Spots news

လီဗာပူးအတွက် အမြန်ဆုံးသွင်းဂိုး ၁၀၀ ပြည့်စံချိန် ရယူနိုင်ခဲ့တဲ့ ဆာလတ်

Unicode Version

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလတ် ကတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ လီဗာပူးအသင်းတို့ တဖက် ၃ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ပရိသတ်တွေ အတွက် ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ကာ ဘရန့်ဖို့ဒ်အသင်းက လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို နှစ်ကြိမ်တိုင်တိုင် လိုက်လံ ချေပနိုင်ခဲ့ကာ သရေတမှတ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၇မိနစ်မှာ ပင်နော့ခ် ၊ ပွဲကစားချိန် ၆၃မိနစ်မှာ ဂျာနက် ၊ ပွဲကစားချိန် ၈၂မိနစ်တို့မှာ ဝစ်ဆာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၃၁မိနစ်မှာ ဂျိုတာ ၊ ပွဲကစားချိန် ၅၄မိနစ်မှာ ဆာလတ်နဲ့ ပွဲကစားချိန် ၆၇မိနစ်မှာ ကာတစ်ဂျုံးစ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဆာလတ်ရဲ့ လီဗာပူး ကစားသမားဘဝ ၁၀၀ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ပြီး ဆာလတ်ဟာ ပရီးမီးယားလိဂ်မှာ ၁၅၁ပွဲ ကစားပြီးချိန်မှာပဲ ယခုလို သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆာလတ်ရဲ့ အရှေ့မှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ကတော့ လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရော်ဂျာဟောင့်ခ် ဖြစ်ပြီး ရော်ဂျာဟောင့်ခ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅၂ပွဲ ကစားပြီးချိန်မှ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာကြောင့် ဆာလတ်ဟာ ရော်ဂျာဟောင့်ခ်ထက် တပွဲလျော့တဲ့ အနေအထားနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

Zawgyi Version

လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဆာလတ္ ကေတာ့ ဘရန႔္ဖို႔ဒ္အသင္းနဲ႕ လီဗာပူးအသင္းတို႔ တဖက္ ၃ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂိုး ၁ဂိုး သြင္းယူနိုင္ခဲ့ၿပီးေနာက္ လီဗာပူးအသင္းရဲ႕ သမိုင္းတေလွ်ာက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ အျမန္ဆုံး ျပည့္ခဲ့တဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္ဟာ အေတာ္ေလးကို အႀကိတ္အနယ္ ရွိခဲ့ၿပီး ပရိသတ္ေတြ အတြက္ ေဖ်ာ္ေျဖမႈ ေပးနိုင္တဲ့ ပြဲေကာင္းတပြဲ ျဖစ္ခဲ့ကာ ဘရန႔္ဖို႔ဒ္အသင္းက လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြကို ႏွစ္ႀကိမ္တိုင္တိုင္ လိုက္လံ ေခ်ပနိုင္ခဲ့ကာ သေရတမွတ္နဲ႕ ထိုက္တန္တဲ့ ေျခစြမ္းေကာင္း တရပ္ကို ျပသနိုင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာ ဘရန႔္ဖို႔ဒ္အသင္း အတြက္ သြင္းဂိုးေတြကို ပြဲကစားခ်ိန္ ၂၇မိနစ္မွာ ပင္ေနာ့ခ္ ၊ ပြဲကစားခ်ိန္ ၆၃မိနစ္မွာ ဂ်ာနက္ ၊ ပြဲကစားခ်ိန္ ၈၂မိနစ္တို႔မွာ ဝစ္ဆာတို႔က သြင္းယူေပးခဲ့တာ ျဖစ္ၿပီး လီဗာပူးအသင္း အတြက္ သြင္းဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၃၁မိနစ္မွာ ဂ်ိဳတာ ၊ ပြဲကစားခ်ိန္ ၅၄မိနစ္မွာ ဆာလတ္နဲ႕ ပြဲကစားခ်ိန္ ၆၇မိနစ္မွာ ကာတစ္ဂ်ဳံးစ္တို႔က အသီးသီး သြင္းယူေပးခဲ့ၾကတာပါ။

ဘရန႔္ဖို႔ဒ္အသင္းနဲ႕ ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ ဆာလတ္ရဲ႕ လီဗာပူး ကစားသမားဘဝ ၁၀၀ဂိုးေျမာက္ ပရီးမီးယားလိဂ္ သြင္းဂိုး ျဖစ္ခဲ့ၿပီး ဆာလတ္ဟာ ပရီးမီးယားလိဂ္မွာ ၁၅၁ပြဲ ကစားၿပီးခ်ိန္မွာပဲ ယခုလို သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့တာေၾကာင့္ လီဗာပူးအသင္းရဲ႕ သမိုင္းတေလွ်ာက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ကို အျမန္ဆုံး ျပည့္ခဲ့တဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဆာလတ္ရဲ႕ အေရွ႕မွာ ဒီစံခ်ိန္ကို ပိုင္ဆိုင္ထားတဲ့ ကစားသမား ကေတာ့ လီဗာပူးအသင္းရဲ႕ ဂႏၲဝင္ ကစားသမားႀကီး ေရာ္ဂ်ာေဟာင့္ခ္ ျဖစ္ၿပီး ေရာ္ဂ်ာေဟာင့္ခ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅၂ပြဲ ကစားၿပီးခ်ိန္မွ သြင္းဂိုး ၁၀၀ ျပည့္ခဲ့တာေၾကာင့္ ဆာလတ္ဟာ ေရာ္ဂ်ာေဟာင့္ခ္ထက္ တပြဲေလ်ာ့တဲ့ အေနအထားနဲ႕ စံခ်ိန္သစ္ တင္နိုင္ခဲ့တာပါ။