Spots news

နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့ပေမယ့် ပေးဆပ်မှုကြီးမားခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့နိုင်ပွဲ

Unicode Version

ဂျူဗင်တပ်စ်ဟာ ဒီနေ့ညနေ အစောပိုင်းမှာ ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်အဖြစ် ဆမ်ဒိုရီးယားနဲ့ပွဲမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက် ဒီဘားလား၊ ဘိုနူချီနဲ့ လိုကာတယ်လီတို့က ဂိုးတွေသွင်းယူပေးနိုင်ခဲ့တာပါ။

ဒီရာသီ စီးရီးအေမှာ အခြေမလှ ဖြစ်နေရတဲ့ ဂျုဗင်တပ်စ်တို့ ၂ ပွဲဆက် နိုင်ပွဲပိုင်ဆိုင်ခဲ့ပြီး ကစားသမားသစ် လိုကာတယ်လီမှာလည်း ဂိုးပေါက်စတင်တွေ့ရှိခဲ့လို့ အပေါင်းလက္ခဏာ ဆောင်ခဲ့ပေမယ့် ကြီးမားတဲ့ ပေးဆပ်မှုကလဲ ရှိနေပြန်ပါတယ်။

အဲ့တာကတော့ ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဒီဘားလား ပွဲကစားချိန် ၂၁  မိနစ်မှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် ကူလက်ဗ်စကီးနဲ့ လူစားလဲခဲ့ရပါတယ်။ လူစားလဲခံရချိန်မှာလည်း ဒီဘားလားတစ်ယောက် ငိုကြွေးပြီး ကွင်းထဲက ထွက်သွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဥ်အဖြစ် ချဲလ်ဆီးကို ဧည့်ခံကစားရမှာဖြစ်ပြီး တိုက်စစ်ပိုင်းအားနည်းနေတဲ့ ဂျူဗင်တပ်စ်အတွက် ဒီဘားလားရဲ့ ဒဏ်ရာက သတင်းဆိုးဖြစ်စေခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။

Zawgyi Version



