Spots news

ဘစ်ဆိုမာကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီဆိုတဲ့ လီဗာပူး

Unicode Version

ကွင်းလယ်လူ ယီဗက်စ် ဘစ်ဆိုမာအား ခေါ်ယူရန် ဘရိုက်တန်နဲ့ လီဗာပူးအသင်း သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ကြိုးကြာနီတွေဟာ မာလီ လက်ရွေးစင်ကစားသမားကို အချိန်အတော်ကြာ ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အရခေါ်ယူဖွယ် ရှိနေသည်။

အသင်းကနေ ထွက်ခွာသွားတဲ့ ဝင်ဂျ်နယ်ဒမ် နေရာ အစားထိုးရန် ပရိသတ်များက ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ တောင်းဆိုခဲ့ကြသော်လည်း နည်းပြ ဂျာဂင်ကလော့ပ်က သူရဲ့ လက်ရှိလူစာရင်းကိုသာ ယုံကြည်ကာ ယခုရာသီဝက်ကို ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စပိန်သတင်းစာ Fichajes ရဲ့ ဖော်ပြချက်ကို Liverpool Echoက ပါ ထပ်ဆင့် ဖော်ပြခဲ့တာကြောင့် သေချာတဲ့ သတင်း ဖြစ်ဖို့များပြီး အန်ဖီးလ်ကလပ်ဟာ ကြိုတင်ပြီး အသက်၂၅နှစ်သားကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုတွေ လုပ်ထားပြီလို့ဆိုပါတယ်။

သတင်းတွေအရ လီဗာပူးအသင်းဟာ မာလီလက်ရွေးစင်အတွက် ၁၈ပွဲ ပါဝင်ကစားထားတဲ့ ကွင်းလယ်ကစားသမားအား ပေါင်သန်း၃၀ဖြင့် ခေါ်ယူသွားဖို့ရှိနေပါတယ်။ ယခုနှစ်တွင် ဘစ်ဆိုမာဟာ ဘရိုက်တန်အသင်းအတွက် ၅ပွဲကစားကာ ခြေစွမ်းပြသလျက် ရှိပြီး ဇယားထိပ်ပိုင်း နားမှာလည်း ရပ်တည်နိုင်အောင် အသင်းကို ကူညီပေးထားနိုင်သူ ဖြစ်ပါတယ်။

ဘစ်ဆိုမာရောက်လာပါက လီဗာပူးအသင်းရဲ့ ကွင်းလယ်မှာ ကလော့ပ်အတွက် အင်အားတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ လက်ရှိ ကွင်းလယ်လူ သီယာဂိုနှင့် ကေတာတို့က မကြာခဏ ဒဏ်ရာရလျက် ရှိကာ လူငယ်ကစားသမား အီလီယော့ကလည်း  ကာလရှည်ဒဏ်ရာဖြင့် နားနေရတာကြောင့် ကြိုးကြာနီတွေဟာ ကွင်းလယ်လူတစ်ဦး ထပ်ဖြည့်ဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။

၂၀၁၈-၁၉ နောက်ပိုင်း ဘစ်ဆိုမာဟာ ဒဏ်ရာကြောင့် ပွဲတစ်ပွဲမှ မလွဲထားရသေးဘဲ ဝင်ဂျ်နယ်ဒမ်ရဲ့ နေရာကို တိုက်ရိုက်အစားထိုးသူ ဖြစ်လာဖွယ် ရှိနေပါတယ်။ Transfermarktရဲ့ ဈေးကွက်တန်ဖိုးအရ ဘစ်ဆိုမာဟာ ပေါင်၂၂.၅သန်း ရှိပြီး စာချုပ် ၂၀၂၃အထိ ရှိပါတယ်။ ထိုကြောင့် ပေါင်သန်း၃၀ဖြင့် ခေါ်ယူမယ့် အခြေအနေဟာ နှစ်သင်းလုံးအတွက် အကျိုးအမြတ်ရရှိမယ့် အပြောင်းအရွှေ့တစ်ခု ဖြစ်လာဖွယ် ရှိပါတယ်။

