Spots news

နေမာဆိုတဲ့ သူတောင်းစား ငါ့ကိုဘောလုံးမပေးဘူး ဆိုပြီး ပေါက်ကွဲခဲ့တဲ့ ဘာပေ

Unicode Version

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေးက မောင့်ပယ်လီယာကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ သူ့ကို ဘောလုံးမပေးတဲ့ နေမာကို အတော်လေး စိတ်ပျက်နေခဲ့ပါတယ်။

ဂူရီက ပထမပိုင်းမှာ ဦးဆောင်ဂိုး ရယူပေးထားခဲ့ပြီး ဒုတိယပိုင်းမှာ ဒရက်စလာရဲ့ နောက်ထပ် သွင်းဂိုးကပဲ ပီအက်စ်ဂျီကို ပြင်သစ်လိဂ်မှာ ၇မှတ် ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်ထားစေခဲ့တာဖြစ်တယ်။ ဒီပွဲမှာတော့ တိုက်စစ်မှူး မက်ဆီကို ကြံ့ခိုင်မှုကြောင့် ထုတ်သုံးလာနိုင်ခြင်း မရှိတာဖြစ်ပါတယ်။

တိုက်စစ်မှူး အိုက်ကာဒီနဲ့ လူစားလဲခံရတဲ့ ဘာပေးဟာ ထိုင်ခုံအရောက်မှာတော့ အသင်းကို ဒုတိယဦးဆောင်ဂိုး ရစေတဲ့ ဒရက်စလာအတွက် နေမာရဲ့ ဘောလုံးပေးမှုကို မြင်ရတဲ့နောက် ‘အဲ့ သူတောင်းစားက ငါ့ကိုကျ ဘောလုံးမပေးဘူးကွာ’ ဆိုပြီး ဘေးနားက ဂူရီကို ရင်ဖွင့်နေခြင်းအား ကင်မရာတွေက ရိုက်မိခဲ့တာဖြစ်ပါတယ်။

ဘာပေးက သူ့ရဲ့ စိတ်ပျက်မှုကို ကွယ်ဝှက် မထားနိုင်ခဲ့တာကြောင့် ပွဲအပြီး အင်တာဗျူးမှာလည်း ‘ အဲ့လို ပေးမှုမျိုး (ဒရက်စလာအတွက် ဖန်တီးပေးမှုကိုဆိုလို) နေမာက ကျနော်ကို မပေးပါဘူး ‘ လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

၂၀၁၇ မှာ ပီအက်စ်ဂျီအသင်းဖော်တွေအဖြစ် အတူတွဲကစားလာခဲ့တဲ့ ဘာပေနဲ့ နေမာတို့ဟာ ကလပ်ရဲ့ အောင်မြင်မှုတွေမှာ အတူပါဝင်နေကြပေမယ့်လို့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်း မရှိထားတာဖြစ်တယ်။ ပြင်သစ်လက်ရွေးစင်ဟာ စာချုပ်သစ်ကိစ္စ ငြင်းပယ်ခဲ့မှုနဲ့အတူ သူ့ရဲ့ စိတ်ဓါတ်ပိုင်းကို မေးခွန်းထုတ်ခံရမှုတွေလည်း ရှိနေပါတယ်။

ပိုချက်တီနိုကတော့ ‘ အသင်းက တောင့်တင်းခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာ ကျနေ်ာတို့ တိုက်ရိုက်ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲကို ပိုမို ထိန်းချုပ်ကာ အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။ ‘ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

ပြင်သစ်ကလပ်ဟာ ဒီအပတ်မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ အဆိုပါပွဲမှာတော့ ပြီးခဲ့တဲ့ လိုင်ယွန်ကို အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ မက်ဆီ ပါဝင်ကစားနိုင်ဖွယ် မရှိဘူးလို့လည်း အသံထွက်နေပြီး အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘာေပးက ေမာင့္ပယ္လီယာကို ၂-၀ ျဖင့္ အနိုင္ရတဲ့ပြဲမွာ သူ႕ကို ေဘာလုံးမေပးတဲ့ ေနမာကို အေတာ္ေလး စိတ္ပ်က္ေနခဲ့ပါတယ္။

