Spots news

ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ လျိူ့ဝှက်နည်းစနစ်ကို ပြောပြလိုက်တဲ့ သွင်းဂိုးရှင် ဂျေးဆု

Unicode Version

မန်စီးတီးတိုက်စစ်မှူး ဂါဘရီရဲယ်ဂျေးဆုက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲက မန်စီးတီးရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီပွဲမှာ မန်စီးတီးက တိုက်စစ်၊ ချဲလ်ဆီးက ခံစစ်အသွင်နဲ့အားပြိုင်ခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာတော့ ဂျေးဆုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ဂျေးဆုက “ကျွန်တော် အခုပြောချင်တာက တခြားအသင်းတွေအတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းကောင်းကောင်းကစားချင်ပြီး တစ်ခါတလေမှာတော့ ပုံစံကောင်းမပြသနိုင်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကိုင်ထားတဲ့အချိန်

တိုက်စစ်ဆင်နိုင်တဲ့အချိန်တွေမှာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့၊ ဂိုးတွေသွင်းနိုင်ဖို့ ထိပ်တန်းကစားသမားတွေရှိပါတယ်။ ဒီပွဲကို ကျွန်တော်တို့ ပုံစံအတိုင်း ကောင်းကောင်းကစားနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချဲလ်ဆီးက ဥရောပချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေအများကြီး ပိုင်ဆိုင်ထားပါတယ်”

“ဒီတော့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပေမယ့် ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်လည်းရခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ပတ်သက်လို့လည်း ဂျေးဆုက “ကျွန်တော် ဒီလိုမျိုး ကောင်းကောင်းလှည့်နိုင်မယ်မထင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခါတလေ ဒီလိုလုပ်ရတာ ခက်ခဲလို့ပါ။ ဒါပေမယ့် ကျွန်တော် လှည့်ထွက်ခဲ့ပြီး ကန်သွင်းခဲ့ပါတယ်”

“တော်တော်လေး ကံကောင်းခဲ့တာပါ။ ဒါပေမယ့် ဂိုးသွင်းနိုင်လို့ ကျွန်တော် ပျော်ရွှင်ရပါတယ်။ အရေးကြီးဆုံးက အားလုံးကစားခွင့်ရပြီး ကျွန်တော်တို့ နိုင်ပွဲရဖို့ပါ” လို့ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၁၃) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version

မန္စီးတီးတိုက္စစ္မႉး ဂါဘရီရဲယ္ေဂ်းဆုက ခ်ဲလ္ဆီးကို အနိုင္ရရွိခဲ့တဲ့ပြဲက မန္စီးတီးရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ လွ်ို႔ဝွက္ခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ဒီပြဲမွာ မန္စီးတီးက တိုက္စစ္၊ ခ်ဲလ္ဆီးက ခံစစ္အသြင္နဲ႕အားၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ေဂ်းဆုရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႕ အနိုင္ရရွိခဲ့တာပါ။

ပြဲအၿပီး မီဒီယာနဲ႕ေတြ႕ဆုံရာမွာ ေဂ်းဆုက “ကြၽန္ေတာ္ အခုေျပာခ်င္တာက တျခားအသင္းေတြအတြက္ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က အၿမဲတမ္းေကာင္းေကာင္းကစားခ်င္ၿပီး တစ္ခါတေလမွာေတာ့ ပုံစံေကာင္းမျပသနိုင္ပါဘူး ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေဘာလုံးကိုင္ထားတဲ့အခ်ိန္

တိုက္စစ္ဆင္နိုင္တဲ့အခ်ိန္ေတြမွာ အခြင့္အေရးေတြဖန္တီးနိုင္ဖို႔၊ ဂိုးေတြသြင္းနိုင္ဖို႔ ထိပ္တန္းကစားသမားေတြရွိပါတယ္။ ဒီပြဲကို ကြၽန္ေတာ္တို႔ ပုံစံအတိုင္း ေကာင္းေကာင္းကစားနိုင္ဖို႔ ျပင္ဆင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးက ဥေရာပခ်န္ပီယံအသင္းတစ္သင္းျဖစ္ၿပီး ကစားသမားေကာင္းေတြအမ်ားႀကီး ပိုင္ဆိုင္ထားပါတယ္”

“ဒီေတာ့ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲခဲ့ေပမယ့္ ေကာင္းေကာင္းကစားနိုင္ခဲ့ၿပီး အနိုင္လည္းရခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ သူသြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႕ပတ္သက္လို႔လည္း ေဂ်းဆုက “ကြၽန္ေတာ္ ဒီလိုမ်ိဳး ေကာင္းေကာင္းလွည့္နိုင္မယ္မထင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ တစ္ခါတေလ ဒီလိုလုပ္ရတာ ခက္ခဲလို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ လွည့္ထြက္ခဲ့ၿပီး ကန္သြင္းခဲ့ပါတယ္”

“ေတာ္ေတာ္ေလး ကံေကာင္းခဲ့တာပါ။ ဒါေပမယ့္ ဂိုးသြင္းနိုင္လို႔ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ရပါတယ္။ အေရးႀကီးဆုံးက အားလုံးကစားခြင့္ရၿပီး ကြၽန္ေတာ္တို႔ နိုင္ပြဲရဖို႔ပါ” လို႔ေျပာၾကားခဲ့ပါတယ္။ မန္စီးတီးဟာ ဒီနိုင္ပြဲေၾကာင့္ ရမွတ္ (၁၃) မွတ္နဲ႕ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာအထိကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။