Spots news

ကော်တင်ဟိုကို အငှားနဲ့ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိူးပမ်းမယ့် အာဆင်နယ်နဲ့ စပါး

Unicode Version

အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ဘာစီလိုနာအသင်းမှာ နေရာမရတဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ယခုထဲက အပြိုင်အဆိုင် ချိတ်ဆက်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ကော်တင်ဟိုဟာ တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လီဗာပူးအသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

ကော်တင်ဟိုဟာ စပိန်မြေမှာ အသားကျဖို့ ရုန်းကန်ခဲ့ရသလို ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ သွားရောက် ကစားစဉ်မှာလည်း နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။

ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူချင်တဲ့ အသင်းတွေ မရှိတာကြောင့် ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ရှိလာပါကလည်း လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ဘာစီလိုနာအသင်းရဲ့ အတွင်းသတင်းတွေ အရ သိရပါတယ်။

လန်ဒန်မြို့ အခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ကော်တင်ဟိုကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အတွက် စီစဉ်နေပြီး ကော်တင်ဟိုကလည်း သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြန်လည် ပြောင်းရွှေ့လိုနေကြောင်း ယနေ့ မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်း ကတော့ ကော်တင်ဟိုအတွက် အငှားကြေး ပေးချေစရာ မလိုပဲ သူ့ရဲ့ လုပ်ခလစာကိုသာ ၇၀ရာခိုင်နှုန်း ပေးချေဖို့ လိုအပ်ကြောင်း ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကို အသိပေးထားပြီး စပါးအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ပိုမို အခွင့်အလမ်း များနေကြောင်း Football London သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းနဲ႕ စပါးအသင္းတို႔ဟာ ဘာစီလိုနာအသင္းမွာ ေနရာမရတဲ့ ဘရာဇီးလ္ ကြင္းလယ္တိုက္စစ္ ကစားသမား ေကာ္တင္ဟိုကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ ယခုထဲက အၿပိဳင္အဆိုင္ ခ်ိတ္ဆက္ေနေၾကာင္း လန္ဒန္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

ေကာ္တင္ဟိုဟာ တခ်ိန္က အဂၤလန္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တဦး အျဖစ္ ေျခစြမ္းျပနိုင္ခဲ့ေပမယ့္ လီဗာပူးအသင္း ကေန ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၃၅သန္းနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ ႐ုန္းကန္ေနရသူပါ။

ေကာ္တင္ဟိုဟာ စပိန္ေျမမွာ အသားက်ဖိဳ႕ ႐ုန္းကန္ခဲ့ရသလို ဂ်ာမန္ အင္အားႀကီးကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းထံ အငွားနဲ႕ သြားေရာက္ ကစားစဥ္မွာလည္း ေနရာရဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ဘာစီလိုနာအသင္းဟာ ေကာ္တင္ဟိုကို ျပန္လည္ ေရာင္းထုတ္ဖို႔ စဥ္းစားေနပါတယ္။

ေျခစြမ္းပိုင္း က်ဆင္းေနတဲ့ ေကာ္တင္ဟိုကို အၿပီးသတ္ ေခၚယူခ်င္တဲ့ အသင္းေတြ မရွိတာေၾကာင့္ ဘာစီလိုနာအသင္းဟာ ေကာ္တင္ဟိုကို အငွားနဲ႕ ေခၚယူဖို႔ အတြက္ ကမ္းလွမ္းမႈေတြ ရွိလာပါကလည္း လက္ခံဖို႔ ဆုံးျဖတ္ထားေၾကာင္း ဘာစီလိုနာအသင္းရဲ႕ အတြင္းသတင္းေတြ အရ သိရပါတယ္။

လန္ဒန္ၿမိဳ႕ အေျခစိုက္ အသင္းႏွစ္သင္း ျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႕ စပါးအသင္းတို႔ဟာ ေကာ္တင္ဟိုကို ရာသီဝက္ အငွားနဲ႕ ေခၚယူဖို႔ အတြက္ စီစဥ္ေနၿပီး ေကာ္တင္ဟိုကလည္း သူ႕ရဲ႕ ေအာင္ေျမ ျဖစ္ခဲ့ဖူးတဲ့ အဂၤလန္ ပရီးမီးယားလိဂ္ဆီ ျပန္လည္ ေျပာင္းေ႐ႊ႕လိုေနေၾကာင္း ယေန႕ မနက္ပိုင္းမွာပဲ ေဖာ္ျပလာခဲ့ပါတယ္။

ဘာစီလိုနာအသင္း ကေတာ့ ေကာ္တင္ဟိုအတြက္ အငွားေၾကး ေပးေခ်စရာ မလိုပဲ သူ႕ရဲ႕ လုပ္ခလစာကိုသာ ၇၀ရာခိုင္ႏႈန္း ေပးေခ်ဖိဳ႕ လိုအပ္ေၾကာင္း ေကာ္တင္ဟိုရဲ႕ ေအးဂ်င့္ျဖစ္သူကို အသိေပးထားၿပီး စပါးအသင္းဟာ ေကာ္တင္ဟိုကို ေခၚယူနိုင္ဖို႔ ပိုမို အခြင့္အလမ္း မ်ားေနေၾကာင္း Football London သတင္းဌာနကလည္း ေဖာ္ျပထားပါတယ္။