Spots news
ဆိုးလ်ရှားရဲ့ ထိုင်ခုံကိုသိသိသာသာ လှုပ်လာပြီဖြစ်တဲ့ မန်ယူရဲ့ နှစ်ပွဲဆက်အရှုံး
Unicode Version
မန်ချက်စတာ ယူနိူက်တက်တို့ လုံးဝထင်မှတ်မထားတဲ့ အက်စတွန်ဗီလာရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဗီလာက ပွဲထွက်စာရင်းထွက်လာတည်းက သူ့ရဲ့ ပုံမှန်အခင်းအကျင်း (၄-၂-၃-၁)ပုံစံကနေ ခွဲထွက်ပြီး ယူနိုက်တက် တိုက်စစ်ကို ထိန်းချုပ်ဖို့ ပိုကျစ်လျစ်တဲ့ (၅-၃-၂)ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တယ်။
မက်တီကတ်ရှ်နဲ့ မတ်တားဂတ်တို့ရဲ့ နောက်ခံ တောင်ပံ ၂စုံရဲ့ လျင်မြန်တဲ့ အတက်အဆင်း က ယူနိုက်တက်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တယ်။ ဆိုးရှားရဲ့ ယူနိုက်တက်ကတော့ လက်ရှိမှာ သူတို့ရဲ့ အကောင်းဆုံး ၁၁ယောက်လို့ ယူဆလို့ရတဲ့လူတွေနဲ့ပဲ လူစုံတက်စုံ ရင်ဆိုင်လာခဲ့တာပါ။ ယူနိုက်တက်ရဲ့ အဓိကအားနည်းချက်က အရင်ရာသီတွေကလို တစ်ပုံစံတည်း ကွာခြားမှုမရှိဘူးလို့ ပြောရမှာပါ။
ခံစစ်ကို အသေပိတ်ပြီး တန်ပြန် တိုက်စစ် ပုံစံဆော့လာတဲ့ အသင်းတွေနဲ့ ထိရောက်တဲ့ အဖြေမျိုး ဆိုးရှားလ်တစ်ယောက် ရှာဖွေဖို့ အခက်အခဲရှိနေဆဲလို့ ပြောရမလိုပါပဲ။ တော်မီနေး-ဖရက် ကွင်းလယ်အတွဲဟာ အသင်းကြီးတွေနဲ့ တွေ့ရင် ကောင်းတတ်ပေမဲ့ မာကျောတဲ့အသင်းလတ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့နှစ်‌ယောက်က ပုံစံတူဖြစ်နေပြိး တိုက်စစ်လမ်းကြောင်းကို သွားရာမှာ အားနည်းချက်တွေ ပေါ်နေခဲ့တယ်။
အထူးသဖြင့် ရော်နယ်ဒိုဟာ တော်တော်လေးကို ဗီလာနောက်ခံလူ တွေကြားမှာ လှုပ်မရရှားမရ ဖြစ်နေပြီး လူငယ်‌ကြယ်ပွင့် ဂရင်းဝုဒ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကလဲ ယူနိုက်တက်ကို အတော်လေးနစ်နာခဲ့ပါတယ်။ ဗီလာရဲ့ ဒီနေ့ပွဲ အကောင်းဆုံးကစားသမားကတော့ ခြွင်းချက်မရှိ ဗီလာရဲ့အနိုင်ဂိုးရှင် Hause ပါပဲ။ သူက ခံစစ်ပိုင်းမှာလဲ တော်တော်လေး ဝာာဝန်ကျေခဲ့တာတွေ့ရပါတယ်။
ယူနိုက်တက်တို့ နောက်ဆုံးမိနစ်မှာ ကာဗာနီရဲ့ ခေါင်းတိုက်ချက်ကြောင့် Hauss ရဲ့လက်ကိုထိပြီး ယူနိုက်တက်တို့ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့ပေမဲ့ ဘရူနိုဖာနန်ဒက်စ် မိုးပေါ်ထောင်ကန်ခဲ့တာကတော့ ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ် ၂ပွဲဆက်ရှုံးပွဲနဲ့အတူ ဖိအားတွေအောက် ရောက်လာခဲ့ပြီဖြစ်ပါတယ်။
Zawgyi Version