Unicode Version
သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ လာမယ့်နွေရာသီအတွင်း ကွင်းလယ်လူ ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရမ်ဆေးရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီကျမှ ကုန်ဆုံးမှာဖြစ်ပေမယ့် ၂၀၁၉ နွေရာသီမှာ
အာဆင်နယ်ကနေ ရောက်လာချိန်ကတည်းက သူ့ရဲ့အနေအထားအပေါ် အသင်းတာဝန်ရှိသူတွေက စိတ်ပျက်နေပါတယ်။သူ့ကို အလွတ်နဲ့ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေချိန်မှာ ဝက်စ်ဟမ်း၊ အဲဗာတန်နဲ့ နယူးကာဆယ်တို့က
သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရမ်ဆေးဟာ ဂျူဗင်တပ်စ်ကို ရောက်လာပြီးနောက် ဒဏ်ရာကြောင့် ရက်ပေါင်း ၁၄၀ ကြာ အနားယူနေခဲ့ရပြီး နည်းပြဟောင်း ပီယာလိုက ရာထူးကနေ ထုတ်ပယ်မခံရရင် ရမ်ဆေးဘက်ကနေ ကာကွယ်ခဲ့ရပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ ပေးချေနေရတဲ့ ရမ်ဆေးကို ဇန်နဝါရီလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖို့ များနေပါတယ်။
ရမ်ဆေးဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်ကြာကစားခဲ့ရာ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့က သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ရမ်ဆေးဟာ အာဆင်နယ်အတွက် ၃၇၁ပွဲမှာ ၆၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
Zawgyi Version
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဟာ လာမယ့္ေႏြရာသီအတြင္း ကြင္းလယ္လူ ရမ္ေဆးကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ျပဳဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ရမ္ေဆးရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ေႏြရာသီက်မွ ကုန္ဆုံးမွာျဖစ္ေပမယ့္ ၂၀၁၉ ေႏြရာသီမွာ
အာဆင္နယ္ကေန ေရာက္လာခ်ိန္ကတည္းက သူ႕ရဲ႕အေနအထားအေပၚ အသင္းတာဝန္ရွိသူေတြက စိတ္ပ်က္ေနပါတယ္။သူ႕ကို အလြတ္နဲ႕ထြက္ခြာခြင့္ျပဳဖို႔ ျပင္ဆင္ေနခ်ိန္မွာ ဝက္စ္ဟမ္း၊ အဲဗာတန္နဲ႕ နယူးကာဆယ္တို႔က
သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ရမ္ေဆးဟာ ဂ်ဴဗင္တပ္စ္ကို ေရာက္လာၿပီးေနာက္ ဒဏ္ရာေၾကာင့္ ရက္ေပါင္း ၁၄၀ ၾကာ အနားယူေနခဲ့ရၿပီး နည္းျပေဟာင္း ပီယာလိုက ရာထူးကေန ထုတ္ပယ္မခံရရင္ ရမ္ေဆးဘက္ကေန ကာကြယ္ခဲ့ရပါတယ္။
The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ဟာ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀၀၀ ေပးေခ်ေနရတဲ့ ရမ္ေဆးကို ဇန္နဝါရီလမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ေပးဖြယ္ ရွိေနတယ္လို႔ သိရၿပီး ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာဖို႔ မ်ားေနပါတယ္။
ရမ္ေဆးဟာ အာဆင္နယ္နဲ႕အတူ ပရီးမီးယားလိဂ္မွာ ၁၁ ႏွစ္ၾကာကစားခဲ့ရာ အဲဗာတန္၊ ဝက္စ္ဟမ္းနဲ႕ နယူးကာဆယ္တို႔က သူ႕ကို ေခၚဖို႔ စိတ္ဝင္စားေနတာျဖစ္ၿပီး ရမ္ေဆးဟာ အာဆင္နယ္အတြက္ ၃၇၁ပြဲမွာ ၆၅ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၆၅ ႀကိမ္ျပဳလုပ္ေပးနိုင္ခဲ့ပါတယ္။