Spots news

ပြိုင်ပွဲကြီးတွေမှာ ရှာမရသူကို ကန်တိုနာနဲ့ မနှိုင်းနဲ့ ဟု ရွိုင်ကိန်းပြောကြား

Unicode Version

တစ်ချိန်က ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကတော့ မန်ချက် စတာ ဒါဘီပွဲ မှာ ခြေစွမ်း ပြသ နိုင်ခဲ့ခြင်း မရှိတဲ့ ဘရူနိုကို ဂန္တဝင် ကစားသမား ဟောင်း ကန်တိုနာနဲ့ နှိုင်းယှဉ်မှု များကို ဝေဖန်မှု ပြုလုပ် သွားပါတယ်။ တကယ့် ထိပ်တန်း ကစားသမား တစ်ယောက်ဟာ အသင်း အတွက် အရေးကြီးတဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသ နိုင်ရတယ် လို့ပြောဆိုခဲ့တာပါ။

နိုဝင်ဘာလ မှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဆိုလ်းရှား ရဲ့ အသင်းဟာ ပြိုင်ပွဲစုံ  ၁၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ 9 ပွဲ အထိ အနိုင်ရကာ ၂၅ ဂိုး အထိ သွင်းယူ ပြထား ပါတယ် ။ ထိုသို့  ယူနိုက်တက် ရဲ့ နိုင်ပွဲဆက် နေမှုမှာ အဓိက ခြေစွမ်း ပြသခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကို ယူနိုက်တက် ဂန္တဝင် ကစားသမား အဲရစ်ကန်တိုနာ နဲ့ နှိုင်းယှဉ်မှု များ ရှိခဲ့ပြီး ဘရူနိုဟာ ယူနိုက်တက်  အတွက် ဆုဖလား အောင်မြင်မှုတွေ ရရှိအောင်  စွမ်းဆောင် ပေးနိုင် လိမ့်မည် ဟု ထင်ကြေးပေး ခံခဲ့ ရပါတယ်။

သို့ ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ မနေ့ညက အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ မြို့ခံပြိုင်ဘက်  မန်စီးတီး အသင်း ကို ၀-၂ ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ပြီး ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် မှ ထွက်ခွာ ခဲ့ရပါတယ်။

ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း  အတွက် တော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲ တွေရဲ့ ဆီမီး ဖိုင်နယ် အဆင့်မှ လေးကြိမ်ဆက် ရှုံးနိမ့်  ထွက်ခွာခြင်း ဖြစ်သွား ခဲ့ရ ပါတယ် ။

ပွဲစဉ် အတွင်း ခြေစွမ်း မပြသ နိုင်ခဲ့တဲ့ ဘရူနိုကို ရွိင်ကိန်းက “ အားလုံး အတွက် အရမ်း ကောင်းနေတဲ့ ဘရူနိုကို ကန်တိုနာ နဲ့  နှိုင်းယှဉ် နေတာတွေကို ကျွန်တော် ကြားပါတယ်။ ဆုဖလား တွေ ရရှိ ဖို့က သိပ်ကို ခက်ခဲပါတယ်။ သူတို့ နှစ်ဦးကြား ကွာခြာ းနေတာ က ဆုဖလား တွေပဲ ။ အခု ပွဲမှာ ဆိုရင် ခင်များတို့ရဲ့ ဘရူနို ခြေမပေါ်ခဲ့ ပါဘူး။ တကယ့်ထိပ်တန်း ကစားသမား ကောင်း တစ်ယောက် က အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ရုန်းကန်  ကစား ပြရမှာပါ “

“ ယူနိုက်တက် အနေနဲ့ လူထပ် နေတာ တွေကို  လျော့ချပြီး လူအင်အား ဖြည့်တင်းဖို့ လိုပါသေးတယ်။  ဆီမီးဖိုင်နယ် လို အရေးကြီးတဲ့ ပွဲစဉ် တွေမှာ အနိုင် ကစားရမယ် ဆိုတဲ့ ယုံကြည်မှု ရှိနေဖို့လဲ လိုအပ် ပါတယ်။ မန်စီးတီး အသင်းက တော့ သူတို့ရဲ့ ယုံကြည်မှု ကို ပြသသွားခဲ့ ပြီး အကောင်းဆုံး ခြေစွမ်း ပြ သွားခဲ့ ပါတယ် ” ဟု ပြိုင်ဘက် အသင်းကို ချီးကျူး သွားခဲ့ ပါသေးတယ် ။

