Knowledge

ဖုန်းတွေ ကွန်ပျူတာတွေ ကြည့်တာများလို့ မျက်စိမှုန်ဝါးနေပြီလား ဒီနည်းလေးသုံးကြည့်ပါ

ဖုန်းတွေ ကွန်ပျူတာတွေကြည့်တာများလို့ မျက်စိမှုန်ဝါးနေပြီလား ဒီနည်းလေးသုံးကြည့်ပါ

မျက်မှန်တပ်ထားရသူများ လက်တွေ့ကို စမ်းသပ်သုံးစွဲကြည့်ကြပါနော်။အသက်(၃၀) ကျော်မှ မျက်စိမကြည်ဘဲ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရတာ။အခုအသက်(၄၀) ကျော်မှ

မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများက ထင်ကြတာပါ။ ဆေးနည်း အချိုးအစားအတိုင်းကို လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်ပါတယ်။ဆေးနည်းကတော့
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊နေလှန်း၊ အမှုန့်ပြုလုပ်ရန်။

(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာအလိုအလျောက် သဘာဝအတိုင်းအခြောက်ခံ အမှုန့်ပြုရန်။

(၃) ကွမ်းရွက်ကို အခြောက်လှန်းအမှုန့်ပြုရန်။

(၄) ပျားရည်စစ်စစ်ထို(၄)မျိုးသာ လိုတာပါ။ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက် လုပ်ပါက ကာလတန်ဖိုး လေးသောင်းငါးသောင်းမကကုန်မည်။နေရာတကာမှာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်တယ်။

မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုန်းပွတ်ဖို့ အကုန်ခက်ပေသည်။မျက်မှန်ပါဝါဟာ အကျမရှိ အတက်သာရှိတာ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောတက်စိတ်ပျက်ဖြစ်ရပြန်သည်။

သုံးဆောင်ရန် ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်းကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍

စားပေးရန်သာ ဖြစ်သည်။သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါနော်။ မျက်စိကြည်လင်လာပြီးတော့ မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်နော်ယထိုမျှမကဘဲ

အကျိုးရလဒ်ကအညောင်းအညာပါ ပြေလာပါလိမ့်မယ်။ မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင်ကြပါစို့ဗျာ။