Spots news

ချယ်လ်ဆီးနဲ့ သက်တမ်းမတိုးတော့ပဲ အသင်းကနေထွက်ခွာဖို့ အတည်ပြုလိုက်တဲ့ ရူဒီဂါ

Unicode Version

ဥရောပချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ယနေ့ မနက်မှာပဲ အခိုင်အမာ အတည်ပြု ဖော်ပြသွားပါတယ်။

ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အတွင်းမှာသာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ သက်တမ်းတိုးခြင်း မရှိပါက ရာသီကုန်ရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း လမ်းပတ်ရဲ့ လက်အောက်မှာ ပုံမှန် ကစားခွင့် မရခဲ့ပေမယ့် တူချယ် ရောက်လာပြီး နောက်ပိုင်းမှာတော့ အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသလို သီယာဂို ဆေးလ်ဗားနဲ့လည်း အတွဲညီနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ရူဒီဂါရဲ့ အေးဂျင့်တွေနဲ့ အဆက်မပြတ် ဆွေးနွေးခဲ့တာ ဖြစ်ပေမယ့် ရူဒီဂါရဲ့ တပတ် လုပ်ခလစာ ပေါင် ၄သိန်းနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တောင်းဆိုမှုတွေကြောင့် ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့ကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Marca သတင်းဌာန ကတော့ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်းနဲ့ ရူဒီဂါရဲ့ အသင်းသစ်ဟာ ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းထဲက တသင်း ဖြစ်နိုင်ကြောင်း ရေးသား ဖော်ပြထားပါတယ်။

Zawgyi Version

ဥေရာပခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ေနာက္ခံလူ ႐ူဒီဂါဟာ ခ်ယ္လ္ဆီးအသင္းနဲ႕ စာခ်ဳပ္သစ္ ထပ္မံ မခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ေၾကာင္း နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Marca သတင္းဌာနက ယေန႕ မနက္မွာပဲ အခိုင္အမာ အတည္ျပဳ ေဖာ္ျပသြားပါတယ္။

ဂ်ာမဏီ လက္ေ႐ြးစင္ ေနာက္ခံလူ ႐ူဒီဂါဟာ ခ်ယ္လ္ဆီးအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနသူ ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီ အတြင္းမွာသာ အသင္းနဲ႕ စာခ်ဳပ္သစ္ ထပ္မံ သက္တမ္းတိုးျခင္း မရွိပါက ရာသီကုန္ရင္ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ရမယ့္ ကစားသမားလည္း ျဖစ္ပါတယ္။

႐ူဒီဂါဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပေဟာင္း လမ္းပတ္ရဲ႕ လက္ေအာက္မွာ ပုံမွန္ ကစားခြင့္ မရခဲ့ေပမယ့္ တူခ်ယ္ ေရာက္လာၿပီး ေနာက္ပိုင္းမွာေတာ့ အသင္းရဲ႕ အဓိက ေနာက္ခံလူ တဦး အျဖစ္ ေျခစြမ္းျပေနသလို သီယာဂို ေဆးလ္ဗားနဲ႕လည္း အတြဲညီေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ သူ႕ကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းခ်င္ေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ စာခ်ဳပ္သစ္ကိစၥနဲ႕ ပတ္သတ္ၿပီး ႐ူဒီဂါရဲ႕ ေအးဂ်င့္ေတြနဲ႕ အဆက္မျပတ္ ေဆြးေႏြးခဲ့တာ ျဖစ္ေပမယ့္ ႐ူဒီဂါရဲ႕ တပတ္ လုပ္ခလစာ ေပါင္ ၄သိန္းနဲ႕ ၄ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္သစ္ ေတာင္းဆိုမႈေတြေၾကာင့္ ေဆြးေႏြးမႈေတြ ရပ္ဆိုင္းသြားခဲ့ေၾကာင္း ခ်ယ္လ္ဆီးအသင္းနဲ႕ နီးစပ္သူေတြက ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

Marca သတင္းဌာန ကေတာ့ ႐ူဒီဂါဟာ ခ်ယ္လ္ဆီးအသင္းနဲ႕ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဖို႔ ယတိျပတ္ ဆုံးျဖတ္ခ်က္ ခ်လိဳက္ေၾကာင္းနဲ႕ ႐ူဒီဂါရဲ႕ အသင္းသစ္ဟာ ဘြန္ဒက္လီဂါ အင္အားႀကီးကလပ္ ဘိုင္ယန္ျမဴးနစ္နဲ႕ စပိန္လာလီဂါ အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္တို႔ ႏွစ္သင္းထဲက တသင္း ျဖစ္နိုင္ေၾကာင္း ေရးသား ေဖာ္ျပထားပါတယ္။