Spots news

ရှူံပွဲအတွက် ဆင်ခြေတွေပေးမနေဖို့ နည်းပြဆိုးလ်ရှားကို ဒဲ့ပြောလိုက်တဲ့ ဒီဂီယာ

Unicode Version

ယမန်နေ့ညက အက်စ်တန်ဗီလာတို့ ရရှိသွားခဲ့တဲ့ အနိုင်ဂိုးနဲ့ပတ်သက်ပြီး ဆင်ခြေပေးမနေဖို့ ဒေးဗစ်ဒီဂီယာက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်းနားဆိုးလ်ရှားဟာ ကော့နေးဟော့စ်ရဲ့

ခေါင်းတိုက်ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ကို ဝေဖန်ခဲ့ပါတယ်။ ရုပ်သံအနှေးပြကွက်တွေမှာတော့ အက်စ်တန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်က ဒီဂီယာရဲ့မြင်ကွင်းကို ပိတ်ဆို့ထားခဲ့ပြီး သူဟာ လူကျွံဘောအနေအထားမှာ ရှိနေခဲ့ပါတယ်။

ဆိုးလ်ရှားက “လူကျွံဘောကြီးပါ။ ဟော့စ် ခေါင်းတိုက်သွားတယ်ဆိုပေမယ့် ဝက်ကင်းစ်က ဒေးဗစ်ကို ဆွဲထားသလိုဖြစ်နေပါတယ်။ သူက သူ့ကို နှောင့်ယှက်ခဲ့ပါတယ်။ VAR က ဒီဂိုးကို ခွင့်ပြုပေးခဲ့တယ်ဆိုတာ ဘယ်နည်းနဲ့မျှ မတရားပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် စပိန်သားကတော့ ပရီးမီးယားလိဂ်ဆုဖလားကိုရယူဖို့ ပစ်မှတ်ထားတယ်ဆိုရင် သရဲနီတွေအနေနဲ့ ဒီလိုပွဲမျိုးကို အနိုင်ကစားသင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားတဲ့ပွဲစဥ်မှာ သရေတစ်မှတ်ရရှိဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဂီယာကတော့ ရှုံးပွဲအတွက် ဆင်ခြေပေးနေလို့မရဘူးလို့ ဆိုးလ်ရှားကို တုန့်ပြန်ခဲ့တာပါ။ သူက “ကျွန်တော်တို့အတွက် အရမ်း စိတ်ပျက်ဖို့ကောင်းတဲ့နေ့ပါ။” လို့ MUTV သို့ ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ဒီနေ့အတွက် ဆင်ခြေပေးနေလို့ မရပါဘူး။ ကျွန်တော်တို့က ယုံကြည်မှုအပြည့်နဲ့ အိမ်ကွင်းမှာ ကစားရတာပါ။ နောက်ပြီး ကျွန်တော်တို့က ပရီးမီးယားလိဂ်လို ဆုဖလားကြီးတွေကို ရယူချင်တယ်ဆိုရင် ဒီလိုပွဲမျိုးကို ရှုံးလို့မရပါဘူး။”

အက်စ်တန်ဗီလာရဲ့ အနိုင်ဂိုးနဲ့ပတ်သက်ပြီးလည်း သူက “set piece ကနေ ကျွန်တော်တို့ ဂိုးပေးခဲ့ရပါတယ်။ နောက်ပြီး ကျွန်တော် ဒါကို ပြန်ကြည့်ခဲ့တယ်။ ဒါက လူကျွံဘောဖြစ်နိုင်ပါတယ်။ သူ (ဝက်ကင်းစ်) က ကျွန်တော်နဲ့ အရမ်း နီးနီးကပ်ကပ် ရှိနေခဲ့ပါတယ်။ နောက်တစ်ကြိမ် ဒီလိုအမှားမျိုး ထပ်ဖြစ်ပြန်ပါပြီ။” လို့ ပြောခဲ့ပါတယ်။

Zawgyi Version

ယမန္ေန႕ညက အက္စ္တန္ဗီလာတို႔ ရရွိသြားခဲ့တဲ့ အနိုင္ဂိုးနဲ႕ပတ္သက္ၿပီး ဆင္ေျခေပးမေနဖို႔ ေဒးဗစ္ဒီဂီယာက ေျပာၾကားခဲ့ပါတယ္။ ယူနိုက္တက္နည္းျပ အိုေလဂန္းနားဆိုးလ္ရွားဟာ ေကာ့ေနးေဟာ့စ္ရဲ႕

