Spots news

ဘရူနိုမကန်ပဲ ရော်နယ်ဒိုကန်ဖို့ စိန်ခေါ်ခဲ့တဲ့ ဂိုးသမား မာတီနက်ဇစ်ကို ဆိုးလ်ရှားဝေဖန်

Unicode Version

မန်ယူ(၀-၁)ဗီလာပွဲမှာ ပွဲပြီးခါနီး မန်ယူအသင်းရရှိခဲ့သည့် ပင်နယ်တီမဝင်ခဲ့ခြင်းအတွက် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဂိုးဘားတန်းကျော်အောင် ကန်ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ကို အပြစ်မတင်ခဲ့ဘဲ ပင်နယ်တီမကန်မီ မန်ယူကစားသမားများကို အာရုံနောက်အောင် ပြုလုပ်ခဲ့သည့် ဗီလာဂိုးသမား မာတီနက်ဇ်ကို ပြစ်တင်ဝေဖန်ပြောကြားခဲ့ပါတယ်

မန်ယူကစားသမားများ ပင်နယ်တီကန်ရန် ပြင်ဆင်နေချိန်မှာ ဗီလာအသင်းရဲ့ အာဂျင်တီးနားဂိုးသမား  မာတီနက်ဇ်က ပင်နယ်တီကန်မည့် ဘောလုံးတည်သောနေရာသို့ လာရောက်ပြီး မန်ယူကစားသမားများအား အာရုံပျက်ပြားစေမည့် စကားများ ပြောခဲ့ခြင်းဖြစ်ပါတယ်။

မာတီနက်ဇ်က ပင်နယ်တီအား ဘရူနိုဖာနန်ဒက်စ်မကန်ဘဲ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသာ ကန်သင့်ကြောင်း ပြောကြားခဲ့ပြီး မန်ယူကစားသမားများအနီး တဗျစ်တောက်တောက်ပြောဆိုနေကာ သူ့အား ဥရုဂွေး တိုက်စစ်မှူး ကာဗာနီက ဂိုးစည်းတွင်စောင့်ရန် တွန်းလွှတ်ခဲ့ရပါတယ်။

ပင်နယ်တီကန်ရာမှာ ရော်နယ်ဒို မကန်ခဲ့ပဲ ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီအား ကန်သွင်းခဲ့ရာတွင် ဂိုးဘားတန်းပေါ်ကျော်သွားခဲ့ပြီး မန်ယူအသင်းမှာ ချေပဂိုးရမည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

မန်ယူအသင်းအနေဖြင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး မန်ယူနည်းပြ ဆိုးလ်ရှား က ပွဲအပြီးတွင် ဗီလာဂိုးသမား မာတီနက်ဇ်နှင့် ဒိုင်လူကြီးကို ဝန်းရံစောဒကတက်နေတဲ့ ဗီလာကစားသမားများ၏လုပ်ရပ်အား ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

”ကျွန်တော် ဒါမျိုးမကြိုက်ပါဘူး။ ဒိုင်လူကြီးကို သူတို့ (ဗီလာကစားသမားများ)၀ိုင်းပြီး စောဒကတက်နေတဲ့ပုံစံမျိုးပေါ့။ ပင်နယ်တီကန်တဲ့နေရာကို သူတို့ဝင်ပြီး ပင်နယ်တီကန်မယ့်သူကို ထိခိုက်အောင်(အာရုံလွင့်အောင်)လုပ်ခဲ့ကြတာပါ။ သူတို့ကြိုးစားတာ သူတို့အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါမျိုးက ကြည့်မကောင်းပါဘူး”ဟု ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

 

ထိုကဲ့သို့ အရေးပါတဲ့ ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်လွဲချော်ခဲ့ခြင်းကြောင့် မန်ယူအသင်းတွင် ပုံမှန်ကန်သွင်းသူအား ပြန်လည်ရွေးချယ်ရန် ဆိုးလ်ရှားအပေါ်တွင် ဖိအားကျရောက်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

ဗီလာအသင်းဘက်သို့ ပင်နယ်တီကန်သွင်းရန် ဘရူနိုဖာနန်ဒက်စ်အား အသင်းဖော် စီရော်နယ်ဒိုက ကြည်ကြည်ဖြူဖြူခွင့်ပြုခဲ့သည်ကို တွေ့မြင်ရသော်လည်း ရှေ့လာမည့် ပင်နယ်တီကန်သွင်းမှုများကို ခွဲဝေရယူရန် စီရော်နယ်ဒိုက ကြိုးပမ်းဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက သုံးသပ်ဖော်ပြခဲ့ကြပါတယ်။

