Spots news

ယူနိုက်တက်ရဲ့ ပင်နယ်တီတွေကို ယုံကြည်မှုရှိရှိ ကန်သွင်းပေးဦးမယ်လို့ ဘရူနိုဖာနန်ဒက်စ်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အက်စတွန် ဗီလာအသင်းနှင့်ပွဲမှာ အရေးပါတဲ့ ပယ်နယ်တီ လွဲချော်ခဲ့ ပေမယ့် စိုးရိမ်မှုနှင့် ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ပယ်နယ်တီ ဆက်ကန်သွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ စနေနေ့က ပရီးမီး ယားလိဂ်ပွဲစဉ် ၆ အဖြစ် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၈၈ မိနစ်မှာ ဗီလာရဲ့ ဦးဆောင်ဂိုးသွင်းယူမှုခံခဲ့ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပယ်နယ်တီကန်ခွင့် ပြရရှိခဲ့‌ပေမယ့် ဘရူနိုဖာနန်ဒက်စ်သွင်းယူရာ

ဂိုးဘားပေါ်ကျော်သွားတဲ့ အတွက် ယခုရာသီအတွက် ပထမဆုံး အမှတ်ပေးပွဲရှုံးနိမ့်မှု ရင်ဆိုင်ခဲ့ရသလို ဘရူနို ဖာနန်ဒက်စ် အတွက်လည်း ယူနိုက်တက်အသင်းကစားသမား ဘဝ ၂၃ ကြိမ်မြောက် ပယ်နယ်တီကန်ရာတွင် ဒုတိယအကြိမ် လွဲချော်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲရလဒ်ကို ပြောင်းလဲစေနိုင်မယ့် ပင်နယ်တီ လွဲချော်မှုနဲ့ ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က “ယူနိုက်တက်ကို စရောက်တဲ့နေ့ကတည်းက ကျွန်တော့်ကိုပေးအပ်ထားတဲ့ တာဝန်ကို နောက်တစ်ကြိမ်ယူသွားဦးမှာပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် စိုးရိမ်မှု၊ ကြောက်ရွံ့မှု လုံးဝမရှိဘဲ ထပ်ပြီးကန်သွားမှာပါ။ ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ခင်ဗျားတို့အားလုံးရဲ့

အားပေးမှုတွေကို ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ကျွန်တော့်နာမည်ခေါ်ပြီး အားပေးနေတာကို ကြားရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပိုကြံ့ခိုင်သန်မာတဲ့ပုံစံနဲ့ ကျွန်တော်ပြန်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ကျွန်တော်ကိုယ်တိုင်သတ်မှတ်ထားတဲ့ စံနှုန်းတွေ ဖြစ်လို့ပါ” ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား ရူနိုဖာနန်ဒက်စ်ဟာ ကစားသမား ဘဝတစ်လျှောက် ပယ်နယ်တီမှတ်တမ်းကောင်း ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ကလပ်အသင်းကစားသမားဘဝမှာ စုစုပေါင်း ၄၃ ကြိမ်ကန်သွင်းရာ ၃၉ ကြိမ် ဂိုးဝင် ပြီး ၉၀ ဒသမ ၇ ရာခိုင်နှုန်း အောင်မြင်မှုရရှိ ထားကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္က အက္စတြန္ ဗီလာအသင္းႏွင့္ပြဲမွာ အေရးပါတဲ့ ပယ္နယ္တီ လြဲေခ်ာ္ခဲ့ ေပမယ့္ စိုးရိမ္မႈႏွင့္ ေၾကာက္႐ြံ႕ျခင္းကင္းစြာျဖင့္ ပယ္နယ္တီ ဆက္ကန္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ စေနေန႕က ပရီးမီး ယားလိဂ္ပြဲစဥ္ ၆ အျဖစ္ ဗီလာအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရာ ၈၈ မိနစ္မွာ ဗီလာရဲ႕ ဦးေဆာင္ဂိုးသြင္းယူမႈခံခဲ့ရၿပီး ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ပယ္နယ္တီကန္ခြင့္ ျပရရွိခဲ့‌ေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္သြင္းယူရာ

ဂိုးဘားေပၚေက်ာ္သြားတဲ့ အတြက္ ယခုရာသီအတြက္ ပထမဆုံး အမွတ္ေပးပြဲရႈံးနိမ့္မႈ ရင္ဆိုင္ခဲ့ရသလို ဘ႐ူနို ဖာနန္ဒက္စ္ အတြက္လည္း ယူနိုက္တက္အသင္းကစားသမား ဘဝ ၂၃ ႀကိမ္ေျမာက္ ပယ္နယ္တီကန္ရာတြင္ ဒုတိယအႀကိမ္ လြဲေခ်ာ္မႈအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပြဲရလဒ္ကို ေျပာင္းလဲေစနိုင္မယ့္ ပင္နယ္တီ လြဲေခ်ာ္မႈနဲ႕ ပတ္သက္ၿပီး ဘ႐ူနိုဖာနန္ဒက္စ္က “ယူနိုက္တက္ကို စေရာက္တဲ့ေန႕ကတည္းက ကြၽန္ေတာ့္ကိုေပးအပ္ထားတဲ့ တာဝန္ကို ေနာက္တစ္ႀကိမ္ယူသြားဦးမွာပါ။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ စိုးရိမ္မႈ၊ ေၾကာက္႐ြံ႕မႈ လုံးဝမရွိဘဲ ထပ္ၿပီးကန္သြားမွာပါ။ ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာ ခင္ဗ်ားတို႔အားလုံးရဲ႕

အားေပးမႈေတြကို ေက်းဇူးတင္ပါတယ္။ ကြင္းထဲမွာ ကြၽန္ေတာ့္နာမည္ေခၚၿပီး အားေပးေနတာကို ၾကားရတာ အရမ္းစိတ္လႈပ္ရွားမိပါတယ္။ ပိုႀကံ့ခိုင္သန္မာတဲ့ပုံစံနဲ႕ ကြၽန္ေတာ္ျပန္လာမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါေတြက ကြၽန္ေတာ္ကိုယ္တိုင္သတ္မွတ္ထားတဲ့ စံႏႈန္းေတြ ျဖစ္လို႔ပါ” ဟု Twitter မွတစ္ဆင့္ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ႐ူနိုဖာနန္ဒက္စ္ဟာ ကစားသမား ဘဝတစ္ေလွ်ာက္ ပယ္နယ္တီမွတ္တမ္းေကာင္း ပိုင္ဆိုင္ထားဆဲျဖစ္ၿပီး ကလပ္အသင္းကစားသမားဘဝမွာ စုစုေပါင္း ၄၃ ႀကိမ္ကန္သြင္းရာ ၃၉ ႀကိမ္ ဂိုးဝင္ ၿပီး ၉၀ ဒသမ ၇ ရာခိုင္ႏႈန္း ေအာင္ျမင္မႈရရွိ ထားေၾကာင္း သိရပါတယ္။