Zawgyi Version

တစ္ခ်ိန္က ယူနိုက္တက္ အသင္း ေခါင္းေဆာင္ေဟာင္း ႐ြိုင္ကိန္းကေတာ့ မန္ခ်က္စတာ ဒါဘီပြဲ မွာ ေျခစြမ္းျပသ နိုင္ခဲ့ျခင္း မရွိတဲ့ ဘ႐ူနိုကို ဂႏၲဝင္ ကစားသမား ေဟာင္း ကန္တိုနာနဲ႕ ႏွိုင္းယွဥ္မႈ မ်ားကို ေဝဖန္မႈ ျပဳလုပ္ သြားပါတယ္။ တကယ့္ ထိပ္တန္း ကစားသမား တစ္ေယာက္ဟာ အသင္း အတြက္ အေရးႀကီးတဲ့ ပြဲစဥ္မွာ ေျခစြမ္းျပသ နိုင္ရတယ္ လို႔ေျပာဆိုခဲ့တာပါ။

နိုဝင္ဘာလမွာ အာဆင္နယ္ကို ရႈံးနိမ့္ၿပီးေနာက္ပိုင္း ဆိုလ္းရွား ရဲ႕ အသင္းဟာ ၿပိဳင္ပြဲစုံ ၁၁ ပြဲဆက္ ရႈံးပြဲ မရွိခဲ့ပဲ 9 ပြဲ အထိ အနိုင္ရကာ ၂၅ ဂိုး အထိ သြင္းယူ ျပထား ပါတယ္ ။ ထိုသို႔ ယူနိုက္တက္ ရဲ႕ နိုင္ပြဲဆက္ ေနမႈမွာ အဓိက ေျခစြမ္း ျပသခဲ့တဲ့ ဘ႐ူနို ဖာနန္ဒက္စ္ ကို ယူနိုက္တက္ ဂႏၲဝင္ ကစားသမား အဲရစ္ကန္တိုနာ နဲ႕ ႏွိုင္းယွဥ္မႈ မ်ား ရွိခဲ့ၿပီး ဘ႐ူနိုဟာ ယူနိုက္တက္ အတြက္ ဆုဖလား ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ ေပးနိုင္ လိမ့္မည္ ဟု ထင္ေၾကးေပး ခံခဲ့ ရပါတယ္။

သို႔ ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္း ဟာ မေန႕ညက အိမ္ကြင္း အိုးထရက္ဖိုဒ့္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္း ကို ၀-၂ ဆိုတဲ့ ရလဒ္ျဖင့္ ရႈံးနိမ့္ၿပီး ကာရာေဘာင္ဖလား ဆီမီး ဖိုင္နယ္ မွ ထြက္ခြာ ခဲ့ရပါတယ္။

ဒါဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္း အတြက္ေတာ့ ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲ ေတြရဲ႕ ဆီမီး ဖိုင္နယ္ အဆင့္မွ ေလးႀကိမ္ဆက္ ရႈံးနိမ့္ ထြက္ခြာျခင္း ျဖစ္သြား ခဲ့ရ ပါတယ္ ။

ပြဲစဥ္အတြင္း ေျခစြမ္း မျပသ နိုင္ခဲ့တဲ့ ဘ႐ူနိုကို ႐ြိင္ကိန္းက “ အားလုံးအတြက္ အရမ္းေကာင္းေနတဲ့ ဘ႐ူနိုကို ကန္တိုနာ နဲ႕ ႏွိုင္းယွဥ္ ေနတာေတြကို ကြၽန္ေတာ္ ၾကားပါတယ္။ ဆုဖလား ေတြ ရရွိဖို႔က သိပ္ကို ခက္ခဲပါတယ္။ သူတို႔ ႏွစ္ဦးၾကား ကြာျခားေနတာ က ဆုဖလား ေတြပဲ ။ အခု ပြဲမွာ ဆိုရင္ ခင္မ်ားတို႔ရဲ႕ ဘ႐ူနို ေျခမေပၚခဲ့ ပါဘူး။ တကယ့္ထိပ္တန္း ကစားသမားေကာင္း တစ္ေယာက္က အေရးႀကီးတဲ့ ပြဲစဥ္ေတြမွာ ႐ုန္းကန္ ကစား ျပရမွာပါ ”

“ ယူနိုက္တက္ အေနနဲ႕ လူထပ္ ေနတာေတြကို ေလ်ာ့ခ်ၿပီး လူအင္အား ျဖည့္တင္းဖို႔ လိုပါေသးတယ္။ ဆီမီးဖိုင္နယ္လို အေရးႀကီးတဲ့ ပြဲစဥ္ ေတြမွာ အနိုင္ ကစားရမယ္ ဆိုတဲ့ ယုံၾကည္မႈ ရွိေနဖို႔လဲ လိုအပ္ ပါတယ္။ မန္စီးတီး အသင္းက ေတာ့ သူတို႔ရဲ႕ ယုံၾကည္မႈ ကို ျပသသြားခဲ့ ၿပီး အေကာင္းဆုံး ေျခစြမ္း ျပ သြားခဲ့ ပါတယ္ ” ဟု ၿပိဳင္ဘက္ အသင္းကို ခ်ီးက်ဴး သြားခဲ့ ပါေသးတယ္ ။