Spots news

ဗီလာရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ လုခ်ရှော နဲ့ မက်ဂွိုင်းယားတို့ ပါဝင်နိုင်ဖွယ်မရှိ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ နောက်ခံအစွန်လူ လုခ်ရှောတို့ (၂)ယောက်လုံးဟာ ဗီလာရီးယဲလ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)ကို လွဲချော်ရနိုင်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဗီလာအသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားခဲ့ပေမယ့် ဗီလာနောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျသွင်းဂိုးတစ်ဂိုးတည်းနဲ့ ရှုံးပွဲစတင် တွေ့ရှိခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမား(၂)ဦးဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကပါ ဒဏ်ရာအသီးသီး ရရှိသွားခဲ့ရပါတယ်။

ပထမဆုံးအနေနဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောက (၃၄)မိနစ်အတွင်း ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒါလော့နဲ့ လူစားလဲခဲ့ရပြီး ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားကပါ ဒဏ်ရာရသွားခဲ့ပြန်တာကြောင့် (၆၇)မိနစ်မှာပဲ လင်ဒီလော့နဲ့ လဲလှယ်သွားခဲ့ရပါတယ်။

ကစားသမား(၂)ဦးလုံးရဲ့ ဒဏ်ရာအနေအထားအရ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ဒဏ်ရာအခြေအနေက သိပ်မဆိုးလောက်ပေမယ့်လည်း လာမယ့်ကြားရက်မှာ ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကစားသမား(၂)ဦးလုံးကို အနားပေးရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ပြီးရင် အဲဗာတန် လက်စတာအသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ လီဗာပူးလ် စပါးအသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ပွဲကျပ်တွေကို ဆက်တိုက်တွေ့ကြုံထားရတော့မှာဖြစ်လို့ လုခ်ရှော မက်ဂွိုင်းယားတို့ရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်စရာ အနေအထားမှာသာ

ရှိနေရမယ်ဆိုရင် ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာရနိုင်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဖွင့်ပွဲစဉ်အတွင်း ယန်းဘွိုင်းစ်အသင်းကို အရေးနိမ့်ထားတာဖြစ်လို့ ဗီလာရီးယဲလ်ကို ဧည့်ခံကစားရမယ့် ပွဲစဉ်အတွင်း မဖြစ်မနေ အနိုင်ယူဖို့ပါ လိုအပ်လျက် ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ အက္စတြန္ဗီလာအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ ဒဏ္ရာအသီးသီး ရရွိသြားခဲ့ၾကတဲ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြိုင္းယားနဲ႕ ေနာက္ခံအစြန္လူ လုခ္ေရွာတို႔ (၂)ေယာက္လုံးဟာ ဗီလာရီးယဲလ္အသင္းနဲ႕ ရင္ဆိုင္သြားရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ပြဲစဥ္(၂)ကို လြဲေခ်ာ္ရနိုင္တယ္လို႔ သိရွိရပါတယ္။

ယူနိုက္တက္အသင္းဟာ ဗီလာအသင္းကို အိမ္ကြင္းအိုးထရက္ဖိုဒ့္မွာ ဧည့္ခံကစားခဲ့ေပမယ့္ ဗီလာေနာက္ခံလူ ေဟာက္စ္ရဲ႕ ေနာက္က်သြင္းဂိုးတစ္ဂိုးတည္းနဲ႕ ရႈံးပြဲစတင္ ေတြ႕ရွိခဲ့ရသလို အသင္းရဲ႕ အဓိက ကစားသမား(၂)ဦးျဖစ္တဲ့ မက္ဂြိုင္းယားနဲ႕ လုခ္ေရွာတို႔ကပါ ဒဏ္ရာအသီးသီး ရရွိသြားခဲ့ရပါတယ္။

ပထမဆုံးအေနနဲ႕ ဘယ္ေနာက္ခံကစားသမား လုခ္ေရွာက (၃၄)မိနစ္အတြင္း ေပါင္ၿခံဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ ဒါေလာ့နဲ႕ လူစားလဲခဲ့ရၿပီး ဒုတိယပိုင္း ပြဲကစားခ်ိန္မွာလည္း အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားကပါ ဒဏ္ရာရသြားခဲ့ျပန္တာေၾကာင့္ (၆၇)မိနစ္မွာပဲ လင္ဒီေလာ့နဲ႕ လဲလွယ္သြားခဲ့ရပါတယ္။

ကစားသမား(၂)ဦးလုံးရဲ႕ ဒဏ္ရာအေနအထားအရ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားရဲ႕ ဒဏ္ရာအေျခအေနက သိပ္မဆိုးေလာက္ေပမယ့္လည္း လာမယ့္ၾကားရက္မွာ ဗီလာရီးယဲလ္အသင္းနဲ႕ ယွဥ္ၿပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ ကစားသမား(၂)ဦးလုံးကို အနားေပးရဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္အသင္းအေနနဲ႕ ဗီလာရီးယဲလ္နဲ႕ ရင္ဆိုင္ၿပီးရင္ အဲဗာတန္ လက္စတာအသင္းေတြနဲ႕ ပရီးမီးယားလိဂ္ပြဲ အတၱလန္တာအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲ လီဗာပူးလ္ စပါးအသင္းေတြနဲ႕ ပရီးမီးယားလိဂ္ပြဲေတြအျဖစ္ ပြဲက်ပ္ေတြကို ဆက္တိုက္ေတြ႕ႀကဳံထားရေတာ့မွာျဖစ္လို႔ လုခ္ေရွာ မက္ဂြိုင္းယားတို႔ရဲ႕ ဒဏ္ရာအေျခအေနက စိုးရိမ္စရာ အေနအထားမွာသာ

ရွိေနရမယ္ဆိုရင္ ယူနိုက္တက္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာရနိုင္ပါတယ္။ ဒါ့အျပင္ ယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း အုပ္စုအဖြင့္ပြဲစဥ္အတြင္း ယန္းဘြိုင္းစ္အသင္းကို အေရးနိမ့္ထားတာျဖစ္လို႔ ဗီလာရီးယဲလ္ကို ဧည့္ခံကစားရမယ့္ ပြဲစဥ္အတြင္း မျဖစ္မေန အနိုင္ယူဖို႔ပါ လိုအပ္လ်က္ ရွိေနပါတယ္။