Unicode Version
အာဆင်နယ်အသင်းနာမည်ကျော်ကစားသမားဟောင်း ပေါလ်မာဆင်က မန်ချက်စတာယူနိုက်တက်အသင်းသာ တူချယ်လ်ကို နည်းပြအဖြစ်ခန့်လိုက်ရင် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်လောက်တယ်လို့ သုံးသပ်လိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အစပိုင်းကတည်းက ရုန်းကန်နေရပြီး မနေ့က အက်စတွန်ဗီလာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲအပါအဝင် ယူနိုက်တက်အသင်း
နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ(၄)ပွဲမှာ (၃)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှားအပေါ် ဖိအားတွေများနေပြီး ပေါလ်မာဆင်ကလည်း ယူနိုက်တက်အသင်းနည်းပြအပြောင်းအလဲမလုပ်ခဲ့ရင် အောင်မြင်မှုရမှမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ပေါလ်မာဆင်က “ကျွန်တော့်အထင် ပြောရရင်တော့ ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာမဟုတ်လောက်ပါဘူး။ ဒါပေမဲ့ တူချယ်လ်လိုမျိုး အရည်အသွေးရှိတဲ့ နည်းပြတစ်ယောက်ကိုသာ ခန့်အပ်နိုင်ခဲ့ရင်တော့ အခြေအနေက ပြောင်းလဲ ကောင်းပြောင်းလဲသွားနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာ ယူနိုက်တက် အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေက ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုနေကြပြီး ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ အင်တာမီလန် နည်းပြဟောင်းကွန်တီက ရေးပန်းစားနေတာဖြစ်ပါတယ်။
Zawgyi Version
အာဆင္နယ္အသင္းနာမည္ေက်ာ္ကစားသမားေဟာင္း ေပါလ္မာဆင္က မန္ခ်က္စတာယူနိုက္တက္အသင္းသာ တူခ်ယ္လ္ကို နည္းျပအျဖစ္ခန႔္လိုက္ရင္ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူနိုင္ေလာက္တယ္လို႔ သုံးသပ္လိုက္ပါတယ္။
ယူနိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္အစပိုင္းကတည္းက ႐ုန္းကန္ေနရၿပီး မေန႕က အက္စတြန္ဗီလာအသင္းနဲ႕ကစားခဲ့တဲ့ပြဲမွာ (၁-ဝ)ဂိုးနဲ႕ရႈံးနိမ့္ခဲ့ပါတယ္။ အက္စတြန္ဗီလာနဲ႕ပြဲအပါအဝင္ ယူနိုက္တက္အသင္း
ေနာက္ဆုံးကစားခဲ့တဲ့ၿပိဳင္ပြဲစုံ(၄)ပြဲမွာ (၃)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွားအေပၚ ဖိအားေတြမ်ားေနၿပီး ေပါလ္မာဆင္ကလည္း ယူနိုက္တက္အသင္းနည္းျပအေျပာင္းအလဲမလုပ္ခဲ့ရင္ ေအာင္ျမင္မႈရမွမဟုတ္ဘူးလို႔ ေဝဖန္ခဲ့ပါတယ္။
ေပါလ္မာဆင္က “ကြၽန္ေတာ့္အထင္ ေျပာရရင္ေတာ့ ယူနိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆြတ္ခူးနိုင္မွာမဟုတ္ေလာက္ပါဘူး။ ဒါေပမဲ့ တူခ်ယ္လ္လိုမ်ိဳး အရည္အေသြးရွိတဲ့ နည္းျပတစ္ေယာက္ကိုသာ ခန႔္အပ္နိုင္ခဲ့ရင္ေတာ့ အေျခအေနက ေျပာင္းလဲ ေကာင္းေျပာင္းလဲသြားနိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
အခုအခ်ိန္မွာ ယူနိုက္တက္ အသင္းရဲ႕ရလဒ္ဆိုးေတြေၾကာင့္ ပရိသတ္ေတြက ဆိုးလ္ရွားကို နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုေနၾကၿပီး ယူနိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ အင္တာမီလန္ နည္းျပေဟာင္းကြန္တီက ေရးပန္းစားေနတာျဖစ္ပါတယ္။