Unicode Version
အာဆင်နယ်ရဲ့ အဓိကနောက်ခံလူ တိုမီယာဆုက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့်မငြင်းနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။ တိုမီယာဆုဟာ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှ
အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေးပေါင် (၁၆) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ တိုမီယာဆုဟာ အချိန်တိုအတွင်း အာဆင်နယ်ခံစစ်မှာ အသားကျခဲ့ပြီး အသင်းရဲ့ အဓိကဗဟိုနောက်ခံလူတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။
ဒီလိုမျိုး အာဆင်နယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပေါ်မှာ တိုမီယာဆုက “ကျွန်တော့်အတွက် အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒီတော့ သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်နေစရာအကြောင်းမရှိပါဘူး။ ကမ်းလှမ်းမှုရောက်လာချိန်မှာ ကျွန်တော်က အာဆင်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ချင်ခဲ့ပါတယ်။ ဒါကရိုးရိုးရှင်းရှင်းပါပဲ”
“ဘာလို့လဲဆိုတော့ အာဆင်နယ်ဖြစ်နေလို့ပါ။ စာချုပ်မှာလက်မှတ်မထိုးခင် နည်းပြအာတီတာနဲ့လည်း စကားပြောဖို့ အချိန်မရခဲ့သလို လိုလည်းမလိုအပ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က အာဆင်နယ်ကို လာချင်ခဲ့ပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
တိုမီယာဆုကို နည်းပြအာတီတာက ညာခြမ်းခံစစ်မှာ အသုံးပြုဖို့ ရည်ရွယ်ထားပြီး ဒီကစားသမားကတော့ ဗဟိုခံစစ်နေရာမှာလည်း ကစားနိုင်ပါတယ်။ စပါးကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ တိုမီယာဆုက စပါးတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန်အတွင်း
အာဆင်နယ် ကစားသမားတွေထဲမှာ ဘောလုံးထိချက်အများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့မှတ်တမ်းကောင်းတစ်ခုအနေနဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ တိုမီယာဆုကို တစ်ဦးချင်းဖြတ်ကျော်နိုင်တဲ့ ကစားသမားတစ်ယောက်မှမရှိသေးဘူးလို့လည်း သိရှိရပါတယ်။
Zawgyi Version
အာဆင္နယ္ရဲ႕ အဓိကေနာက္ခံလူ တိုမီယာဆုက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈကို ဘာေၾကာင့္မျငင္းနိုင္ခဲ့ဘူးဆိုတဲ့အေၾကာင္းရင္းကို ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ တိုမီယာဆုဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္ဆုံးရက္မွ
အီတလီစီးရီးေအကလပ္ ဘိုေလာ့ဂ္နာကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္ (၁၆) သန္းနဲ႕ ေျပာင္းေ႐ႊ႕လာခဲ့တာပါ။ တိုမီယာဆုဟာ အခ်ိန္တိုအတြင္း အာဆင္နယ္ခံစစ္မွာ အသားက်ခဲ့ၿပီး အသင္းရဲ႕ အဓိကဗဟိုေနာက္ခံလူတစ္ေယာက္လည္းျဖစ္လာခဲ့ပါတယ္။
ဒီလိုမ်ိဳး အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့တဲ့အေပၚမွာ တိုမီယာဆုက “ကြၽန္ေတာ့္အတြက္ အာဆင္နယ္က ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ။ ဒီေတာ့ သူတို႔ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ေနစရာအေၾကာင္းမရွိပါဘူး။ ကမ္းလွမ္းမႈေရာက္လာခ်ိန္မွာ ကြၽန္ေတာ္က အာဆင္နယ္ရဲ႕ အစိတ္အပိုင္းျဖစ္ခ်င္ခဲ့ပါတယ္။ ဒါကရိုးရိုးရွင္းရွင္းပါပဲ”
“ဘာလို႔လဲဆိုေတာ့ အာဆင္နယ္ျဖစ္ေနလို႔ပါ။ စာခ်ဳပ္မွာလက္မွတ္မထိုးခင္ နည္းျပအာတီတာနဲ႕လည္း စကားေျပာဖို႔ အခ်ိန္မရခဲ့သလို လိုလည္းမလိုအပ္ပါဘူး။ ကြၽန္ေတာ္ကိုယ္တိုင္က အာဆင္နယ္ကို လာခ်င္ခဲ့ၿပီးသားပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
တိုမီယာဆုကို နည္းျပအာတီတာက ညာျခမ္းခံစစ္မွာ အသုံးျပဳဖို႔ ရည္႐ြယ္ထားၿပီး ဒီကစားသမားကေတာ့ ဗဟိုခံစစ္ေနရာမွာလည္း ကစားနိုင္ပါတယ္။ စပါးကို ဂိုးျပတ္အနိုင္ရရွိခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ တိုမီယာဆုက စပါးတိုက္စစ္ကို အေကာင္းဆုံးထိန္းခ်ဳပ္နိုင္ခဲ့ၿပီး ပြဲခ်ိန္အတြင္း
အာဆင္နယ္ ကစားသမားေတြထဲမွာ ေဘာလုံးထိခ်က္အမ်ားဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ထူးျခားတဲ့မွတ္တမ္းေကာင္းတစ္ခုအေနနဲ႕ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ တိုမီယာဆုကို တစ္ဦးခ်င္းျဖတ္ေက်ာ္နိုင္တဲ့ ကစားသမားတစ္ေယာက္မွမရွိေသးဘူးလို႔လည္း သိရွိရပါတယ္။