ဂူရီက ပထမပိုင္းမွာ ဦးေဆာင္ဂိုး ရယူေပးထားခဲ့ၿပီး ဒုတိယပိုင္းမွာ ဒရက္စလာရဲ႕ ေနာက္ထပ္ သြင္းဂိုးကပဲ ပီအက္စ္ဂ်ီကို ျပင္သစ္လိဂ္မွာ ၇မွတ္ ၁၀ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားေစခဲ့တာျဖစ္တယ္။ ဒီပြဲမွာေတာ့ တိုက္စစ္မႉး မက္ဆီကို ႀကံ့ခိုင္မႈေၾကာင့္ ထုတ္သုံးလာနိုင္ျခင္း မရွိတာျဖစ္ပါတယ္။

တိုက္စစ္မႉး အိုက္ကာဒီနဲ႕ လူစားလဲခံရတဲ့ ဘာေပးဟာ ထိုင္ခုံအေရာက္မွာေတာ့ အသင္းကို ဒုတိယဦးေဆာင္ဂိုး ရေစတဲ့ ဒရက္စလာအတြက္ ေနမာရဲ႕ ေဘာလုံးေပးမႈကို ျမင္ရတဲ့ေနာက္ ‘အဲ့ သူေတာင္းစားက ငါ့ကိုက် ေဘာလုံးမေပးဘူးကြာ’ ဆိုၿပီး ေဘးနားက ဂူရီကို ရင္ဖြင့္ေနျခင္းအား ကင္မရာေတြက ရိုက္မိခဲ့တာျဖစ္ပါတယ္။

ဘာေပးက သူ႕ရဲ႕ စိတ္ပ်က္မႈကို ကြယ္ဝွက္ မထားနိုင္ခဲ့တာေၾကာင့္ ပြဲအၿပီး အင္တာဗ်ဴးမွာလည္း ‘ အဲ့လို ေပးမႈမ်ိဳး (ဒရက္စလာအတြက္ ဖန္တီးေပးမႈကိုဆိုလို) ေနမာက က်ေနာ္ကို မေပးပါဘူး ‘ လို႔ မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

၂၀၁၇ မွာ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြအျဖစ္ အတူတြဲကစားလာခဲ့တဲ့ ဘာေပနဲ႕ ေနမာတို႔ဟာ ကလပ္ရဲ႕ ေအာင္ျမင္မႈေတြမွာ အတူပါဝင္ေနၾကေပမယ့္လို႔ ရင္းႏွီးတဲ့ ဆက္ဆံေရးေကာင္း မရွိထားတာျဖစ္တယ္။ ျပင္သစ္လက္ေ႐ြးစင္ဟာ စာခ်ဳပ္သစ္ကိစၥ ျငင္းပယ္ခဲ့မႈနဲ႕အတူ သူ႕ရဲ႕ စိတ္ဓါတ္ပိုင္းကို ေမးခြန္းထုတ္ခံရမႈေတြလည္း ရွိေနပါတယ္။

ပိုခ်က္တီနိုကေတာ့ ‘ အသင္းက ေတာင့္တင္းခဲ့ၿပီး ထိုက္တန္တဲ့ နိုင္ပြဲရခဲ့ပါတယ္။ ပထမပိုင္းမွာ က်ေန္ာတို႔ တိုက္ရိုက္ကစားခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ပြဲကို ပိုမို ထိန္းခ်ဳပ္ကာ အခြင့္အေရးေတြ ဖန္တီးခဲ့ပါတယ္။ ‘ လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ျပင္သစ္ကလပ္ဟာ ဒီအပတ္မွာ မန္စီးတီးနဲ႕ ခ်န္ပီယံလိဂ္ပြဲ ကစားရဖို႔ ရွိေနပါတယ္။ အဆိုပါပြဲမွာေတာ့ ၿပီးခဲ့တဲ့ လိုင္ယြန္ကို အနိုင္ရတဲ့ပြဲမွာ ဒူးဒဏ္ရာရခဲ့တဲ့ မက္ဆီ ပါဝင္ကစားနိုင္ဖြယ္ မရွိဘူးလို႔လည္း အသံထြက္ေနၿပီး အေျခအေနကို ေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ပါတယ္။