Spots news

ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပေမယ့် တပည့်ဟောင်းကို ချီးကျူးသွားခဲ့တဲ့ ဂွာဒီယိုလာ

Unicode Version

လီယွန်နယ် မက်ဆီဟာ ယမန်နေ့ညက မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုး သွင်းယူခဲ့ပြီး ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မက်ဆီဟာ မန်စီးတီးရဲ့ ရှုံးပွဲကို ရစေခဲ့ပေမဲ့ ဂွါဒီယိုလာကတော့ ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ကောင်းမွန်ခြင်း အများအပြားကို ရယူခဲ့ပါတယ်။

ဂွါဒီယိုလာက မက်ဆီကို ၁ပွဲလုံးထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက “မက်ဆီရဲ့ဂိုးက အရမ်းကောင်းပါတယ်။ ပွဲချိန်မိနစ်၉၀လုံး မက်ဆီကို ထိန်းဖို့ မဖြစ်နိုင်ဘူဆိုတာ သိပေမဲ့ သူ ဘောလုံးသိပ်ထိခဲ့တာ မဟုတ်ပါဘူး။

သူ ပြေးလာပြီး ဧရိယာနား ရောက်လာရင် ထိန်းချုပ်လို့ မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲ့ဒါကို သိပြီးသားဖြစ်ပြီး သူတို့လို အရည်အချင်းနဲ့ ကစားသမားတွေကို မိနစ်၉၀လုံး ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“ကျွန်တော့်အတွက် တစ်ခုတည်းသော ရွေးချယ်စရာက မိနစ်၉၀လုံး ခံစစ်ကစားပြီး ဘောလုံးလုယူဖို့ပါ။ ကျွန်တော်တို့ အဲ့ဒီလို ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေ ပိုရှေ့တက်လိုက်တာနဲ့ ဒီတိုက်စစ်မှူးတွေက ဘယ်လို အရည်အချင်းတွေ ရှိပြီး ဘောလုံးပျက်သွားရင် ဘာဖြစ်မယ်ဆိုတာ တွေးထားကြပါတယ်”လို့ ပြောခဲ့ပါတယ်။

မက်ဆီကတော့ “ကျွန်တော် ခုတစ်လော သိပ်ပြီး မကစားရပဲ ဒါကဒီကွင်းထဲမှာ ကျွန်တော် ကစားခဲ့တဲ့ ဒုတိယမြောက် ပွဲစဉ်ပါ။ ကျွန်တော် အသင်းသစ်မှာ အသားကျဖို့ ကြိုးစားနေဆဲပါ။ အတူတကွ ကစားတာ များလာမှ အချိတ်အဆက်တွေ ပိုကောင်းလာမှာပါ။

ကျွန်တော်တို့ အတူတကွ တိုးတက်ဖို့ လိုတယ်ဆိုတာ သိပြီး အကောင်းဆုံး ပေးဆပ်ဖို့ပဲ လိုပါတယ်။ စီးတီးက ကြီးမားတဲ့ ပြိုင်ဘက်ပါ။ ဘရူဂျက်နဲ့ သရေကျအပြီး ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ အလွန်အရေးကြီးခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Zawgyi Version

လီယြန္နယ္ မက္ဆီဟာ ယမန္ေန႕ညက မန္စီးတီးနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးဂိုး သြင္းယူခဲ့ၿပီး ဂြါဒီယိုလာက ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ မက္ဆီဟာ မန္စီးတီးရဲ႕ ရႈံးပြဲကို ရေစခဲ့ေပမဲ့ ဂြါဒီယိုလာကေတာ့ ၂ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္က ေကာင္းမြန္ျခင္း အမ်ားအျပားကို ရယူခဲ့ပါတယ္။

ဂြါဒီယိုလာက မက္ဆီကို ၁ပြဲလုံးထိန္းခ်ဳပ္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူးလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ ဂြါဒီယိုလာက “မက္ဆီရဲ႕ဂိုးက အရမ္းေကာင္းပါတယ္။ ပြဲခ်ိန္မိနစ္၉၀လုံး မက္ဆီကို ထိန္းဖို႔ မျဖစ္နိုင္ဘူဆိုတာ သိေပမဲ့ သူ ေဘာလုံးသိပ္ထိခဲ့တာ မဟုတ္ပါဘူး။

သူ ေျပးလာၿပီး ဧရိယာနား ေရာက္လာရင္ ထိန္းခ်ဳပ္လို႔ မရဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ အဲ့ဒါကို သိၿပီးသားျဖစ္ၿပီး သူတို႔လို အရည္အခ်င္းနဲ႕ ကစားသမားေတြကို မိနစ္၉၀လုံး ထိန္းခ်ဳပ္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး”

“ကြၽန္ေတာ့္အတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာက မိနစ္၉၀လုံး ခံစစ္ကစားၿပီး ေဘာလုံးလုယူဖို႔ပါ။ ကြၽန္ေတာ္တို႔ အဲ့ဒီလို ကစားနိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြ ပိုေရွ႕တက္လိုက္တာနဲ႕ ဒီတိုက္စစ္မႉးေတြက ဘယ္လို အရည္အခ်င္းေတြ ရွိၿပီး ေဘာလုံးပ်က္သြားရင္ ဘာျဖစ္မယ္ဆိုတာ ေတြးထားၾကပါတယ္”လို႔ ေျပာခဲ့ပါတယ္။

မက္ဆီကေတာ့ “ကြၽန္ေတာ္ ခုတစ္ေလာ သိပ္ၿပီး မကစားရပဲ ဒါကဒီကြင္းထဲမွာ ကြၽန္ေတာ္ ကစားခဲ့တဲ့ ဒုတိယေျမာက္ ပြဲစဥ္ပါ။ ကြၽန္ေတာ္ အသင္းသစ္မွာ အသားက်ဖိဳ႕ ႀကိဳးစားေနဆဲပါ။ အတူတကြ ကစားတာ မ်ားလာမွ အခ်ိတ္အဆက္ေတြ ပိုေကာင္းလာမွာပါ။

ကြၽန္ေတာ္တို႔ အတူတကြ တိုးတက္ဖို႔ လိုတယ္ဆိုတာ သိၿပီး အေကာင္းဆုံး ေပးဆပ္ဖို႔ပဲ လိုပါတယ္။ စီးတီးက ႀကီးမားတဲ့ ၿပိဳင္ဘက္ပါ။ ဘ႐ူဂ်က္နဲ႕ သေရက်အၿပီး ကြၽန္ေတာ္တို႔ ဒီပြဲကို နိုင္ဖို႔ အလြန္အေရးႀကီးခဲ့ပါတယ္။ ဂိုးသြင္းနိုင္ခဲ့လို႔ ကြၽန္ေတာ္ ေပ်ာ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။