Zawgyi Version

ကြင္းလယ္လူ ယီဗက္စ္ ဘစ္ဆိုမာအား ေခၚယူရန္ ဘရိုက္တန္နဲ႕ လီဗာပူးအသင္း သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရသည္။ ႀကိဳးၾကာနီေတြဟာ မာလီ လက္ေ႐ြးစင္ကစားသမားကို အခ်ိန္အေတာ္ၾကာ ခ်ိတ္ဆက္ေနခဲ့တာ ျဖစ္ၿပီး လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ အရေခၚယူဖြယ္ ရွိေနသည္။

အသင္းကေန ထြက္ခြာသြားတဲ့ ဝင္ဂ်္နယ္ဒမ္ ေနရာ အစားထိုးရန္ ပရိသတ္မ်ားက ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွာ ေတာင္းဆိုခဲ့ၾကေသာ္လည္း နည္းျပ ဂ်ာဂင္ကေလာ့ပ္က သူရဲ႕ လက္ရွိလူစာရင္းကိုသာ ယုံၾကည္ကာ ယခုရာသီဝက္ကို ျဖတ္သန္းေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ စပိန္သတင္းစာ Fichajes ရဲ႕ ေဖာ္ျပခ်က္ကို Liverpool Echoက ပါ ထပ္ဆင့္ ေဖာ္ျပခဲ့တာေၾကာင့္ ေသခ်ာတဲ့ သတင္း ျဖစ္ဖို႔မ်ားၿပီး အန္ဖီးလ္ကလပ္ဟာ ႀကိဳတင္ၿပီး အသက္၂၅ႏွစ္သားကို ေခၚယူနိုင္ရန္ ႀကိဳးပမ္းမႈေတြ လုပ္ထားၿပီလို႔ဆိုပါတယ္။

သတင္းေတြအရ လီဗာပူးအသင္းဟာ မာလီလက္ေ႐ြးစင္အတြက္ ၁၈ပြဲ ပါဝင္ကစားထားတဲ့ ကြင္းလယ္ကစားသမားအား ေပါင္သန္း၃၀ျဖင့္ ေခၚယူသြားဖို႔ရွိေနပါတယ္။ ယခုႏွစ္တြင္ ဘစ္ဆိုမာဟာ ဘရိုက္တန္အသင္းအတြက္ ၅ပြဲကစားကာ ေျခစြမ္းျပသလ်က္ ရွိၿပီး ဇယားထိပ္ပိုင္း နားမွာလည္း ရပ္တည္နိုင္ေအာင္ အသင္းကို ကူညီေပးထားနိုင္သူ ျဖစ္ပါတယ္။

ဘစ္ဆိုမာေရာက္လာပါက လီဗာပူးအသင္းရဲ႕ ကြင္းလယ္မွာ ကေလာ့ပ္အတြက္ အင္အားတစ္ခု ျဖစ္လာဖြယ္ ရွိေနသည္။ လက္ရွိ ကြင္းလယ္လူ သီယာဂိုႏွင့္ ေကတာတို႔က မၾကာခဏ ဒဏ္ရာရလ်က္ ရွိကာ လူငယ္ကစားသမား အီလီေယာ့ကလည္း  ကာလရွည္ဒဏ္ရာျဖင့္ နားေနရတာေၾကာင့္ ႀကိဳးၾကာနီေတြဟာ ကြင္းလယ္လူတစ္ဦး ထပ္ျဖည့္ဖို႔ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

၂၀၁၈-၁၉ ေနာက္ပိုင္း ဘစ္ဆိုမာဟာ ဒဏ္ရာေၾကာင့္ ပြဲတစ္ပြဲမွ မလြဲထားရေသးဘဲ ဝင္ဂ်္နယ္ဒမ္ရဲ႕ ေနရာကို တိုက္ရိုက္အစားထိုးသူ ျဖစ္လာဖြယ္ ရွိေနပါတယ္။ Transfermarktရဲ႕ ေဈးကြက္တန္ဖိုးအရ ဘစ္ဆိုမာဟာ ေပါင္၂၂.၅သန္း ရွိၿပီး စာခ်ဳပ္ ၂၀၂၃အထိ ရွိပါတယ္။ ထိုေၾကာင့္ ေပါင္သန္း၃၀ျဖင့္ ေခၚယူမယ့္ အေျခအေနဟာ ႏွစ္သင္းလုံးအတြက္ အက်ိဳးအျမတ္ရရွိမယ့္ အေျပာင္းအေ႐ႊ႕တစ္ခု ျဖစ္လာဖြယ္ ရွိပါတယ္။