Zawgyi Version

မန္ယူ(၀-၁)ဗီလာပြဲမွာ ပြဲၿပီးခါနီး မန္ယူအသင္းရရွိခဲ့သည့္ ပင္နယ္တီမဝင္ခဲ့ျခင္းအတြက္ မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ဂိုးဘားတန္းေက်ာ္ေအာင္ ကန္ခဲ့သူ ဘ႐ူနိုဖာနန္ဒက္စ္ကို အျပစ္မတင္ခဲ့ဘဲ ပင္နယ္တီမကန္မီ မန္ယူကစားသမားမ်ားကို အာ႐ုံေနာက္ေအာင္ ျပဳလုပ္ခဲ့သည့္ ဗီလာဂိုးသမား မာတီနက္ဇ္ကို ျပစ္တင္ေဝဖန္ေျပာၾကားခဲ့ပါတယ္

မန္ယူကစားသမားမ်ား ပင္နယ္တီကန္ရန္ ျပင္ဆင္ေနခ်ိန္မွာ ဗီလာအသင္းရဲ႕ အာဂ်င္တီးနားဂိုးသမား  မာတီနက္ဇ္က ပင္နယ္တီကန္မည့္ ေဘာလုံးတည္ေသာေနရာသို႔ လာေရာက္ၿပီး မန္ယူကစားသမားမ်ားအား အာ႐ုံပ်က္ျပားေစမည့္ စကားမ်ား ေျပာခဲ့ျခင္းျဖစ္ပါတယ္။

မာတီနက္ဇ္က ပင္နယ္တီအား ဘ႐ူနိုဖာနန္ဒက္စ္မကန္ဘဲ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုသာ ကန္သင့္ေၾကာင္း ေျပာၾကားခဲ့ၿပီး မန္ယူကစားသမားမ်ားအနီး တဗ်စ္ေတာက္ေတာက္ေျပာဆိုေနကာ သူ႕အား ဥ႐ုေဂြး တိုက္စစ္မႉး ကာဗာနီက ဂိုးစည္းတြင္ေစာင့္ရန္ တြန္းလႊတ္ခဲ့ရပါတယ္။

ပင္နယ္တီကန္ရာမွာ ေရာ္နယ္ဒို မကန္ခဲ့ပဲ ဘ႐ူနိုဖာနန္ဒက္စ္ ပင္နယ္တီအား ကန္သြင္းခဲ့ရာတြင္ ဂိုးဘားတန္းေပၚေက်ာ္သြားခဲ့ၿပီး မန္ယူအသင္းမွာ ေခ်ပဂိုးရမည့္အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။

မန္ယူအသင္းအေနျဖင့္ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္တြင္ ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲ ႀကဳံေတြ႕ခဲ့ျခင္းျဖစ္ၿပီး မန္ယူနည္းျပ ဆိုးလ္ရွား က ပြဲအၿပီးတြင္ ဗီလာဂိုးသမား မာတီနက္ဇ္ႏွင့္ ဒိုင္လူႀကီးကို ဝန္းရံေစာဒကတက္ေနတဲ့ ဗီလာကစားသမားမ်ား၏လုပ္ရပ္အား ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

”ကြၽန္ေတာ္ ဒါမ်ိဳးမႀကိဳက္ပါဘူး။ ဒိုင္လူႀကီးကို သူတို႔ (ဗီလာကစားသမားမ်ား)၀ိုင္းၿပီး ေစာဒကတက္ေနတဲ့ပုံစံမ်ိဳးေပါ့။ ပင္နယ္တီကန္တဲ့ေနရာကို သူတို႔ဝင္ၿပီး ပင္နယ္တီကန္မယ့္သူကို ထိခိုက္ေအာင္(အာ႐ုံလြင့္ေအာင္)လုပ္ခဲ့ၾကတာပါ။ သူတို႔ႀကိဳးစားတာ သူတို႔အတြက္ အလုပ္ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒါမ်ိဳးက ၾကည့္မေကာင္းပါဘူး”ဟု ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

ထိုကဲ့သို႔ အေရးပါတဲ့ ပင္နယ္တီကို ဘ႐ူနိုဖာနန္ဒက္စ္လြဲေခ်ာ္ခဲ့ျခင္းေၾကာင့္ မန္ယူအသင္းတြင္ ပုံမွန္ကန္သြင္းသူအား ျပန္လည္ေ႐ြးခ်ယ္ရန္ ဆိုးလ္ရွားအေပၚတြင္ ဖိအားက်ေရာက္လာေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

ဗီလာအသင္းဘက္သို႔ ပင္နယ္တီကန္သြင္းရန္ ဘ႐ူနိုဖာနန္ဒက္စ္အား အသင္းေဖာ္ စီေရာ္နယ္ဒိုက ၾကည္ၾကည္ျဖဴျဖဴခြင့္ျပဳခဲ့သည္ကို ေတြ႕ျမင္ရေသာ္လည္း ေရွ႕လာမည့္ ပင္နယ္တီကန္သြင္းမႈမ်ားကို ခြဲေဝရယူရန္ စီေရာ္နယ္ဒိုက ႀကိဳးပမ္းဖြယ္ရွိေၾကာင္း ၿဗိတိန္သတင္းစာမ်ားက သုံးသပ္ေဖာ္ျပခဲ့ၾကပါတယ္်