Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ကတော့ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး သွင်းယူနိုင်မယ့် ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၂ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါ နှစ်ပွဲစလုံးကိုလည်း အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဗီလာအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တပွဲလုံးနီးပါး ဗီလာအသင်းဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ရရှိဖို့ အဓိကကျတဲ့ အဆုံးသတ် ဂိုးသွင်းယူမှု အားနည်းခဲ့တာကြောင့် လိုအပ်တဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိပဲ ဗီလာအသင်းကတော့ နောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၉၀ကျော်မှာ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို တပွဲလုံး ခြေစွမ်းပြထားတဲ့ ဘရူနို ဖာနန်ဒက်က တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းကို ကျော်သွားခဲ့တာကြောင့် ချေပဂိုး ရရှိခဲ့ခြင်း မရှိပဲ ယခုရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဘရူနို ဖာနန်ဒက်ကတော့ သူ့ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှု အတွက် ပရိသတ်တွေကို ပွဲအပြီးမှာ ချက်ချင်းပဲ တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။ ဖာနန်ဒက်က “ပင်နယ်တီ လွဲချော်တာနဲ့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဘယ်သူကမှ ကျွန်တော့်လောက် စိတ်ပျက်မယ် မထင်ပါဘူး။ ကျွန်တော်က အမြဲတမ်း ကိုယ့်ရဲ့ တာဝန်ကို ကျေပွန်အောင် ကြိုးစားသလို အခုလိုမျိုး ဖိအားများတဲ့ အခြေအနေတွေမှာလည်း အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။
ဒီနေ့ပွဲမှာတော့ ကျွန်တော့်ဘက်က တာဝန်မကျေခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က ရှေ့ဆက်သွားပါဦးမယ်။ အသင်းရဲ့ မျှော်မှန်းချက်တွေ အတွက် စိန်ခေါ်မှုတွေ ကြုံလာတဲ့ အခါ အခုလိုပဲ ရဲရဲရင့်ရင့်နဲ့ တာဝန်တွေ ဆက်ယူသွားပါမယ်။ ပြီးတော့ ဘောလုံးကိုလည်း ဂိုးပိုက်ထဲ ရောက်အောင် သွင်းပေးပါဦးမယ်။ ဝေဖန်မှုတွေကတော့ ဘောလုံးလောကရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တခု ဖြစ်သလို
ကျွန်တော်ကလည်း အဲ့ဒါနဲ့ အသားကျနေပါပြီ။ ဝေဖန်မှုတွေကို ကျွန်တော့်ရဲ့ တိုးတက်မှု အတွက် အသုံးဝင်တဲ့ အရာတွေ အဖြစ်လည်း ပြောင်းလဲထားပါတယ်။ ကျွန်တော့် အတွက် အရေးအကြီးဆုံးက အသင်းအတွက် ၊ အသင်းဖော်တွေ အတွက် အကောင်းဆုံး ကစားသမား တဦး ဖြစ်နေအောင် အစွမ်းကုန် ကြိုးစားဖို့ပါပဲ” လို့ တောင်းပန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္တိုက္စစ္ ကစားသမား ဘ႐ူနို ဖာနန္ဒက္ကေတာ့ ဗီလာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ ေခ်ပဂိုး သြင္းယူနိုင္မယ့္ ပင္နယ္တီကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြကို ေတာင္းပန္စကား ေျပာၾကားသြားခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၆) အျဖစ္ ဗီလာအသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ကစားခဲ့ရေပမယ့္ ၀-၁ ဆိုတဲ့ ရလဒ္နဲ႕ အေရးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၂ပြဲဆက္တိုက္ အရႈံးနဲ႕ ရင္ဆိုင္ခဲ့ရၿပီး အဆိုပါ ႏွစ္ပြဲစလုံးကိုလည္း အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။
ဗီလာအသင္းနဲ႕ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ တပြဲလုံးနီးပါး ဗီလာအသင္းဘက္ကို ဖိအားေပး ကစားနိုင္ခဲ့ေပမယ့္ သြင္းဂိုးေတြ ရရွိဖို႔ အဓိကက်တဲ့ အဆုံးသတ္ ဂိုးသြင္းယူမႈ အားနည္းခဲ့တာေၾကာင့္ လိုအပ္တဲ့ သြင္းဂိုးေတြ ရယူနိုင္ခဲ့ျခင္း မရွိပဲ ဗီလာအသင္းကေတာ့ ေနာက္ခံလူ ေဟာက္စ္ရဲ႕ ေနာက္က် အနိုင္ဂိုးနဲ႕ အနိုင္ ၃မွတ္ကို ရယူနိုင္ခဲ့တာပါ။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ တရစပ္ တိုက္စစ္ဆင္ ကစားခဲ့တာေၾကာင့္ ပြဲကစားခ်ိန္ မိနစ္ ၉၀ေက်ာ္မွာ ပင္နယ္တီ ရရွိခဲ့ၿပီး အဆိုပါ ပင္နယ္တီကို တပြဲလုံး ေျခစြမ္းျပထားတဲ့ ဘ႐ူနို ဖာနန္ဒက္က တာဝန္ယူ ကန္သြင္းခဲ့ေပမယ့္ ဂိုးဘားတန္းကို ေက်ာ္သြားခဲ့တာေၾကာင့္ ေခ်ပဂိုး ရရွိခဲ့ျခင္း မရွိပဲ ယခုရာသီရဲ႕ ပထမဦးဆုံး ပရီးမီးယားလိဂ္ရႈံးပြဲနဲ႕ ႀကဳံေတြ႕ခဲ့ရပါတယ္။
ဘ႐ူနို ဖာနန္ဒက္ကေတာ့ သူ႕ရဲ႕ ပင္နယ္တီ လြဲေခ်ာ္ခဲ့မႈ အတြက္ ပရိသတ္ေတြကို ပြဲအၿပီးမွာ ခ်က္ခ်င္းပဲ ေတာင္းပန္စကား ေျပာၾကားသြားခဲ့ပါတယ္။ ဖာနန္ဒက္က “ပင္နယ္တီ လြဲေခ်ာ္တာနဲ႕ ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့တဲ့ အတြက္ ဘယ္သူကမွ ကြၽန္ေတာ့္ေလာက္ စိတ္ပ်က္မယ္ မထင္ပါဘူး။ ကြၽန္ေတာ္က အၿမဲတမ္း ကိုယ့္ရဲ႕ တာဝန္ကို ေက်ပြန္ေအာင္ ႀကိဳးစားသလို အခုလိုမ်ိဳး ဖိအားမ်ားတဲ့ အေျခအေနေတြမွာလည္း အေကာင္းဆုံး စြမ္းေဆာင္နိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။
ဒီေန႕ပြဲမွာေတာ့ ကြၽန္ေတာ့္ဘက္က တာဝန္မေက်ခဲ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က ေရွ႕ဆက္သြားပါဦးမယ္။ အသင္းရဲ႕ ေမွ်ာ္မွန္းခ်က္ေတြ အတြက္ စိန္ေခၚမႈေတြ ႀကဳံလာတဲ့ အခါ အခုလိုပဲ ရဲရဲရင့္ရင့္နဲ႕ တာဝန္ေတြ ဆက္ယူသြားပါမယ္။ ၿပီးေတာ့ ေဘာလုံးကိုလည္း ဂိုးပိုက္ထဲ ေရာက္ေအာင္ သြင္းေပးပါဦးမယ္။ ေဝဖန္မႈေတြကေတာ့ ေဘာလုံးေလာကရဲ႕ အဓိကက်တဲ့ အစိတ္အပိုင္း တခု ျဖစ္သလို
ကြၽန္ေတာ္ကလည္း အဲ့ဒါနဲ႕ အသားက်ေနပါၿပီ။ ေဝဖန္မႈေတြကို ကြၽန္ေတာ့္ရဲ႕ တိုးတက္မႈ အတြက္ အသုံးဝင္တဲ့ အရာေတြ အျဖစ္လည္း ေျပာင္းလဲထားပါတယ္။ ကြၽန္ေတာ့္ အတြက္ အေရးအႀကီးဆုံးက အသင္းအတြက္ ၊ အသင္းေဖာ္ေတြ အတြက္ အေကာင္းဆုံး ကစားသမား တဦး ျဖစ္ေနေအာင္ အစြမ္းကုန္ ႀကိဳးစားဖို႔ပါပဲ” လို႔ ေတာင္းပန္သြားခဲ့တာပဲ ျဖစ္ပါတယ္။