Spots news

ဇန်နဝါရီမှာ ကာဗာနီကို အငှားဖြင့်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းမှ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူလိုနေပြီး ယူနိုက်တက် အုပ်ချုပ်ရေးအဖွဲ့ရဲ့ သဘောတူညီမှုရရှိရန် အပြင်းအထန် ကြိုးစားသွားရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဆိုးရွားတဲ့ အခြေအနေများနှင့် ရင်ဆိုင်နေရပြီး အသင်းအနေနဲ့ ရလဒ်ပိုင်း မတိုးတက်ပါက ကိုးမန်းရဲ့နေရာမှာ မာတီနက်ဇ် သို့မဟုတ် ကွင်းလယ်ကစားသမား‌ဟောင်း ဇာဗီနှင့် အစားထိုးရန် သတင်းထွက်နေပြီး နည်းပြရဲ့အနာဂတ် မရေရာသော်လည်း ဘုတ်အဖွဲ့က ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်အင်အား ဖြည့်တင်းရန် စီစဉ်ခြင်းဖြစ်ပါတယ်။

ယူနိုက်တက်သို့ ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ကာဗာနီရဲ့ ပွဲထွက်ခွင့် လျော့နည်းလာသဖြင့် ကာဗာနီကိုခေါ်ယူရန် ဘာစီလိုနာက ပစ်မှတ်ထားလာခြင်း ဖြစ်ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အတွက် ၃၉ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် ယခုရာသီမှာ ကာဗာနီဟာ လူစားလဲ ကစားသမားအဖြစ် နှစ်ကြိမ်သာ ကစားခွင့် ရရှိထားပါတယ်။

ဥရုဂွေး ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်အခက်အခဲကို ကာလတို ဖြေရှင်းပေးနိုင်မည်ဟု ဘာစီလိုနာ အသင်းအုပ်ချုပ်ရေးအဖွဲ့က ယူဆနေကြောင်း သတင်းများက ဖော်ပြထားပြီး ဘာစီလိုနာအသင်းဟာ ကာဗာနီကို ခေါ်ယူရေးအတွက် အငှားဖြင့် ဦးစွာခေါ်ယူခွင့်ရရန် ညှိနှိုင်းသွားဖွယ်ရှိပါတယ်။

အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်ရေးမှာ ယခုအချိန်နှင့် ဇန်နဝါရီအပြောင်းအရွေ့ကြား ကာဗာနီရဲ့ ယူနိုက်တက်အတွက် ကစားခွင့် မည်မျှရရှိသလဲပေါ် မူတည်နိုင်ကြောင်း သုံးသပ်ဖော်ပြမှုများရှိ နေပါတယ်။ ဆိုးရှားက ကာဗာနီနှင့် ရော်နယ်ဒိုကို တိုက်စစ်တွင် တွဲကစားရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွ ဥ႐ုေဂြးတိုက္စစ္မႉး ကာဗာနီကို ေခၚယူလိုေနၿပီး ယူနိုက္တက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ သေဘာတူညီမႈရရွိရန္ အျပင္းအထန္ ႀကိဳးစားသြားရမည္ျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

ဘာစီလိုနာအသင္းဟာ ဆိုး႐ြားတဲ့ အေျခအေနမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး အသင္းအေနနဲ႕ ရလဒ္ပိုင္း မတိုးတက္ပါက ကိုးမန္းရဲ႕ေနရာမွာ မာတီနက္ဇ္ သို႔မဟုတ္ ကြင္းလယ္ကစားသမား‌ေဟာင္း ဇာဗီႏွင့္ အစားထိုးရန္ သတင္းထြက္ေနၿပီး နည္းျပရဲ႕အနာဂတ္ မေရရာေသာ္လည္း ဘုတ္အဖြဲ႕က ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္အင္အား ျဖည့္တင္းရန္ စီစဥ္ျခင္းျဖစ္ပါတယ္။

ယူနိုက္တက္သို႔ ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ ကာဗာနီရဲ႕ ပြဲထြက္ခြင့္ ေလ်ာ့နည္းလာသျဖင့္ ကာဗာနီကိုေခၚယူရန္ ဘာစီလိုနာက ပစ္မွတ္ထားလာျခင္း ျဖစ္ပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ယူနိုက္တက္အတြက္ ၃၉ ပြဲကစားၿပီး ၁၇ ဂိုး သြင္းယူထားနိုင္ခဲ့ေပမယ့္ ယခုရာသီမွာ ကာဗာနီဟာ လူစားလဲ ကစားသမားအျဖစ္ ႏွစ္ႀကိမ္သာ ကစားခြင့္ ရရွိထားပါတယ္။

ဥ႐ုေဂြး ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္အခက္အခဲကို ကာလတို ေျဖရွင္းေပးနိုင္မည္ဟု ဘာစီလိုနာ အသင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ယူဆေနေၾကာင္း သတင္းမ်ားက ေဖာ္ျပထားၿပီး ဘာစီလိုနာအသင္းဟာ ကာဗာနီကို ေခၚယူေရးအတြက္ အငွားျဖင့္ ဦးစြာေခၚယူခြင့္ရရန္ ညွိႏွိုင္းသြားဖြယ္ရွိပါတယ္။

အဆိုပါ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ေရးမွာ ယခုအခ်ိန္ႏွင့္ ဇန္နဝါရီအေျပာင္းအေ႐ြ႕ၾကား ကာဗာနီရဲ႕ ယူနိုက္တက္အတြက္ ကစားခြင့္ မည္မွ်ရရွိသလဲေပၚ မူတည္နိုင္ေၾကာင္း သုံးသပ္ေဖာ္ျပမႈမ်ားရွိ ေနပါတယ္။ ဆိုးရွားက ကာဗာနီႏွင့္ ေရာ္နယ္ဒိုကို တိုက္စစ္တြင္ တြဲကစားရန္ ရည္႐ြယ္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။