Spots news

ဒီကလန်ရိုက်စ်ထက်‌ ဈေးသက်သာမယ့် ကလ်ဗင်ဖီးလစ်ကို ခေါ်ယူမယ့် ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ဟာ ခါးသီးပြိုင်ဘက် လိဒ်ယူနိုက်တက်ကနေ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း

ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် Daily Star သတင်းစာရဲ့ဖော်ပြချက်အရ ယခုအါ ဒီကလန်ရိုက်စ်ရဲ့ ကွင်းလယ်တွဲဖက်ကို ခေါ်ယူဖို့ ပစ်မှတ်ပြောင်းလိုက်ပြီလို့ သိရပါတယ်။

ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ က ဒီလိုပစ်မှတ်ပြောင်းလဲရခြင်းရဲ့ အဓိကအချက်ဖြစ်သလို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဖီးလစ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကလည်း ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ တွေဝေနေပြီး ယခုအခါ အဆိုပါကွင်းလယ်ခံစစ်နေရာကို ဖြည့်ဆည်းဖို့ တခြားဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားနေပါတယ်။

ဒီသတင်းအရဆို လိဒ်ယူနိုက်တက်ပရိသတ်တွေအတွက် လက်သင့်မခံနိုင်တဲ့ကိစ္စဖြစ်လာဖွယ်ရှိနေပြီး နှစ်သင်းကြား ပြင်းထန်တဲ့အားပြိုင်မှုတွေအပြင် အပြောင်းအရွှေ့ပိုင်းမှာလည်း လိဒ်ယူနိုက်တက်အတွက် ခက်ခဲတဲ့ဖြစ်ရပ်တွေ

ဖြစ်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်ကနေ အဲရစ်ကန်တိုနာ၊ အလန်စမစ်နဲ့ ရီယိုဖာဒီနန်တို့ကို ခေါ်ယူခဲ့ပြီး ဖီးလစ်ကလည်း လိဒ်မြို့မှာ မွေးဖွားသူဖြစ်ကာ ပရိသတ်အချစ်တော်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခါးသီးၿပိဳင္ဘက္ လိဒ္ယူနိုက္တက္ကေန ကြင္းလယ္လူ ကယ္လ္ဗင္ဖီးလစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ၁၂လအတြင္း

ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ Daily Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယခုအါ ဒီကလန္ရိုက္စ္ရဲ႕ ကြင္းလယ္တြဲဖက္ကို ေခၚယူဖို႔ ပစ္မွတ္ေျပာင္းလိုက္ၿပီလို႔ သိရပါတယ္။

ဒီကလန္ရိုက္စ္အတြက္ ဝက္စ္ဟမ္းအသင္း သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၉၀ က ဒီလိုပစ္မွတ္ေျပာင္းလဲရျခင္းရဲ႕ အဓိကအခ်က္ျဖစ္သလို ယူနိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ဖီးလစ္ရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။

ယူနိုက္တက္အသင္းတာဝန္ရွိသူေတြကလည္း ဒီကလန္ရိုက္စ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ေတြေဝေနၿပီး ယခုအခါ အဆိုပါကြင္းလယ္ခံစစ္ေနရာကို ျဖည့္ဆည္းဖို႔ တျခားျဖစ္နိုင္ေျခေတြကို ထည့္သြင္းစဥ္းစားေနပါတယ္။

ဒီသတင္းအရဆို လိဒ္ယူနိုက္တက္ပရိသတ္ေတြအတြက္ လက္သင့္မခံနိုင္တဲ့ကိစၥျဖစ္လာဖြယ္ရွိေနၿပီး ႏွစ္သင္းၾကား ျပင္းထန္တဲ့အားၿပိဳင္မႈေတြအျပင္ အေျပာင္းအေ႐ႊ႕ပိုင္းမွာလည္း လိဒ္ယူနိုက္တက္အတြက္ ခက္ခဲတဲ့ျဖစ္ရပ္ေတြ

ျဖစ္ေပၚခဲ့ပါတယ္။ ယူနိုက္တက္ဟာ လိဒ္ယူနိုက္တက္ကေန အဲရစ္ကန္တိုနာ၊ အလန္စမစ္နဲ႕ ရီယိုဖာဒီနန္တို႔ကို ေခၚယူခဲ့ၿပီး ဖီးလစ္ကလည္း လိဒ္ၿမိဳ႕မွာ ေမြးဖြားသူျဖစ္ကာ ပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။