Spots news

ဇန်နဝါရီမှာ ယူနိုက်တက်ကနေ ဘာစီလိုနာကို ပြောင်းရွေ့ဖွယ်ရှိနေတဲ့ သရဲနီတိုက်စစ်မှူး

Unicode Version

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီဟာ ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းသို့ ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးခဲ့ပေမယ့် စျေးကွက်နောက်ဆုံးရက်က ခရစ္စတီယာနိုရော်နယ်ဒို ရောက်ရှိလာတာကြောင့် ဥရုဂွေးဂိုးသွင်းမုဆိုးကြီးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရပါတယ်။

ကာဗာနီဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အရန်ကစားသမားအဖြစ် ၂ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသူဖြစ်ပါတယ်။နာပိုလီအသင်းနဲ့ PSG အသင်းကစားသမားဟောင်းကိုတော့ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ The Daily Star က ဖော်ပြခဲ့ပါတယ်။ကာဗာနီ အင်္ဂလန်သို့ မပြောင်းရွေ့ခင်ကလည်း ကတ္တလန်ကလပ်ဟာ သူ့ကို ချိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက်မှာ တစ်ပတ်တာလုပ်အားခ ပေါင် ၂၅၀၀၀၀ ရရှိနေတဲ့ ကာဗာနီရဲ့ လုပ်ခလစာငွေက ဘာစီလိုနာအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း အိုးလ်ထရက်ဖို့ဒ် တာဝန်ရှိသူတွေဟာ ဘရိုက်တန်အသင်းက ဘစ်ဆူးမား ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချို၊ ရော်နယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ် ဗဟိုခံစစ်မှူး ရာဖယ်လ်ဗာရန်းတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ အသင်းရဲ့ အားနည်းနေတဲ့ နေရာတွေကို အားဖြည့်ဦးမှာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်းက မြင့်မားတဲ့ပြောင်းရွေ့ကြေး သတ်မှတ်ထားတာကြောင့် သရဲနီတွေဟာ ဘစ်ဆူးမား ကို လစ်ဗာပူးလ်နဲ့အပြိုင် စောင့်ကြည့်နေပါတယ်။ နာမည်ကြီးသတင်းထောက် တွမ်ဘာကလေက ယူနိုက်တက်တို့ဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ပေါက်သန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း ဖော်ပြခဲ့ပါတယ်။

Zawgyi Version

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရ ယူနိုက္တက္တိုက္စစ္မႉး အက္ဒီဆင္ကာဗာနီဟာ ဇန္နဝါရီလမွာ ဘာစီလိုနာအသင္းသို႔ ေရာက္ရွိသြားနိုင္တယ္လို႔ သိရပါတယ္။ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္တိုးခဲ့ေပမယ့္ ေစ်းကြက္ေနာက္ဆုံးရက္က ခရစၥတီယာနိုေရာ္နယ္ဒို ေရာက္ရွိလာတာေၾကာင့္ ဥ႐ုေဂြးဂိုးသြင္းမုဆိုးႀကီးဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ပုံမွန္ပြဲကစားခြင့္ရရွိဖို႔ ႐ုန္းကန္ေနရပါတယ္။

ကာဗာနီဟာ ယခုႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ အရန္ကစားသမားအျဖစ္ ၂ ပြဲသာ ပါဝင္ကစားခြင့္ ရရွိထားသူျဖစ္ပါတယ္။နာပိုလီအသင္းနဲ႕ PSG အသင္းကစားသမားေဟာင္းကိုေတာ့ ဘာစီလိုနာအသင္းက ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ The Daily Star က ေဖာ္ျပခဲ့ပါတယ္။ကာဗာနီ အဂၤလန္သို႔ မေျပာင္းေ႐ြ႕ခင္ကလည္း ကတၱလန္ကလပ္ဟာ သူ႕ကို ခ်ိတ္ဆက္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ယူနိုက္တက္မွာ တစ္ပတ္တာလုပ္အားခ ေပါင္ ၂၅၀၀၀၀ ရရွိေနတဲ့ ကာဗာနီရဲ႕ လုပ္ခလစာေငြက ဘာစီလိုနာအတြက္ အခက္အခဲ ျဖစ္လာနိုင္ပါတယ္။ တစ္ဖက္မွာလည္း အိုးလ္ထရက္ဖို႔ဒ္ တာဝန္ရွိသူေတြဟာ ဘရိုက္တန္အသင္းက ဘစ္ဆူးမား ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ကာလရွည္ပစ္မွတ္ထားခဲ့တဲ့ ေဒါ့မြန္ေတာင္ပံတိုက္စစ္မႉး ေဂ်ဒန္ဆန္ခ်ိဳ၊ ေရာ္နယ္ဒိုနဲ႕ ရီးရဲလ္မက္ဒရစ္ ဗဟိုခံစစ္မႉး ရာဖယ္လ္ဗာရန္းတို႔ကို ေခၚယူနိုင္ခဲ့ပါတယ္။ဒါေပမယ့္ သူတို႔ဟာ အသင္းရဲ႕ အားနည္းေနတဲ့ ေနရာေတြကို အားျဖည့္ဦးမွာျဖစ္ပါတယ္။

ဒီကလန္ရိုက္စ္အတြက္ ဝက္စ္ဟမ္းအသင္းက ျမင့္မားတဲ့ေျပာင္းေ႐ြ႕ေၾကး သတ္မွတ္ထားတာေၾကာင့္ သရဲနီေတြဟာ ဘစ္ဆူးမား ကို လစ္ဗာပူးလ္နဲ႕အၿပိဳင္ ေစာင့္ၾကည့္ေနပါတယ္။ နာမည္ႀကီးသတင္းေထာက္ တြမ္ဘာကေလက ယူနိုက္တက္တို႔ဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားကို ေပါက္သန္း ၅၀ ဝန္းက်င္နဲ႕ ေခၚယူနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။