ေခါင္းတိုက္ဂိုးကို ခြင့္ျပဳေပးခဲ့တဲ့ VAR ကို ေဝဖန္ခဲ့ပါတယ္။ ႐ုပ္သံအေႏွးျပကြက္ေတြမွာေတာ့ အက္စ္တန္ဗီလာတိုက္စစ္မႉး အိုလီဝက္ကင္းစ္က ဒီဂီယာရဲ႕ျမင္ကြင္းကို ပိတ္ဆို႔ထားခဲ့ၿပီး သူဟာ လူကြၽံေဘာအေနအထားမွာ ရွိေနခဲ့ပါတယ္။

ဆိုးလ္ရွားက “လူကြၽံေဘာႀကီးပါ။ ေဟာ့စ္ ေခါင္းတိုက္သြားတယ္ဆိုေပမယ့္ ဝက္ကင္းစ္က ေဒးဗစ္ကို ဆြဲထားသလိုျဖစ္ေနပါတယ္။ သူက သူ႕ကို ေႏွာင့္ယွက္ခဲ့ပါတယ္။ VAR က ဒီဂိုးကို ခြင့္ျပဳေပးခဲ့တယ္ဆိုတာ ဘယ္နည္းနဲ႕မွ် မတရားပါဘူး။” လို႔ ဆိုခဲ့ပါတယ္။

ဒါေပမယ့္ စပိန္သားကေတာ့ ပရီးမီးယားလိဂ္ဆုဖလားကိုရယူဖို႔ ပစ္မွတ္ထားတယ္ဆိုရင္ သရဲနီေတြအေနနဲ႕ ဒီလိုပြဲမ်ိဳးကို အနိုင္ကစားသင့္တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ယူနိုက္တက္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာကစားတဲ့ပြဲစဥ္မွာ သေရတစ္မွတ္ရရွိဖို႔ အခြင့္အေရး ရွိခဲ့ေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္က ပင္နယ္တီကို လြဲေခ်ာ္ခဲ့ပါတယ္။

ဒါ့အျပင္ ဒီဂီယာကေတာ့ ရႈံးပြဲအတြက္ ဆင္ေျခေပးေနလို႔မရဘူးလို႔ ဆိုးလ္ရွားကို တုန့္ျပန္ခဲ့တာပါ။ သူက “ကြၽန္ေတာ္တို႔အတြက္ အရမ္း စိတ္ပ်က္ဖို႔ေကာင္းတဲ့ေန႕ပါ။” လို႔ MUTV သို႔ ေျပာၾကားခဲ့ပါတယ္။

“ဒါေပမယ့္ ဒီေန႕အတြက္ ဆင္ေျခေပးေနလို႔ မရပါဘူး။ ကြၽန္ေတာ္တို႔က ယုံၾကည္မႈအျပည့္နဲ႕ အိမ္ကြင္းမွာ ကစားရတာပါ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔က ပရီးမီးယားလိဂ္လို ဆုဖလားႀကီးေတြကို ရယူခ်င္တယ္ဆိုရင္ ဒီလိုပြဲမ်ိဳးကို ရႈံးလို႔မရပါဘူး။”

အက္စ္တန္ဗီလာရဲ႕ အနိုင္ဂိုးနဲ႕ပတ္သက္ၿပီးလည္း သူက “set piece ကေန ကြၽန္ေတာ္တို႔ ဂိုးေပးခဲ့ရပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ ဒါကို ျပန္ၾကည့္ခဲ့တယ္။ ဒါက လူကြၽံေဘာျဖစ္နိုင္ပါတယ္။ သူ (ဝက္ကင္းစ္) က ကြၽန္ေတာ္နဲ႕ အရမ္း နီးနီးကပ္ကပ္ ရွိေနခဲ့ပါတယ္။ ေနာက္တစ္ႀကိမ္ ဒီလိုအမွားမ်ိဳး ထပ္ျဖစ္ျပန္ပါၿပီ။” လို႔ ေျပာခဲ့ပါတယ္။