Spots news

မန်ယူကို ထပ်မံအနိုင်ယူပြမယ်လို့ ကြုံးဝါးလိုက်တဲ့ ဗီလာရီးရဲလ်နောက်ခံလူ ဟွမ်ဖွိုက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ဗီလာရီးရဲလ်အသင်းရဲ့ နောက်ထံလူ ဟွမ်ဖွိုက်စ်ကတော့ ယခုနှစ်မှာလဲ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ထပ်မံဆုံတွေ့နေတဲ့ ယူနိုက်တက်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားပြီး ထပ်မံအနိုင်ယူမယ်လို့ ကြုံးဝါးပြောဆို လာခဲ့ပါတယ်။

ဗီလာရီးရဲလ်နဲ့ ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံဖူးပြီး ဗီလာရီးရဲလ်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ယခုနှစ်မှာလဲ အဆိုပါနှစ်သင်းဟာ ချန်ပီယံလိဂ် အုပ်စုFအတွင်းမှာ ကျရောက်နေကာ ဒီတပတ်မှာ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ဟာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ကစားကြမှာပါ။

နှစ်သင်းစလုံးဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ပွဲတွေ ပျောက်ဆုံးထားတဲ့ အသင်းတွေ ဖြစ်တာကြောင့် အုပ်စုအဆင့် ကနေ တက်ရောက်နိုင်ဖို့ အတွက် မဖြစ်မနေ ကြိုးစားဖို့ လိုအပ်နေပြီး ဗီလာရီးရဲလ် နောက်ခံလူ ဟွမ်ဖွိုက်စ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကလို မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူပြဖို့ အဆင်သင့်ပဲလို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဟွမ်ဖွိုက်စ်က – “ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးတို့လို အသင်းတွေဟာ အားကောင်းပြီး အမြဲတမ်း ဆုဖလားတွေကို ဆာလောင်နေတတ်တဲ့ ထိပ်တန်းအသင်းကြီးတွေ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ကတော့ ရှင်းလင်းပါတယ်။

ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားမယ်။ ပွဲကို နားလည်အောင် ဖတ်မယ်။ ပြီးရင် အဲ့ဒီအသင်းတွေကို အနိုင်ရအောင် လုပ်ရမယ့် အခိုက်အတန့်တွေ ရောက်လာရင် အနိုင်ရအောင် လုပ်ပြမယ်။ ဒါပါပဲ။ ဒီတော့ ကျွန်တော်တို့က ဒီပွဲမှာလည်း အနိုင် ၃မှတ် ရယူဖို့ အတွက်ပဲ ချီတက်သွားမှာပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို အနိုင္ယူၿပီး ယူရိုပါလိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဗီလာရီးရဲလ္အသင္းရဲ႕ ေနာက္ထံလူ ဟြမ္ဖြိုက္စ္ကေတာ့ ယခုႏွစ္မွာလဲ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ထပ္မံဆုံေတြ႕ေနတဲ့ ယူနိုက္တက္အသင္းကို အေကာင္းဆုံး ယွဥ္ၿပိဳင္ကစားၿပီး ထပ္မံအနိုင္ယူမယ္လို႔ ႀကဳံးဝါးေျပာဆို လာခဲ့ပါတယ္။

ဗီလာရီးရဲလ္နဲ႕ ယူနိုက္တက္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ထိပ္တိုက္ ေတြ႕ဆုံဖူးၿပီး ဗီလာရီးရဲလ္အသင္းက ပင္နယ္တီ အဆုံးအျဖတ္နဲ႕ ခ်န္ပီယံျဖစ္ခဲ့ၿပီး ယခုႏွစ္မွာလဲ အဆိုပါႏွစ္သင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုFအတြင္းမွာ က်ေရာက္ေနကာ ဒီတပတ္မွာ ယူနိုက္တက္နဲ႕ ဗီလာရီးရဲလ္တို႔ဟာ ယူနိုက္တက္ရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ရင္ဆိုင္ ကစားၾကမွာပါ။

ႏွစ္သင္းစလုံးဟာ အုပ္စုအဖြင့္ပြဲစဥ္မွာ နိုင္ပြဲေတြ ေပ်ာက္ဆုံးထားတဲ့ အသင္းေတြ ျဖစ္တာေၾကာင့္ အုပ္စုအဆင့္ ကေန တက္ေရာက္နိုင္ဖို႔ အတြက္ မျဖစ္မေန ႀကိဳးစားဖို႔ လိုအပ္ေနၿပီး ဗီလာရီးရဲလ္ ေနာက္ခံလူ ဟြမ္ဖြိုက္စ္ကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကလို မန္ခ်က္စတာ ယူနိုက္တက္အသင္းကို အနိုင္ယူျပဖို႔ အဆင္သင့္ပဲလို႔ ႀကဳံးဝါးသြားခဲ့ပါတယ္။

ဟြမ္ဖြိုက္စ္က – “ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူနိုက္တက္ ၊ ခ်ယ္လ္ဆီးတို႔လို အသင္းေတြဟာ အားေကာင္းၿပီး အၿမဲတမ္း ဆုဖလားေတြကို ဆာေလာင္ေနတတ္တဲ့ ထိပ္တန္းအသင္းႀကီးေတြ ဆိုတာ ကြၽန္ေတာ္တို႔ အားလုံး သိထားၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ အေတြးအေခၚေတြ ကေတာ့ ရွင္းလင္းပါတယ္။

ကြၽန္ေတာ္တို႔ေတြ အစြမ္းကုန္ ႀကိဳးစားမယ္။ ပြဲကို နားလည္ေအာင္ ဖတ္မယ္။ ၿပီးရင္ အဲ့ဒီအသင္းေတြကို အနိုင္ရေအာင္ လုပ္ရမယ့္ အခိုက္အတန႔္ေတြ ေရာက္လာရင္ အနိုင္ရေအာင္ လုပ္ျပမယ္။ ဒါပါပဲ။ ဒီေတာ့ ကြၽန္ေတာ္တို႔က ဒီပြဲမွာလည္း အနိုင္ ၃မွတ္ ရယူဖို႔ အတြက္ပဲ ခ်ီတက္သြားမွာပါ” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။