Unicode Version
ရာသီအဖွင့် (၃) ပွဲဆက်ရှုံးထားတဲ့ အာဆင်နယ်က နော့ဝစ်ချ်၊ ဘန်လေတို့ကို ပြန်နိုင်လာတဲ့အရှိန်ကို ဒီပွဲမှာဆက်ထိန်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ကို မြန်မြန်ဆန်ဆန်ဖွင့်ကစားဖို့ ပြင်ဆင်ခဲ့ပြီး အာဆင်နယ်ကလည်း ဆာကာ၊ ရိုဝီ၊ အိုဒီဂတ်၊ အူဘာမီးယန်းတို့ရဲ့ ရုန်းအားကို အဓိက အားကိုးခဲ့ပါတယ်။
ဒီပွဲမှာ ဆွန်ဟောင်မင်က အာဆင်နယ်ညာခြမ်းခံစစ်က တိုမီယာဆုကို ကျော်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး တိုမီယာဆုကိုလည်း ပါတေးက ကူထောက်ပေးခဲ့တာကြောင့် ဆွန်ဟောင်မင် ကစားရခက်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အာဆင်နယ်တို့ ဦးဆောင်ဂိုးစောစောစီးစီးရရှိခဲ့တာက စပါးကို အဓိကဒုက္ခရောက်စေခဲ့ပြီး ပွဲကစားချိန် (၁၁) မိနစ်မှာ ဆာကာ ဂိုးဧရိယာထဲချပေးလိုက်တဲ့ဘောလုံးကို ရိုဝီကပြေးဝင်ပိတ်သွင်းခဲ့တာပါ။
ဒုတိယဂိုးကိုတော့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကနေပဲ အူဘာမီးယန်းက သူကိုယ်တိုင် ဘောလုံးလမ်းကြောင်းဖွင့်၊ ရိုဝီချပေးလိုက်တဲ့ ဘောလုံးကို သူကိုယ်တိုင်ပဲ အဆုံးသတ်ကန်သွင်းသွားခဲ့ပါတယ်။
ပွဲကစားချိန် (၃၄) မိနစ်မှာ အာဆင်နယ်တို့အတွက် တတိယဂိုးကို ဆာကာကသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာ ဆာကာရဲ့တိုးအား၊ ရုန်းအားကို ချီးကျူးရမှာဖြစ်ပြီး ဟာရီကိန်းပါခံစစ်အထိ ဆင်းလာခဲ့ပေမယ့် ဆာကာကို မတားဆီးနိုင်ခဲ့ပါဘူး။
ဆွန်ဟောင်မင်က (၇၈) မိနစ်မှာ စပါးအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့် စပါးအတွက် အရာရာနောက်ကျသွားခဲ့ပါပြီ။ နူနိုဆန်တိုက ပြီးခဲ့တဲ့သြဂုတ်ရဲ့ အကောင်းဆုံးနည်းပြဆုကိုရခဲ့တယ်ဆိုပေမယ့် အသင်းလိုက် ညီညွတ်မှု
တစ်ခုကို ပြသနိုင်ခြင်းမရှိသေးဘဲ လိုအပ်ချက်တွေများနေတုန်းလို့ဆိုရမှာပါ။ တစ်ဖက်မှာလည်း အာဆင်နယ်နည်းပြ အာတီတာရဲ့ ဒီပွဲအတွက် ကြိုတင်ပြင်ဆင်လာမှုက အရမ်းကိုအားရစရာကောင်းခဲ့ပါတယ်။
Zawgyi Version
ရာသီအဖြင့္ (၃) ပြဲဆက္ရႈံးထားတဲ့ အာဆင္နယ္က ေနာ့ဝစ္ခ်္၊ ဘန္ေလတို႔ကို ျပန္နိုင္လာတဲ့အရွိန္ကို ဒီပြဲမွာဆက္ထိန္းဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။ ႏွစ္သင္းလုံးက တိုက္စစ္ကို ျမန္ျမန္ဆန္ဆန္ဖြင့္ကစားဖို႔ ျပင္ဆင္ခဲ့ၿပီး အာဆင္နယ္ကလည္း ဆာကာ၊ ရိုဝီ၊ အိုဒီဂတ္၊ အူဘာမီးယန္းတို႔ရဲ႕ ႐ုန္းအားကို အဓိက အားကိုးခဲ့ပါတယ္။
ဒီပြဲမွာ ဆြန္ေဟာင္မင္က အာဆင္နယ္ညာျခမ္းခံစစ္က တိုမီယာဆုကို ေက်ာ္နိုင္ဖို႔ ခက္ခက္ခဲခဲႀကိဳးစားခဲ့ရၿပီး တိုမီယာဆုကိုလည္း ပါေတးက ကူေထာက္ေပးခဲ့တာေၾကာင့္ ဆြန္ေဟာင္မင္ ကစားရခက္ခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။
အာဆင္နယ္တို႔ ဦးေဆာင္ဂိုးေစာေစာစီးစီးရရွိခဲ့တာက စပါးကို အဓိကဒုကၡေရာက္ေစခဲ့ၿပီး ပြဲကစားခ်ိန္ (၁၁) မိနစ္မွာ ဆာကာ ဂိုးဧရိယာထဲခ်ေပးလိုက္တဲ့ေဘာလုံးကို ရိုဝီကေျပးဝင္ပိတ္သြင္းခဲ့တာပါ။
ဒုတိယဂိုးကိုေတာ့ လ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ကေနပဲ အူဘာမီးယန္းက သူကိုယ္တိုင္ ေဘာလုံးလမ္းေၾကာင္းဖြင့္၊ ရိုဝီခ်ေပးလိုက္တဲ့ ေဘာလုံးကို သူကိုယ္တိုင္ပဲ အဆုံးသတ္ကန္သြင္းသြားခဲ့ပါတယ္။
ပြဲကစားခ်ိန္ (၃၄) မိနစ္မွာ အာဆင္နယ္တို႔အတြက္ တတိယဂိုးကို ဆာကာကသြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးမွာ ဆာကာရဲ႕တိုးအား၊ ႐ုန္းအားကို ခ်ီးက်ဴးရမွာျဖစ္ၿပီး ဟာရီကိန္းပါခံစစ္အထိ ဆင္းလာခဲ့ေပမယ့္ ဆာကာကို မတားဆီးနိုင္ခဲ့ပါဘူး။
ဆြန္ေဟာင္မင္က (၇၈) မိနစ္မွာ စပါးအတြက္ ေခ်ပဂိုးတစ္ဂိုးသြင္းယူေပးခဲ့ေပမယ့္ စပါးအတြက္ အရာရာေနာက္က်သြားခဲ့ပါၿပီ။ ႏူနိုဆန္တိုက ၿပီးခဲ့တဲ့ၾသဂုတ္ရဲ႕ အေကာင္းဆုံးနည္းျပဆုကိုရခဲ့တယ္ဆိုေပမယ့္ အသင္းလိုက္ ညီၫြတ္မႈ
တစ္ခုကို ျပသနိုင္ျခင္းမရွိေသးဘဲ လိုအပ္ခ်က္ေတြမ်ားေနတုန္းလို႔ဆိုရမွာပါ။ တစ္ဖက္မွာလည္း အာဆင္နယ္နည္းျပ အာတီတာရဲ႕ ဒီပြဲအတြက္ ႀကိဳတင္ျပင္ဆင္လာမႈက အရမ္းကိုအားရစရာေကာင္းခဲ့ပါတယ္။