Spots news

ဒေါ့မွန်ကြယ်ပွင့် ဟာလန်းနဲ့ မန်ယူကြယ်ပွင့် မာရှယ်တို့ အလဲအထပ်ပြုလုပ်ဖွယ်ရှိ

Unicode Version

ဒေါ့မွန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပအသင်းကြီးများ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို လက်လွှတ်ရပါက ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မာရှယ်နဲ့ ပြန်လည်အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက လာမယ့်ဇွန်လမှာ ပေါင် ၇၇ သန်းအထိ လျော့ကျမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတဲ့ ဥရောပကလပ်အသင်း များစွာရှိနေပါတယ်။ ဒီရာသီ ဘွန်ဒက်လီဂါမှာ ၅ ပွဲကစားအပြီး ၇ ဂိုးအထိ ရရှိထားသလို ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၁ ဂိုးအထိ ဟာလန်းက သွင်းယူထားပြီး ဖြစ်ပါတယ်။

၂၁ နှစ်အရွယ် အထောင်တိုက်စစ်မှူး ဟာလန်းကို ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူးအပြင် ပီအက်စ်ဂျီအသင်းတို့ကပါ အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်လို့ လာမယ့် ရာသီအကုန်မှာ ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို လက်လွတ်ရဖို့ သေချာသလောက် ရှိနေပါတယ်။

ထို့ကြောင့် ဒေါ့မွန်အသင်းရဲ့ ကင်းထောက်တွေဟာ ဟာလန်းရဲ့နေရာကို အစားထိုးဖို့အတွက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း 90 Min သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မာရှယ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သူ့ရဲ့ ဘောလုံးစွမ်းရည် ပြည့်ဝမှုကြောင့် ယူနိုက်တက်အသင်းဟာ မာရှယ်ကို  အငှားကြေး ယူရို ၂သန်း + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိသာ ရရင် မာရှယ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာလဲ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူချင်နေသလို ဒေါ့မွန်အသင်းကလည်း မာရှယ်ကို ခေါ်ယူချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ် + ယူရို ၄၀သန်း ဝန်းကျင်နဲ့ ဟာလန်းအတွက် ပထမဦးဆုံး ကမ်းလှမ်းမှုကို ပြုလုပ်ဖွယ် ရှိကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဥေရာပအသင္းႀကီးမ်ား အၿပိဳင္အဆိုင္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေတာ့မယ့္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟာလန္းကို လက္လႊတ္ရပါက ဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းတစ္သင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မာရွယ္နဲ႕ ျပန္လည္အစားထိုးဖို႔ ပစ္မွတ္ထားေနပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္မႉး ဟာလန္းရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက လာမယ့္ဇြန္လမွာ ေပါင္ ၇၇ သန္းအထိ ေလ်ာ့က်မွာျဖစ္ၿပီး သူ႕ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတဲ့ ဥေရာပကလပ္အသင္း မ်ားစြာရွိေနပါတယ္။ ဒီရာသီ ဘြန္ဒက္လီဂါမွာ ၅ ပြဲကစားအၿပီး ၇ ဂိုးအထိ ရရွိထားသလို ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁၁ ဂိုးအထိ ဟာလန္းက သြင္းယူထားၿပီး ျဖစ္ပါတယ္။

၂၁ ႏွစ္အ႐ြယ္ အေထာင္တိုက္စစ္မႉး ဟာလန္းကို ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူနိုက္တက္ ၊ မန္ခ်က္စတာ စီးတီး ၊ လီဗာပူးအျပင္ ပီအက္စ္ဂ်ီအသင္းတို႔ကပါ အၿပိဳင္အဆိုင္ ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဟာလန္းရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလာနဲ႕ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတာ ျဖစ္လို႔ လာမယ့္ ရာသီအကုန္မွာ ေဒါ့မြန္အသင္းအေနနဲ႕ ဟာလန္းကို လက္လြတ္ရဖို႔ ေသခ်ာသေလာက္ ရွိေနပါတယ္။

ထို႔ေၾကာင့္ ေဒါ့မြန္အသင္းရဲ႕ ကင္းေထာက္ေတြဟာ ဟာလန္းရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ပုံမွန္ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မာရွယ္ကို သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမား အျဖစ္ သတ္မွတ္ထားေၾကာင္း 90 Min သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

မာရွယ္ဟာ ယူနိုက္တက္အသင္းနဲ႕ ၂၀၂၄ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနၿပီး သူ႕ရဲ႕ ေဘာလုံးစြမ္းရည္ ျပည့္ဝမႈေၾကာင့္ ယူနိုက္တက္အသင္းဟာ မာရွယ္ကို  အငွားေၾကး ယူရို ၂သန္း + ရာသီကုန္မွာ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀ သန္းနဲ႕ မျဖစ္မေန အၿပီးသတ္ ေခၚယူပါ့မယ္ ဆိုတဲ့ ကတိသာ ရရင္ မာရွယ္ကို လက္လႊတ္ဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္းဟာလဲ ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္မႉး ဟာလန္းကို ေခၚယူခ်င္ေနသလို ေဒါ့မြန္အသင္းကလည္း မာရွယ္ကို ေခၚယူခ်င္ေနတာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ မာရွယ္ + ယူရို ၄၀သန္း ဝန္းက်င္နဲ႕ ဟာလန္းအတြက္ ပထမဦးဆုံး ကမ္းလွမ္းမႈကို ျပဳလုပ္ဖြယ္ ရွိေၾကာင္း ဂ်ာမန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။