Spots news

ချယ်လ်ဆီးနဲ့ ပွဲစဥ်အတွက် ဒိုင်ဘာလာနဲ့ မိုရာတာရဲ့ အခြေအနေကို အယ်လီဂရီအတည်ပြု

Unicode Version

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီက ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဥ်ကို အသင်းရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာ နှင့် မိုရာတာတို့ လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘာလာ နဲ့

စပိန်ကစားသမား မိုရာတာ တို့နှစ်ဦးဟာ ဆမ်ဒိုးရီးယားအသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အတူပွဲထွက်ခဲ့ကြပြီး ဒိုင်ဘာလာက အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ဆမ်ဒိုရီးယားနဲ့ပွဲမှာ ၃ -၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက် ဒိုင်ဘာလာ ၊ ဘိုနူချီနဲ့ လိုကာတယ်လီတို့က ဂိုးတွေသွင်းယူပေးနိုင်ခဲ့တာပါ။

ဒိုင်ဘာလာဟာ ပွဲကစားချိန် ၂၁  မိနစ်မှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် ကူလက်ဗ်စကီးနဲ့ လူစားလဲခဲ့ရပါတယ်။ လူစားလဲခံရချိန်မှာလည်း ဒီဘားလားတစ်ယောက် ငိုကြွေးပြီး ကွင်းထဲက ထွက်သွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မိုရာတာက‌တော့ ပွဲပြီးခါနီးအထိ ပါဝင်ကစားခဲ့ပေမယ့်  ပွဲအပြီး စမ်းသ ပ်စစ်ဆေးမှုများအရ

နှစ်ဦးစလုံး ချယ်လ်ဆီးနှင့်ပွဲကို လွဲချော်ရန် သေချာသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် လာမည့်တစ်ပတ်မှာ တိုရီနိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် တူရင်ဒါဘီပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ဘဲ နိုင်ငံတကာ ရက်သတ္တပတ်ပြီးဆုံးမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

အယ်လီဂရီက ”သူတို့ ချယ်လ်ဆီးနဲ့ပွဲရော တိုရီနိုနဲ့ပွဲမှာပါ ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါဘီပွဲပြီးရင် နိုင်ငံတကာရက်သတ္တပတ်အဖြစ် အနားပေးချိန် ရောက်လာမှာပါ။ အဲဒီကာလပြီးရင် သူတို့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပ အယ္လီဂရီက ခ်ယ္လ္ဆီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို အသင္းရဲ႕ အဓိက တိုက္စစ္မႉး ႏွစ္ဦးျဖစ္တဲ့ ဒိုင္ဘာလာ ႏွင့္ မိုရာတာတို႔ လြဲေခ်ာ္မည္ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနား တိုက္စစ္ကစားသမား ဒိုင္ဘာလာ နဲ႕

မိုရာတာ တို႔ႏွစ္ဦးဟာ ဆမ္ဒိုးရီးယားအသင္းကို အနိုင္ရခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ အတူပြဲထြက္ခဲ့ၾကၿပီး ဒိုင္ဘာလာက အဖြင့္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္ဟာ ဆမ္ဒိုရီးယားနဲ႕ပြဲမွာ ၃-၂ ဂိုးနဲ႕ အနိုင္ရရွိခဲ့ၿပီး ဒီပြဲမွာ ဂ်ဴဗင္တပ္စ္အတြက္ ဒိုင္ဘာလာ ၊ ဘိုႏူခ်ီနဲ႕ လိုကာတယ္လီတို႔က ဂိုးေတြသြင္းယူေပးနိုင္ခဲ့တာပါ။

ဒိုင္ဘာလာဟာ ပြဲကစားခ်ိန္ ၂၁  မိနစ္မွာပဲ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ကူလက္ဗ္စကီးနဲ႕ လူစားလဲခဲ့ရပါတယ္။ လူစားလဲခံရခ်ိန္မွာလည္း ဒီဘားလားတစ္ေယာက္ ငိုေႂကြးၿပီး ကြင္းထဲက ထြက္သြားတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ မိုရာတာက‌ေတာ့ ပြဲၿပီးခါနီးအထိ ပါဝင္ကစားခဲ့ေပမယ့္  ပြဲအၿပီး စမ္းသပ္စစ္ေဆးမႈမ်ားအရ

ႏွစ္ဦးစလုံး ခ်ယ္လ္ဆီးႏွင့္ပြဲကို လြဲေခ်ာ္ရန္ ေသခ်ာသြားခဲ့ျခင္း ျဖစ္ပါတယ္။ ဒါ့အျပင္ လာမည့္တစ္ပတ္မွာ တိုရီနိုအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည့္ တူရင္ဒါဘီပြဲမွာလည္း ပါဝင္နိုင္မွာမဟုတ္ဘဲ နိုင္ငံတကာ ရက္သတၱပတ္ၿပီးဆုံးမွသာ ျပန္ကစားနိုင္ဖြယ္ရွိေၾကာင္း သိရပါတယ္။

အယ္လီဂရီက ”သူတို႔ ခ်ယ္လ္ဆီးနဲ႕ပြဲေရာ တိုရီနိုနဲ႕ပြဲမွာပါ ကစားနိုင္မွာ မဟုတ္ပါဘူး။ ဒါဘီပြဲၿပီးရင္ နိုင္ငံတကာရက္သတၱပတ္အျဖစ္ အနားေပးခ်ိန္ ေရာက္လာမွာပါ။ အဲဒီကာလၿပီးရင္ သူတို႔ ျပန္ကစားနိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”ဟု ေျပာၾကားခဲ့ပါတယ္။