳင္ဘက္ ဗီလာကစားသမားေတြက ဘ႐ူနိုဖာနန္ဒက္စ္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ဝိုင္းလုပ္ခဲ့ၾကတာေၾကာင့္ ဘ႐ူနိုဖာနန္ဒက္စ္က အခုလိုမ်ိဳး ပင္နယ္တီကို ေဒါသတႀကီးကန္သြင္းခဲ့တယ္လို႔လည္း တခ်ိဳ႕က ယူဆေနပါတယ္။

ဒါ့အျပင္ ကြင္းအတြင္းကို လာေရာက္ၾကည့္ရႈခဲ့တဲ့ ပရိသတ္ေတြ၊ အထူးသျဖင့္ ဘ႐ူနိုဖာနန္ဒက္စ္ ပင္နယ္တီကန္ခ်ိန္ ဗီလာဂိုးသမားေနာက္က ယူနိုက္တက္ပရိသတ္ေတြကေတာ့ ကိုယ့္အသင္းက ကစားသမား ပင္နယ္တီမဝင္တဲ့အျပင္

ၿပိဳင္ဘက္ ဂိုးသမားရဲ႕ ကျပေလွာင္ေျပာင္ျခင္းကိုပါ ခံလိုက္ရတာပါ။ ဘ႐ူနိုဖာနန္ဒက္စ္ ပင္နယ္တီလြဲေခ်ာ္သြားၿပီးခ်ိန္မွာ မာတီနက္ဇ္က သူ႕ေနာက္မွာရွိတဲ့ ယူနိုက္တက္ပရိသတ္ေတြဘက္ကို လွည့္ၿပီး မထီမဲ့ျမင္ပုံစံမ်ိဳးနဲ႕ ခါးေကာ့ကျပခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနား လက္ေ႐ြးစင္ ဂိုးသမား မာတီနက္ဇ္ဟာ ေႏြရာသီမွာက်င္းပခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္ရဲ႕ ပင္နယ္တီအဆုံးအျဖတ္မွာလည္း ကိုလံဘီယာေနာက္ခံလူ ယယ္ရီမီနာကို သူပင္နယ္တီမကန္ခင္မွာ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္

ေျပာဆိုခဲ့ဖူးတဲ့ ကစားသမားပါ။ ၿပိဳင္ဘက္ ဗီလာဂိုးသမား မာတီနက္ဇ္ရဲ႕ အျပဳအမူနဲ႕ပတ္သက္လို႔လည္း ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေဝဖန္ေျပာၾကားသြားခဲ့ေသးတယ္လို႔လည္း သိရွိရပါတယ္။