Spots news

အသင်းဖော်နေမာကိုတောင် ပြစ်တင်ဝေဖန်မှု ပြုလုပ်နေပြီဖြစ်တဲ့ ဘတ်ပီ

Unicode Version

ပီအက်စ်ဂျီက မောင့်ပယ်လီယာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်မှာ လူစားလဲလှယ်ခံရပြိးနောက် တိုက်စစ်မှူးဘတ်ပီဟာ အသင်းဖော်နေမာကို ပြစ်တင်ပြောဆိုမှုတွေ

ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်သတင်းဌာန RMC Sport က ဖော်ပြသွားခဲ့ပါတယ်။ ဘတ်ပီဟာ အရန်ခုံတန်းမှာထိုင်ခဲ့ပြိးနောက် ဂွီယီကို ပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်။

ဘတ်ပီကတော့ လူစားလဲလှယ်ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ နေမာကို ပြစ်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ နေမာရော၊ ဘတ်ပီပါ ဂိုးပေါက်ပျောက်ခဲ့ကြပြီး ဘတ်ပီအတွက်တော့

၃ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်နေသေးတဲ့ ဘတ်ပီရဲ့ အပြုအမူတွေကတော့ ပဲရစ်ကို နှုတ်ဆက်တော့မှာလားလို့ ထင်ခဲ့ရပါတယ်။

Canal + က အမိအရရိုက်ကူးခဲ့တဲ့ မှတ်တမ်းအရ ဘတ်ပီက ဂွီယီကို “သူ ငါ့ဆီကို ဘောလုံးကို ပို့မပေးဘူး” လို့ ပြောဆိုကာ လက်ကလည်း နေမာကို ညွှန်ပြခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ပီအက်စ်ဂျီအသင်းတွင်း

စည်းလုံးမှုပြိုကွဲနေတာလားလို့ ယူဆစရာလည်းရှိလာခဲ့ပြီး ဒီလိုသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် ဘတ်ပီအတွက်တေ့ာ အသင်းဖော်တစ်ဦးနဲ့ နောက်ထပ်ပြသနာတစ်ခုတက်ခဲ့တာ ဖြစ်လာခဲ့မှာပါ။

သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းကလည်း ပြင်သစ်အသင်းဖော်တိုက်စစ်မှူးဂီရော့ဒ်နဲ့ ပြသနာတက်ခဲ့ပါသေးတယ်။ မနေ့ကပွဲမှာလည်း လူစားလဲခံရလို့ ဒေါသထွက်ခဲ့ဟန်ရှိပြီး ဒီဒေါသတွေကို နေမာအပေါ် ပုံချတာလည်းဖြစ်နိုင်တယ်လို့

Give Me Sport က ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘတ်ပီရဲ့ အမူအကျင့်တွေကတော့ ပြောင်းလဲနေတာဖြစ်ပြီး မက်ဇ်နဲ့ပွဲစဉ်တုန်းကလည်း သူ့ရဲ့အပြုအမူအတွက် မက်ဇ်နည်းပြကိုယ်တိုင်က ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Zawgyi Version

ပီအက္စ္ဂ်ီက ေမာင့္ပယ္လီယာကို ၂-၀ နဲ႕ အနိုင္ရရွိခဲ့တဲ့ လီဂူးပြဲစဥ္မွာ လူစားလဲလွယ္ခံရၿပိးေနာက္ တိုက္စစ္မႉးဘတ္ပီဟာ အသင္းေဖာ္ေနမာကို ျပစ္တင္ေျပာဆိုမႈေတြ

ျပဳလုပ္ခဲ့တယ္လို႔ ျပင္သစ္သတင္းဌာန RMC Sport က ေဖာ္ျပသြားခဲ့ပါတယ္။ ဘတ္ပီဟာ အရန္ခုံတန္းမွာထိုင္ခဲ့ၿပိးေနာက္ ဂြီယီကို ေျပာဆိုေနခဲ့တာလည္းျဖစ္ပါတယ္။

ဘတ္ပီကေတာ့ လူစားလဲလွယ္ခံခဲ့ရတာျဖစ္ၿပီး အဲဒီေနာက္မွာ ေနမာကို ျပစ္တင္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ ေနမာေရာ၊ ဘတ္ပီပါ ဂိုးေပါက္ေပ်ာက္ခဲ့ၾကၿပီး ဘတ္ပီအတြက္ေတာ့

၃ ပြဲဆက္တိုက္ဂိုးေပါက္ေပ်ာက္ခဲ့တာျဖစ္ပါတယ္။ အသင္းနဲ႕စာခ်ဳပ္သစ္ကိစၥအဆင္မေျပျဖစ္ေနေသးတဲ့ ဘတ္ပီရဲ႕ အျပဳအမူေတြကေတာ့ ပဲရစ္ကို ႏႈတ္ဆက္ေတာ့မွာလားလို႔ ထင္ခဲ့ရပါတယ္။

Canal + က အမိအရရိုက္ကူးခဲ့တဲ့ မွတ္တမ္းအရ ဘတ္ပီက ဂြီယီကို “သူ ငါ့ဆီကို ေဘာလုံးကို ပို႔မေပးဘူး” လို႔ ေျပာဆိုကာ လက္ကလည္း ေနမာကို ၫႊန္ျပခဲ့တာ ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါဟာ ပီအက္စ္ဂ်ီအသင္းတြင္း

စည္းလုံးမႈၿပိဳကြဲေနတာလားလို႔ ယူဆစရာလည္းရွိလာခဲ့ၿပီး ဒီလိုသာအမွန္ျဖစ္ခဲ့မယ္ဆိုရင္ ဘတ္ပီအတြက္ေတ့ာ အသင္းေဖာ္တစ္ဦးနဲ႕ ေနာက္ထပ္ျပသနာတစ္ခုတက္ခဲ့တာ ျဖစ္လာခဲ့မွာပါ။

သူဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲတုန္းကလည္း ျပင္သစ္အသင္းေဖာ္တိုက္စစ္မႉးဂီေရာ့ဒ္နဲ႕ ျပသနာတက္ခဲ့ပါေသးတယ္။ မေန႕ကပြဲမွာလည္း လူစားလဲခံရလို႔ ေဒါသထြက္ခဲ့ဟန္ရွိၿပီး ဒီေဒါသေတြကို ေနမာအေပၚ ပုံခ်တာလည္းျဖစ္နိုင္တယ္လို႔

Give Me Sport က ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘတ္ပီရဲ႕ အမူအက်င့္ေတြကေတာ့ ေျပာင္းလဲေနတာျဖစ္ၿပီး မက္ဇ္နဲ႕ပြဲစဥ္တုန္းကလည္း သူ႕ရဲ႕အျပဳအမူအတြက္ မက္ဇ္နည္းျပကိုယ္တိုင္က ေဝဖန္ျပစ္တင္မႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။