Spots news

မန်ယူမှာ ရုန်းကန်နေရတဲ့ ဆန်ချိုကို သနားမိတယ်ဆိုတဲ့ ဒေါ့မွန် စီအီးအို

Unicode Version

ဒေါ့မွန်အသင်းရဲ့ စီအီးအိုဖြစ်သူဝတ်ဇ်ကီက ယူနိုက်တက်အသင်းမှာ ဆန်ချိုရုန်းကန်နေရတာကို မြင်တွေ့နေရတာက သူ့ကိုနာကျင်မိစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒက်လီဂါမှာ အကောင်းဆုံးတောင်ပံကစားသမားအဖြစ် ခြေစွမ်းပြခဲ့ကာ သွင်းဂိုးနဲ့ ဖန်တီးမှု အများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာတော့ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေမပြုလုပ်ထားနိုင်သလို ပုံမှန်ကစားခွင့်ရဖို့တောင်မှ အခက်တွေ့နေတာဖြစ်ပါတယ်။

ဆိုးလ်ရှားလက်အောက်မှာ ဆန်ချိုက ဘယ်တောင်ပံ နဲ့ ညာတောင်ပံနေရာတွေမှာ ကစားနေရပြီး အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ကို ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ဆန်ချိုနဲ့ပတ်သက်ပြိး ဝက်ဇ်ကီက “ဆန်ချိုကို ကျွန်တော်မြတ်နိုးပါတယ်၊ သူကစားနေတာကို မြင်ရရင် ခင်ဗျားမျက်ရည်တောင်ကျလာမယ်၊ ကျွန်တော့်နှလုံးသားတွေလည်း နာကျင်နေရပြီး သူ့အကြောင်းကို

လူတွေသိပ်မပြောကြတော့ပါဘူး၊ အင်္ဂလန်လက်ရွေးစင်အသင်းမှာ သူ ရွေးချယ်မခံရတာက အဓိကပြသနာလို့ ကျွန်တော်ထင်တယ်” လို့ ပြောဆိုခဲ့ကြောင်း 90 min က ဖော်ပြခဲ့ပါတယ်။

ဆန်ချိုဟာ ဗီလာနဲ့ပွဲမှာလည်း လူစားလဲပါဝင်ခွင့်သာရရှိခဲ့ပြီး အသင်းအရေးနိမ့်ချိန်မှာ ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ဆန်ချိုခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ကြောင်း

ပြောဆိုထားပြိး ကစားသမားအတွက် အချိန်အနည်းငယ်ပေးရလိမ့်မယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ပုံမှန်အသုံးမပြုတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းရဲ႕ စီအီးအိုျဖစ္သူဝတ္ဇ္ကီက ယူနိုက္တက္အသင္းမွာ ဆန္ခ်ိဳ႐ုန္းကန္ေနရတာကို ျမင္ေတြ႕ေနရတာက သူ႕ကိုနာက်င္မိေစတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဆန္ခ်ိဳဟာ မန္စီးတီးကေန ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဘြန္ဒက္လီဂါမွာ အေကာင္းဆုံးေတာင္ပံကစားသမားအျဖစ္ ေျခစြမ္းျပခဲ့ကာ သြင္းဂိုးနဲ႕ ဖန္တီးမႈ အမ်ားအျပားရယူနိုင္ခဲ့သူျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ယူနိုက္တက္ကို ေပါင္သန္း ၇၀ နဲ႕ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး လက္ရွိမွာ သြင္းဂိုးနဲ႕ ဖန္တီးမႈေတြမျပဳလုပ္ထားနိုင္သလို ပုံမွန္ကစားခြင့္ရဖို႔ေတာင္မွ အခက္ေတြ႕ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွားလက္ေအာက္မွာ ဆန္ခ်ိဳက ဘယ္ေတာင္ပံ နဲ႕ ညာေတာင္ပံေနရာေတြမွာ ကစားေနရၿပီး အသင္းေဖာ္ေတြနဲ႕ အခ်ိတ္အဆက္မိဖို႔ကို ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။

ဆန္ခ်ိဳနဲ႕ပတ္သက္ၿပိး ဝက္ဇ္ကီက “ဆန္ခ်ိဳကို ကြၽန္ေတာ္ျမတ္နိုးပါတယ္၊ သူကစားေနတာကို ျမင္ရရင္ ခင္ဗ်ားမ်က္ရည္ေတာင္က်လာမယ္၊ ကြၽန္ေတာ့္ႏွလုံးသားေတြလည္း နာက်င္ေနရၿပီး သူ႕အေၾကာင္းကို

လူေတြသိပ္မေျပာၾကေတာ့ပါဘူး၊ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ သူ ေ႐ြးခ်ယ္မခံရတာက အဓိကျပသနာလို႔ ကြၽန္ေတာ္ထင္တယ္” လို႔ ေျပာဆိုခဲ့ေၾကာင္း 90 min က ေဖာ္ျပခဲ့ပါတယ္။

ဆန္ခ်ိဳဟာ ဗီလာနဲ႕ပြဲမွာလည္း လူစားလဲပါဝင္ခြင့္သာရရွိခဲ့ၿပီး အသင္းအေရးနိမ့္ခ်ိန္မွာ ကယ္တင္နိုင္ျခင္းမရွိခဲ့ပါဘူး။ ယူနိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ ဆန္ခ်ိဳေျခစြမ္းျပနိုင္မယ္လို႔ ယုံၾကည္ေၾကာင္း

ေျပာဆိုထားၿပိး ကစားသမားအတြက္ အခ်ိန္အနည္းငယ္ေပးရလိမ့္မယ္လို႔လည္း ဖြင့္ဟခဲ့ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳကို ပုံမွန္အသုံးမျပဳတဲ့အေပၚမွာ ေဝဖန္မႈေတြလည္းရွိေနခဲ့ပါတယ္။