Spots news
နည်းပြဆိုးလ်ရှားကို အနည်းငယ်စိတ်သက်သာရာ ရစေတဲ့ ရက်ရှ်ဖိုဒ့်ရဲ့ အခြေအနေ
Unicode Version
ပခုံးဒဏ်ရာ ခွဲစိတ်ပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝမှုအတွက် အတန်ကြာအနားယူနေရတဲ့ တိုက်စစ်မှူး ရက်ရ်ှဖို့ဒ်ဟာ မကြာခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်တယ်လို့ ၎င်းရဲ့ ဆိုရှယ်မီဒီယာကနေ တရားဝင် အသိပေးခဲ့ပါတယ်။
” ပျော်ရွှင်စရာ တနင်္လာနေ့ဖြစ်ပါစေ။ ပြီးခဲ့တဲ့ သောကြာနေ့မှာ ကျွန်တော့်ရဲ့ကြံ့ခိုင်မှု အခြေအနေကို ဆရာဝန်နဲ့ သေချာဆွေးနွေးပြီးပါပြီ။ အားလုံး အဆင်ပြေပါတယ်။ မကြာခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မယ်ဆိုတာကို အသိပေးချင်ပါတယ်” လို့ရက်ရ်ှဖို့ဒ်က မနေ့က ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
နောက်လထဲမှာ နိုင်ငံတကာပွဲတွေ ထပ်မံယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အဆိုပါကာလအတွင်း ပရီးမီးယားလိဂ်ပွဲများ ခေတ္တရပ်နားထားမည်ဖြစ်တာကြောင့် ယူနိုက်တက်ဟာ တံခါးပိတ် ခြေစမ်းပွဲ အချို့ ဖိတ်ခေါ်ကစားဖို့ရှိနေပါတယ်။
နည်းပြဆိုးလ်ရှားဟာ ရက်ရ်ှဖို့ဒ်ကို အဆိုပါ တံခါးပိတ်ခြေစွမ်းပွဲမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး ကြံ့ခိုင်မှု အခြေအနေက စိုးရိမ်စရာမရှိပါက အောက်တိုဘာလအတွင်းကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပြန်လည်အသုံးပြုတော့မှာဖြစ်ပါတယ်။
ရက်ရ်ှဖို့ဒ်ဟာ ပခုံးဒဏ်ရာခွဲစိတ်ပြီးနောက် အပေါ့စား လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့ ကာလမှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့ပေမယ့် အဆိုပါဒဏ်ရာဟာလည်း ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ (၃) ပွဲမှာ (၂) ပွဲဆက် ရှုံးနိမ့်ထားပြီး အောက်တိုဘာလအတွင်းခက်ခဲတဲ့ အသင်းတွေသာ ဆက်တိုက် ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ ယူနိုက်တက် နဲ့နည်းပြဆိုးလ်ရှားအတွက်တော့ ရက်ရ်ှဖို့ဒ်ရဲ့ သတင်းဟာ အနည်းငယ်အသက်ရှုချောင်စရာဖြစ်လို့လာခဲ့ပါတယ်။
Zawgyi Version
ပခုံးဒဏ်ရာ ခွဲစိတ်ပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝမှုအတွက် အတန်ကြာအနားယူနေရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မကြာခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်တယ်လို့ ၎င်းရဲ့ ဆိုရှယ်မီဒီယာကနေ တရားဝင် အသိပေးခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်ကို အဆိုပါ တံခါးပိတ်ခြေစွမ်းပွဲမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး ကြံ့ခိုင်မှု အခြေအနေက စိုးရိမ်စရာမရှိပါက အောက်တိုဘာလအတွင်းကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပြန်လည်အသုံးပြုတော့မှာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာခွဲစိတ်ပြီးနောက် အပေါ့စား လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့ ကာလမှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့ပေမယ့် အဆိုပါဒဏ်ရာဟာလည်း ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ (၃) ပွဲမှာ (၂) ပွဲဆက် ရှုံးနိမ့်ထားပြီး အောက်တိုဘာလအတွင်းခက်ခဲတဲ့ အသင်းတွေသာ ဆက်တိုက် ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ ယူနိုက်တက် နဲ့နည်းပြဆိုးလ်ရှားအတွက်တော့ ရက်ရှ်ဖို့ဒ်ရဲ့ သတင်းဟာ အနည်းငယ်အသက်ရှုချောင်စရာဖြစ်လို့လာခဲ့ပါတယ်။