Spots news

ဗီလာရဲ့ သွင်းဂိုးဟာ လူကျွန်ဘောကြီးပါဆိုပြီး ဆင်ခြေပေးနေတဲ့ ဆိုးလ်ရှား

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယမန်နေ့မှာ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ ထိုက်တန်မှု မရှိတဲ့ ရှုံးပွဲ ဖြစ်ကြောင်းနဲ့ ဗီလာအသင်းရဲ့ အနိုင်ဂိုးဟာ လူကျွံဘော ဖြစ်နေကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရပြီး ဗီလာနောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ကာ ယခုနှစ် ဘောလုံးရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ဗီလာအသင်း ရရှိသွားတဲ့ အနိုင်ဂိုးနဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ကို ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ဗီလာအသင်းရဲ့ နောက်ခံလူ ဟောက်စ် ခေါင်းတိုက်ဂိုး သွင်းယူနေတဲ့ အချိန်မှာ ဗီလာတိုက်စစ်မှူး ဝက်စ်ကင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာရဲ့ အနားမှာ ရှိနေကာ လူကျွံအနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စည်းကြပ်ဒိုင်ကလည်း အဆိုပါ သွင်းဂိုးဟာ လူကျွံဘော ဖြစ်ကြောင်း အလံထောင်ကာ ကွင်းလယ်ဒိုင်ကို အချက်ပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ကတော့ သွင်းဂိုးအဖြစ် ဆုံးဖြတ်ကာ ပွဲကို ဆက်လက်

ကစားစေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ဒိုင်နဲ့ VARရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး လက်စတာအသင်းရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ဝေဖန်ခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးက ကောင်းမွန်တဲ့ သွင်းဂိုး တဂိုး ဖြစ်ခဲ့ရင် အဲ့ဒီသွင်းဂိုးကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ဒီဂိုးက လူကျွံဘောပါ။ ဟောက်စ်က ခေါင်းတိုက်ခဲ့တဲ့ အချိန်မှာပဲ ဝက်စ်ကင်းက ဒီဂီယာကို ကာထားခဲ့ပါတယ်။ ဒါက ဘယ်လိုဖြစ်ပြီး သွင်းဂိုး ဖြစ်သွားရတာလဲ။

လက်စတာလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံဖူးပြီး သူတို့ကတော့ ဂိုးမရခဲ့ပါဘူး။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် တည်ငြိမ်မှု မရှိတာလို့ပဲ မြင်ပါတယ်။ ဒါက လူကျွံဘောပါ။ ပြီးတော့ စည်းကြပ်ဒိုင်ကလည်း

လူကျွံဘော ဖြစ်ကြောင်း အလံထောင်ခဲ့ပါတယ်။ ဒါပေမယ့် VARကတော့ ဒါကို လက်မခံပါဘူး။ နောက်ထပ်တကြိမ် VARရဲ့ အမှားပေါ့” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွား ကေတာ့ ယမန္ေန႕မွာ ဗီလာအသင္းကို ရႈံးနိမ့္ခဲ့ရတာဟာ ထိုက္တန္မႈ မရွိတဲ့ ရႈံးပြဲ ျဖစ္ေၾကာင္းနဲ႕ ဗီလာအသင္းရဲ႕ အနိုင္ဂိုးဟာ လူကြၽံေဘာ ျဖစ္ေနေၾကာင္း ပြဲအၿပီးမွာ ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၆) အျဖစ္ ဗီလာအသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံကစားခဲ့ရၿပီး ဗီလာေနာက္ခံလူ ေဟာက္စ္ရဲ႕ ေနာက္က် အနိုင္ဂိုးေၾကာင့္ ၀-၁ ဆိုတဲ့ ရလဒ္နဲ႕ အေရးနိမ့္ခဲ့ကာ ယခုႏွစ္ ေဘာလုံးရာသီရဲ႕ ပထမဦးဆုံး ပရီးမီးယားလိဂ္ အရႈံးနဲ႕ ရင္ဆိုင္ခဲ့ရပါတယ္။

ဒါေပမယ့္ ဗီလာအသင္း ရရွိသြားတဲ့ အနိုင္ဂိုးနဲ႕ ပတ္သတ္ၿပီး ကြင္းလယ္ဒိုင္နဲ႕ VARအဖြဲ႕ကို ေဝဖန္မႈေတြ ရွိေနခဲ့ၿပီး ဗီလာအသင္းရဲ႕ ေနာက္ခံလူ ေဟာက္စ္ ေခါင္းတိုက္ဂိုး သြင္းယူေနတဲ့ အခ်ိန္မွာ ဗီလာတိုက္စစ္မႉး ဝက္စ္ကင္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂိုးသမား ဒီဂီယာရဲ႕ အနားမွာ ရွိေနကာ လူကြၽံအေနအထားကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

စည္းၾကပ္ဒိုင္ကလည္း အဆိုပါ သြင္းဂိုးဟာ လူကြၽံေဘာ ျဖစ္ေၾကာင္း အလံေထာင္ကာ ကြင္းလယ္ဒိုင္ကို အခ်က္ျပခဲ့ေပမယ့္ ကြင္းလယ္ဒိုင္နဲ႕ VARအဖြဲ႕ကေတာ့ သြင္းဂိုးအျဖစ္ ဆုံးျဖတ္ကာ ပြဲကို ဆက္လက္ ကစားေစခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက ကြင္းလယ္ဒိုင္နဲ႕ VARရဲ႕ ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ခဲ့ၿပီး လက္စတာအသင္းရဲ႕ ျဖစ္ရပ္နဲ႕ ႏွိုင္းယွဥ္ကာ ေဝဖန္ခဲ့ပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးက ေကာင္းမြန္တဲ့ သြင္းဂိုး တဂိုး ျဖစ္ခဲ့ရင္ အဲ့ဒီသြင္းဂိုးကို လက္ခံနိုင္ပါတယ္။ ဒါေပမယ့္ ဒီဂိုးက လူကြၽံေဘာပါ။ ေဟာက္စ္က ေခါင္းတိုက္ခဲ့တဲ့ အခ်ိန္မွာပဲ ဝက္စ္ကင္းက ဒီဂီယာကို ကာထားခဲ့ပါတယ္။ ဒါက ဘယ္လိုျဖစ္ၿပီး သြင္းဂိုး ျဖစ္သြားရတာလဲ။

လက္စတာလည္း ဒီလိုျဖစ္ရပ္မ်ိဳး ႀကဳံဖူးၿပီး သူတို႔ကေတာ့ ဂိုးမရခဲ့ပါဘူး။ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္ဒိုင္ေတြရဲ႕ ဆုံးျဖတ္ခ်က္ တည္ၿငိမ္မႈ မရွိတာလို႔ပဲ ျမင္ပါတယ္။ ဒါက လူကြၽံေဘာပါ။ ၿပီးေတာ့ စည္းၾကပ္ဒိုင္ကလည္း လူကြၽံေဘာ ျဖစ္ေၾကာင္း အလံေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ VARကေတာ့ ဒါကို လက္မခံပါဘူး။ ေနာက္ထပ္တႀကိမ္ VARရဲ႕ အမွားေပါ့” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။